Channel Myanmar

Chevy Chase

Glisten and the Merry Mission (2023)
Glisten and the Merry Mission (2023) Glisten and the Merry Mission (2023) ============================ IMDb Rating - 6.5/10CM ပရိသတ်ကြီးအတွက် Christmas ရာသီရဲ့ latest animation ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ ခံယူချက်တွေ၊ ယုံကြည်သက်ဝင်မှုတွေကပဲ အဖြေရှာပေးသွားပြီး ဘဝအမောတွေကို ပြေစေမဲ့ ဇာတ်လမ်းကောင်းလေးပေါ့။ကဲ ဇာတ်လမ်းလေးကတော့ ဒီလိုပါ။ ခရစ်စမတ်နေ့မှာ ဆန်တာကြီးကနေ ကလေးတွေကို လက်ဆောင်ပေး နိုင်ဖို့အတွက် အရုပ်လေးတွေကို ဖန်တီးပေးရတဲ့ နတ်သူငယ်လေးတွေ နေထိုင်တဲ့ ရွာလေးတစ်ရွာရှိပါတယ်။ မာဇီပန်ကတော့ အဲဒီရွာမှာ နေထိုင် တဲ့ နတ်သူငယ်မလေးတစ်ယောက်ပါ။ မာဇီပန်ရဲ့ အမေဖြစ်သူကတော့ အရုပ်ထုပ်လုပ်ရေးအလုပ်ရုံရဲ့ လက်ထောက်မန်နေဂျာတစ်ယောက်ဖြစ်ပြီး သမားရိုးကျအတိုင်း သွားနေတဲ့ အလုပ်ရုံကြောင့် အရုပ်တွေ လုံ‌လုံလောက် လောက် မထုတ်နိုင်မှာကို အမြဲစိုးရိမ်နေတတ်ပါတယ်။တစ်ရက်မှာတော့ စက်ချို့ယွင်းမှုကြောင့် အရုပ်စာရင်းတွေ အဆမတန် တက်လာခဲ့ပြီး မာဇီပန့်အမေပြောခဲ့တဲ့အတိုင်း နတ်သူငယ်တို့ ဒုက္ခလှလှနဲ့ တွေ့လာကြတာပေါ့။ ဆိုတော့ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် သူတို့တွေ စစ်ဆင်ရေးတစ်ခုကို ဆွဲလိုက်ကြပါတယ်။ အဲဒီစစ်ဆင်ရေးရဲ့ နာမည်ကတော့ "Merry Mission" ပါတဲ့။ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ပွဲထွက်လာတာမို့ ကလေးလူကြီးမရွေး နှစ်သက်ကြမဲ့ ...
movie

Glisten and the Merry Mission (2023)

