Channel Myanmar

Cheng Yu-Chieh

The Pig, the Snake and the Pigeon ( 2024 ) 6.1
The Pig, the Snake and the Pigeon ( 2024 ) ဒီတစ်ခါ CM ကနေထိုင်ဝမ်မှုခင်းဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်တဲ့ The pig, The snake and the pigeon ဆိုတဲ့ ကားလေးနဲ့တင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းအကြောင်းကတော့ ရက်စက်ကြမ်းကြုတ်တဲ့ ချန်ကွေလင်ဆိုတဲ့လူက တစ်လောကလုံးသူ့နာမည်ကို ဘယ်သူမှမသိတဲ့လူမရှိအောင် ဖြစ်ချင်တဲ့လူတစ်ယောက်ပေါ့။ဒါကြောင့်ပဲ လူဆိုးဂိုဏ်းခေါင်းဆောင်တွေကိုသတ်ဖြတ် ပစ်ခတ်တဲ့အလုပ်ကိုလုပ်တယ်။ တနေ့မှာ ဆေးစစ်လိုက်ပြီးနောက် အဆုတ်ကင်ဆာ အဆင့်လေးရှိနေတာကိုသိသွားတဲ့အချိန် သူ့ဘဝမှာ သိက္ခာရှိရှိနာမည်ကျန်စေမယ့် အလုပ်တစ်ခုကိုမသေခင်မှာ လုပ်သွားဖို့ဆုံးဖြတ်လိုက်တယ်။ဒီတော့ သူအလုပ်ချင်ဆုံးကဘာများဖြစ်နေမလဲ။ ဘယ်လိုတွေပတ်သက်ဆက်နွယ်နေကြလဲစတဲ့ စိတ်ဝင်စားကောင်းတဲ့ဇာတ်လမ်းတွေအပြင် ထိုင်ဝမ်လေသံကိုပါ လေ့လာရတာမို့ လက်မလွတ်သင့်တဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 2h 14 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

The Pig, the Snake and the Pigeon ( 2024 )

Mama Boy (2022) 6.5
Mama Boy (2022) Mama Boy (2022)ရှောင်ဟုံဆိုတဲ့ကောင်လေး (တကယ်တော့ကောင်ကြီး)က အသက်သာ ၃၀ ကျော်တယ်၊ ဆေးပေးမီးယူ ကူဖော်လောင်ဖက် တစ်ယောက်မှမရှိ‌သေးတဲ့ ကောင်လေးတစ်‌ယောက်။ရုပ်ချောပေမဲ့ ဘာဆို ဘာမှမဘာဖူးတဲ့ ဒီကောင်လေးရဲ့ဘဝမှာ "မ" ဆိုလို့ အမေနဲ့ပဲရှိနေခဲ့တဲ့ မေမေ့အချစ်တော် မာမားဘွိုင်းလေးပေါ့။ဒီလိုမာမားဘွိုင်းလေးရဲ့ အသက် ၃၀ ပြည့်မွေးနေ့မှာ သူ့ဝမ်းကွဲအစ်ကိုရဲ့ မွေးနေ့လက်ဆောင်အမည်ခံ ညဉ့်ငှက်မယ်တွေနဲ့ပျော်ပါးဖို့ တွန်းတိုက်မှုကြောင့် ဟိုတယ်ကိုရောက်လာချိန်မှာတော့ ရှောင်ဟုံရဲ့ဘဝထဲကို အစ်မလဲ့လဲ့ဆိုတဲ့ ဟိုတယ်က တစ်ခုလပ် Single mother မမကြီး ရောက်ရှိလို့လာပါတော့တယ်။ဒီလိုမျိုး ရိုးသားတဲ့ဖိုးသခွား ရှောင်ဟုံတစ်ယောက် အစ်မလဲ့လဲ့ကို မေမေ့အထိန်းအချုပ်အောက်က‌နေ ဘယ်လိုချဉ်းကပ်သွားမလဲ?"You Are the Apple of My Eye " ဇာတ်ကားထဲက အချစ်ဦးနဲ့ဝေးခဲ့သူ မင်းသားချောလေး Kai Ko တစ်ယောက် ရှောင်ဟုံဇာတ်ကောင်နဲ့ရော အချစ်ဦးနဲ့ နီးစပ်နိုင်ပါ့မလား?。。。IMDb 6.4 ရထားတဲ့ ဒီငြိမ့်ငြိမ့်ညောင်းညောင်း ထိုင်ဝမ်အချစ်ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ...
movie

Mama Boy (2022)

2022