2023
Zombie Town (2023) 4.2
Zombie Town (2023) Zombie Town (2023) ================ဇွန်ဘီရုပ်ရှင်တွေကြည့်ရင်း ဇွန်ဘီတကယ်ဖြစ်သွားခဲ့ရင်လို့ တွေးမိဖူးပါသလား။ ဒီဇာတ်လမ်းမှာတော့ ဇွန်ဘီရုပ်ရှင်တွေကို စွဲလမ်းသူတွေနေထိုင်ရာ မြို့လေးဟာ တစ်မြို့လုံးနီးပါး ဇွန်ဘီဖြစ်သွားခဲ့တာပါ။ဇာတ်လမ်းအကျဉ်း - ကာဗာဗေးလ်ဆိုတာဟာ နာမည်‌ကျော် Horror ရုပ်ရှင်ဒါရိုက်တာကြီး လန်ကာဗာ နေထိုင်ရာ မြိုလေးပါ။ မြို့နာမည်ကို ဒါရိုက်တာနာမည်နဲ့ အစွဲပြုမှည့်ခေါ်ထားတဲ့ အထိတစ်မြို့လုံးက Horror နဲ့ Zombie fan တွေ ဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ကူး ရေးက အနားယူထားတဲ့ ကာဗာတစ်ယောက် နှစ်ပေါင်းများစွာကြာမှ ရုပ်ရှင်တစ် ကားကိုတဖန်ပွဲထုတ်ဖို့ ဖြစ်လာပါတယ်။ အဲဒီသတင်းကြောင့် ရုပ်ရှင်ပထမဆုံးပွဲ ကိုကြည့်ဖို့တာဆူနေတဲ့ မြို့နေလူထုက အုန်းအုန်းကြွပ်ကြွပ်ပေါ့။အဲဒီရုပ်ရှင်ပွဲဦးထွက်ပြမယ့်နေ့ မတိုင်ခင် ညဘက်မှာတော့ ရုပ်ရှင်ရုံအချိန်ပိုင်၀န် ထမ်း ကျောင်းသားလေး မိုက်ခ် ဟာ သူချစ်တဲ့ကောင်မလေး အေမီကြောင့် ကာ ဗာရဲ့ရုပ်ရှင်သစ်ကို ဖွင့်ကြည့်ရဖို့ ဖြစ်လာပါတယ်။ သူတိုနှစ်ဦးအကျအန နေရာယူ ပြီး ရုပ်ရှင်ဖလင်ကို စလည်ပတ်စေတဲ့အခါမှာတော့ တစ်မြိုလုံးကို ခြောက်ခြားဖွယ် ပြောင်းလဲသွားစေခဲ့ပါတယ်။ အဲဒီလိုနဲ့ ဇွန်ဘီဖန်မြို့နေလူထု ဘာတွေဖြစ်ကုန်မလဲ၊ တစ်မြို့လုံး ဘယ်လိုပြောင်းလဲသွားမလဲ၊ မှော်ဆန်ဆန် အဖြစ်အပျက်တွေကို ပြန်ပြု ပြင်နိုင်ပါဦးမလားဆိုတာကို သည်းထိတ်ရင်ဖိုခံစားမှုသာမက ဟာသ‌နဲ့ ...
movie

Zombie Town (2023)

2023
Hot Tub Time Machine 2 (2015) 5.0
Hot Tub Time Machine 2 (2015)  ကြမ်းတမ်းတဲ့အသုံးအနှုံးတွေနဲ့ ဇာတ်ဝင်ခန်းတွေပါဝင်တာကြောင့် အသက် ၁၈ နှစ်အောက် ကလေးတွေတော့ မကြည့်ရှုသင့်ပါဘူး။ 2010 ကထွက်ခဲ့တဲ့ HTTM ရဲ့အဆက်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လု ဒေါ်ချန်တစ်ယောက်ပါတီပွဲပေးနေရင်း သေနတ်နဲ့အပစ်ခံလိုက်ရတာကြောင့် သူ့ရဲ့သားဖြစ်သူ ဂျေကော့၊ သူငယ်ချင်းဖြစ်သူ နစ်ခ် ဝက်ဘာတို့က လုကို ရေပူကန်ထဲခေါ်ပြီး အတိတ်ကိုပြန်သွားရင်း ဒီဖြစ်ရပ်ကြီးဖြစ်မလာအောင်တားဆီးဖို့လုပ်ကြပါတယ်။ ဖြစ်ချင်တော့ သူတို့ ရောက်သွားတာက အတိတ်ကာလမဟုတ်ပဲ အနာဂတ်ကာလကို ‌ဆယ်နှစ်တောင်ကြိုပြီးရောက်သွားတာပါ။ ဒီလိုနဲ့ ငရှုပ်သုံးယောက် လုကိုပစ်သွားတဲ့ သေနတ်သမားကို လူသတ်မှုမကျူးလွန်ခင်ရှာတွေ့နိုင်မှာလား၊ အနာဂတ်မှာရော ဘယ်လိုတွေပတ်ပြီး ရှုပ်ကြ၊ မွှေကြ၊ ပွေကြဦးမလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။File size…(1.8 GB)/(1 GB)Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie

Hot Tub Time Machine 2 (2015)

Hot Tub Time Machine (2010) 6.4
Hot Tub Time Machine (2010) လတ်တလောလေးကတင် ကောင်မလေးထားသွားတာကို ခံထားရတဲ့ အဒမ်၊ ဝင်ငွေမကောင်းတဲ့ အလုပ်ကိုလုပ်နေရပြီး မိန်းမကလည်းဖောက်ပြန်နေတဲ့ နစ်ခ်နဲ့ အရက်ဂျိုး လုဆိုတဲ့ အရှုံးသမားသူငယ်ချင်းသုံးယောက်ရှိပါတယ်။ တစ်‌နေ့မှာ လုက သူ့ကိုယ်သူအဆုံးစီရင်ဖို့လုပ်ရင်းနဲ့ ဆေးရုံရောက်သွားပြီး မိသားစုမရှိတဲ့ လုအတွက်တော့ သူ့ကိုစောင့်ကြည့်ပေးဖို့က တခြားသူငယ်ချင်းနှစ်ယောက်ရဲ့ တာဝန်ဖြစ်သွားခဲ့ပါတယ်။ လု အတွက်ပိတ်ရက်ခရီးထွက်ပေးဖို့ စီစဉ်ကြရင်း သူတို့လူငယ်ဘဝက ကဲခဲ့ကြတဲ့ ကိုဒီအက် ဗယ်လီ နှင်းလျောစီးစခန်းကို သူတို့သူငယ်ချင်း သုံးယောက်နဲ့အတူ အဒမ်ရဲ့တူလေးဖြစ်သူ ဂိမ်းဂျပိုး ဂျေကော့ပါလိုက်လာခဲ့ပါတယ်။ဒီလိုနဲ့ ဟိုတယ်မှာသောက်ကြရင်းနဲ့ သူတို့စိမ်နေကြတဲ့ ရေပူကန်ရဲ့ ခလုတ်ခုံပေါ်ကို အချိုရည်ဖိတ်ချသွားတာ‌ေကြာင့် အချိန်ခရီးသွားနိုင်တဲ့ ကန်ဖြစ်သွားခဲ့ပြီး အတိတ်ကိုပြန်ရောက်သွားကြပါတယ်။ ဖြစ်ချင်တော့ သူတို့ကံဆိုးခဲ့ကြတဲ့ 1986 ခုနှစ် ဆောင်းရာသီပွဲတော်ကိုရောက်သွားခဲ့ကြပါ။ အဒမ်တို့သာ အတိတ်မှာလုပ်ခဲ့သလိုမျိုးအတိအကျမလုပ်ရင် အနာဂတ်ကအရာတွေလည်း ဗြောင်းဆန်အောင် ပြောင်းလဲသွားနိုင်ချေရှိတာမလို့ အတိတ်ကအတိုင်းဖြစ်အောင်လုပ်ပြီး ဂျေကော့မွေးလာတာသေချာအောင် လုပ်ကြရင်း အနာဂတ်ကိုပြန်ဖို့လုပ်တဲ့အခါ ဘယ်လိုတလွဲတွေဖြစ်လာမလဲ၊ အတိတ်ဆိုတာပြင်ချင်တိုင်းရောပြင်လို့ရရဲ့လား၊ သူတို့ရော ပစ္စပ္ပုန်ကာလကို ပြန်သွားနိုင်မလားဆိုတာကို ...
movie

Hot Tub Time Machine (2010)

Zoom (2006)
Zoom (2006) Zoom (2006)ဒီတစ်ခါမိတ်ဆက်​ပေးမယ့် ကား​လေးက​တော့ Facebook Short Clip ​လေး​တွေမှာ ခဏခဏ​တွေ့​​နေရ​လေ့ရှိပြီး ကျွန်တော်တို့တွေ ငယ်ငယ်က ကြည့်ဖူးလောက်ကြမယ့် စူပါဟီးရိုးဇာတ်လမ်း​လေးဖြစ်တဲ့ Zoom ပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~အတိတ်က ဂမ်မာ​ရောင်ခြည်စမ်းသပ်မှုမှာ ဇီးနစ်အဖွဲ့ဝင်လည်းဖြစ် အစ်ကိုလည်းဖြစ်သူ ကွန်ကားရှင်းတစ်​ယောက် စိတ်ရိုင်းဝင်သွားတာကို တိုက်ခိုက်ရင်း စွမ်းအင်​ပျောက်သွားတဲ့ ဟီးရိုး ဇွန်းမ် တစ်​ယောက် ဂျက်အဖြစ် သာမန်လူအနေနဲ့ အလုပ်လုပ်ရင်း ဇာတ်မြုပ်​နေရာက​နေ ​ကွန်းကားရှင်းတစ်​ယောက် ကမ္ဘာ​မြေဆီ နှစ် ၃၀​လောက် အကြာမှ ပြန်​ပေါ်လာမယ်လို့ ​ခြေရာခံမိသွားချိန်မှာ သူနဲ့ ယှဥ်ဖို့ စွမ်းအားသစ်ပိုင်ရှင် က​​​လေး​တွေနဲ့ ဖွဲ့ထားတဲ့ အဖွဲ့သစ်ကို ​လေ့ကျင့်​ပေးဖို့ တာဝန်ကျလာတဲ့အခါ...အဖွဲ့ဝင်သစ်​တွေနဲ့ ဘယ်လိုအခက်အခဲ​တွေ ရင်ဆိုင်ရမလဲ... ​နောက်ဆုံး ​အောင်မြင်မှုရရှိခဲ့လားဆိုတာကိုကြည့်ရမယ့် ဟာသ စူပါးဟီးရိုးကား​လေး တစ်ကားပဲဖြစ်ပါတယ်။ရုပ်ရှင်ပရိသတ်တိုင်းနဲ့ မကင်းတဲ့ Toy Story ကား‌တွေထဲက Buzz Lightyear အသံသရုပ်ဆောင် Tim ...
movie

Zoom (2006)

2006
Last Action Hero (1993)
Last Action Hero (1993) IMDB 6.4/10 ရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသားကြီးအာနိုးလို့ချစ်စနိုးခေါ်ကြတဲ့ Arnold Schwarzeneggerရဲ့ ၁၉၉၃ ခုနှစ်က Action/Fantacy/Comedy ကားလေးပဲဖြစ်ပါတယ်.. တကယ်လို့ ပရိသတ်တစ်ယောက်အနေနဲ့ ကိုယ်ကြိုက်တဲ့ဟီးရိုးရဲ့ရုပ်ရှင်ကားထဲ ကိုယ်ကိုယ်တိုင် ပါဝင်ခွင့်ရခဲ့မယ်ဆိုရင်.. ဇာတ်လမ်းအကျဉ်း ဒန်နီမက်တီဂန်ဆိုတဲ့ ကောင်လေးက ဂျက်စလေ့တာဆိုတဲ့ ဟီးရိုးဇာတ်ကောင်ကို အလွန်အမင်း ကြိုက်နှစ်သက်ပြီး အရူးအမူးဖြစ်သူပါ.. တစ်နေ့မှာတော့ သူသွားကြည့်နေကျ ရုပ်ရှင်ရုံက နစ်ခ်ဆိုတဲ့ ရုံပိုင်ကြီးက သူ့ကို မှော်ဆန်တဲ့လက်မှတ်တစ်စောင်ပေးခဲ့ပါတယ်.. ဒီလိုနဲ့ မက်ဒီဂန်လေးတစ်ယောက် ဘုမသိဘမသိနဲ့ ဂျက်စလေ့တာရဲ့ အသစ်ထွက်ရုပ်ရှင်ထဲ မှော်လက်မှတ်တစ်စောင်ကို အရင်းပြုပြီး ရောက်ရှိသွားတော့တာပေါ့.. ဂျက်ရဲ့စွန့်စားခန်းတွေထဲ မျောပါသွားတဲ့ မက်ဒီဂန့်ဆီက မှော်လက်မှတ်က ကံမကောင်းစွာနဲ့ ဗီလိန်ဖြစ်တဲ့ ဘန်နက်ဒစ်တ်လက်ထဲ ရောက်ရှိသွားပြီး ဘန်နက်ဒစ်တ်က မှော်လက်မှတ်ရဲ့အသုံးဝင်ပုံကို သိရှိသွားချိန်မှာတော့.. ဟိုဘက်ကမ္ဘာနဲ့ ဒီဘက်ကမ္ဘာကို ကူးရင်း..ရုပ်ရှင်တွေထဲ ကူးရင်း.. ဗီလိန်ဇာတ်ကောင်တွေကို ခေါ်ထုတ်ဖို့ ကြိုးပမ်းပါတော့တယ်.. မက်ဒီဂန်နဲ့ ဂျက်တို့က ဘန်နက်ဒစ်တ်ကို ဘယ်လိုတားဆီးဖို့ကြိုးပမ်းကြမလဲ.. ...
movie

Last Action Hero (1993)

The Last Laugh (2019) 5.6
The Last Laugh (2019) ဘတ်ဒီဂရင်းဆိုတဲ့သူဟာ သူချစ်ခင်မြတ်နိုးလှတဲ့တစ်ကိုယ်တော်လူရွှင်တော်အလုပ်ကိုနှစ်ပေါင်း၅၀လောက်ရပ်နားထားရာကနေသူရဲ့သူငယ်ချင်းဟောင်းဖြစ်သူ အယ်လ်ဟာ့ဆိုတဲ့သူနဲ့တွေ့ဆုံပြီးအယ်လ်ရဲ့တိုက်တွန်းမှုကြောင့် လူရွှင်တော်အလုပ်ကို ပြန်လုပ်ဖြစ်သောအခါ...နှစ်အတန်ကြာရပ်နားပြီးယခုမှပြန်လုပ်ရသော ဘတ်ဒီ့အဖို့ လွယ်ကူပါ့မလား...ဘယ်လိုအခက်အခဲတွေရှိနေမလဲ...သူ့ဆုံးဖြတ်ချက်တွေကရော မှန်ကန်နိုင်ပါ့မလား...လူတစ်ယောက်ဟာ ကိုယ်သဘောကျနှစ်သက်ရတဲ့အလုပ်ကိုလုပ်နေရရင် အပျော်ရွှင်ဆုံးဖြစ်နေတတ်တယ်ဆိုတဲ့စကားဟာရောလက်တွေ့မှာဖြစ်နိုင်ပါ့မလား...ဒါ့အပြင်ဒီကားထဲမှာ ဘတ်ဒီနဲ့အယ်လ်ဟာ အသက်သာကြီးနေပေမယ့်စိတ်ကတော့နုပျိုနေဆဲဖြစ်တာကြောင့်သူတို့နှစ်ယောက်ရဲ့ပြောဆိုလုပ်ကိုင်ပုံလေးတွေကလဲကြည့်ရှုသူတွေကိုရယ်မောပျော်ရွှင်စေရမှာပါ  File Size : (927 MB) & (293 MB)Quality : 720p HDRipRunning Time :1 Hr 30 minFormat : Mp4Genre : Comedy Subtitle : Myanmar Subtitle (Hard Sub)Translated by Pone ThoneEncoded by Moe Myint Lwin
movie

The Last Laugh (2019)

2019
Vacation (2015) 6.1
Vacation (2015) ဒါကတော့ Comedy ဇာတ်ကဟောင်းလေးပဲဖြစ်ပါတယ်။ကြည့်ဖူးတဲ့သူတွေလည်းရှိမှာပါ။မိသားစုတစ်သိုက် ခရီးထွက်ရင်းအလွဲလွဲအချော်ချော်တွေဖြစ်ခဲ့တာကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ဇာတ်ဆောင်မင်းသားကလည်း Hangover ထဲမှာပါဝက်ခဲ့တဲ့ Ed Helms ပဲဖြစ်ပါတယ်။ဒါ့အပြင် Thor မင်းသား Chris Hemsworthပာဝင်ပြောင်ထားပာသေးတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ မိသားစုတွင်းသိပ်မနွေးထွေးတာကိုတွေ့နေရတဲ့ ဖခင်ဖြစ်သူ လေယာဉ်မှူးတစ်ယောက် နွေရာသီအားလပ်ရက်မှာမိသားစုလိုက် Road Trip ထွက်မယ်ဆိုတာကစတာပါပဲ။လမ်းတျောက်လျောက် စထွက်ကတည်းကကိုတက်လိုက်တဲ့ပြသနာတွေဟာ ခရီးဆုံးထဲထိကိုမပြီးပါဘူး။အရင်က Comedy ဇာတ်ကားဟောင်းတွေကိုကြည့်ချင်သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ)File Size : (850 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1hr 39min Format : Mp4 Genre : Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-DRONES Translated by Thura Zarni Aung Encoded by Thanhtike Zaw
movie

Vacation (2015)

2015