Channel Myanmar

Chew Kin-Wah

Check the Store Next Door 2 (2022) 7.6
Check the Store Next Door 2 (2022) Check the Store Next Door 2 (2022)Comedy, Drama, Romance ရုပ်ရှင်ကောင်းကောင်းလေးနဲ့ chill ချင်တယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်လိုက်ပါ။ IMDb rating 7.6 ရရှိထားတဲ့ အင်ဒိုနီးရှား ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ နာတာလီဆိုတဲ့ ကောင်မလေးဟာ ဘာလီမှာ ကားဘီးပေါက်နေရင်း အာဝင်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ဆုံဖြစ်ပါတယ်။ အာဝင်လည်း ဘီးပေါက်နေတဲ့ နာတာလီ့ကို ကူညီပေးရင်း သူတို့ နှစ်ယောက် ရင်းနှီးသွားခဲ့ပါတယ်။ ဒီလိုကနေ သူတို့ ချစ်သူတွေဖြစ်သွားကြပြီး ၂ နှစ်လောက် လက်တွဲလာခဲ့ကြပါတယ်။ အဲဒီနောက် သူတို့လည်း လက်ထပ်ပြီးကြတော့ ဘဝတစ်ခုကို ထူထောင်ဖို့ လုပ်ကြပါတယ်။ သို့သော် သာမန်လူတန်းစား အာဝင်တို့မိသားစုနဲ့ လူချမ်းသာ နာတာလီတို့ မိသားစုကြား မတူညီတာတွေ များကြသလို၊ စိတ်ဒဏ်ရာကိုယ်စီတွေနဲ့မို့ အချစ်တစ်ခု ဆက်ပြီး ရှင်သန်ဖို့ရာ ရုန်းကန်ကြရပါတော့တယ်။ Drama အမျိုးအစားဖြစ်တာမို့ အများကြီး ညွှန်းမနေတော့ပါဘူး။ ဇာတ်လမ်းအချိုးအကွေ့တွေကို ဝမ်းသာတစ်လှည့် ဝမ်းနည်း တစ်လှည့်နဲ့ ကြည့်ရှုလိုက်ပါဦး။အညွှန်းနဲ့ဘာသာပြန်ကတော့ Leonard Lin ...
movie

Check the Store Next Door 2 (2022)

2023
Juang (2022) 7.0
Juang (2022)  ဒီတစ်ခေါက်မှာတော့ IMDB 7.1/10 ရရှိထားပြီး ကိုဗစ်ကပ်ရောဂါအကြောင်း ရိုက်ကူးထားတဲ့ Action/Drama/Thriller အမျိုးအစား မလေးဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မလေးရှား ရုပ်ရှင်ပွဲတော်မှာ ဆုနှစ်ဆုရရှိခဲ့ပြီး စကာတင်ဆယ်ခုဝင်ခဲ့တဲ့ ဒီဇာတ်ကားရဲ့နာမည်က "တိုက်ပွဲ"လို့ အဓိပ္ပါယ်ရပြီးတော့ ကိုဗစ်ကာလမှာ ရှေ့တန်းက တိုက်ပွဲဝင်ခဲ့တဲ့ ဟီးရိုးတွေအကြောင်းကို စုစုပေါင်း ဒါရိုက်တာ ၅ ယောက်က ဝိုင်းဝန်း ပုံဖော်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကိုဗစ်ကာလမှာ မလေးရှားအစိုးရက တရုတ်ပြည် ဝူဟန်မှာရှိ‌နေခဲ့တဲ့ သူ့နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ လေယာဉ်တစ်စီး စီစဉ်ပေးခဲ့ပါတယ်။အားလုံးသိတဲ့အတိုင်း ကိုဗစ်စတင် ဖြစ်ပွားရာ ဝူဟန်ကိုဆိုရင် အားလုံးက ကြောက်လန့် တုန်လှုပ်ပြီး မသွားရဲ၊ အဲဒီက လာတဲ့သူတွေကိုဆို ရောဂါကူးစက်ခံထားရမလားဆိုပြီး သံသယမကင်းဖြစ်နေကြတာမို့ ကိုဗစ်ကာလရဲ့ အခက်အခဲ အတားအဆီးများစွာကြား အဲဒီလေယာဉ်ပေါ်မှာ လိုက်ပါခဲ့ကြတဲ့ လေယာဉ်အမှုထမ်းတွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ဝူဟန်က ခရီးသည်တွေအကုန်လုံးကို စာရင်းအတိအကျနဲ့ ပြန်ခေါ်လာနိုင်မလား၊ လေယာဉ်ပေါ်က ဝန်ထမ်းတွေအကုန်လုံးရော ...
movie

Juang (2022)

The Assistant (2022)
The Assistant (2022)  ဒီနေ့မှာတော့ ရှင်းရှင်းလေးနဲ့လှည့်သွားတဲ့ ဖိုက်တင်ခန်းများများနဲ့ မလေးရှားအက်ရှင်ဇာတ်ကားလေးမိတ်ဆက်ပေးမှာဖြစ်ပါတယ်သူများချောက်ချတာခံရလို့ ဆယ်နှစ်ကြာ အပြစ်မရှိပဲထောင်ထဲနေလိုက်ရတဲ့ ဇဖစ်၊ အထဲရောက်ပြီး နှစ်နှစ်အကြာမှာတော့ အပြင်မှာကျန်ခဲ့တဲ့ မိန်းမနဲ့သားက တရားခံမပေါ်ပဲအသတ်ခံလိုက်ရတာသိသွားလိုက်ချိန်မှာ ကမ္ဘာပျက်မတက်…. ။နောက်ထပ်ရှစ်နှစ်ကျော်ကြာ၊ ရက်တွေပြည့်တဲ့အထိနေရင်း အိမ်ကိုပြန်ရောက်တဲ့တနေ့ကျ ဖယ်ရို့စ်နဲ့ မထင်မှတ်ပဲဆုံမိရာကနေအတွဲညီပြီး မိသားစုကို သတ်သွားတဲ့ တရားခံရှာပုံတော်စဖွင့်ပါတယ်။ ရှာတုန်းဖွေတုန်းမှာပဲ ဇဖစ်တို့ သူတို့ကိုယ်တိုင်မသိလိုက်ခင် မြို့ရဲ့ အကြမ်းဆုံးလူမိုက်ဂိုဏ်းနဲ့ သွားပတ်သတ်မိချိန်မှာတော့….ဘာဆက်ဖြစ်မလဲဆိုတာက‌တော့ ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားလိုက်ကြပါဦးလို့....... File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre...Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia 
movie

The Assistant (2022)

Dukun (2018) 6.6
Dukun (2018) Dukun (2018)2018 ခုနှစ်မှာ မလေးရှားဆိုရှယ်မီဒီယာမှာ ဗီဒီယိုတစ်ခုပျံ့နှံ့လာခဲ့ပါတယ်။ မလေးရှားရိုးရာဝတ်စုံအနီဝမ်းဆက်နဲ့အမျိုးသမီးတစ်ဦး ညအချိန်တွေလမ်းပေါ်မှာတွေ့တွေ့နေရတာပါ။ ဒါဟာသရဲလား လူတွေဖန်တီးထားတဲ့ဗီဒီယိုပဲလား အငြင်းပွားမှုတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တော့ ဒီဝတ်စုံနီနဲ့အမျိုးသမီးက Dukun ရုပ်ရှင်ကားအတွက် မားကတ်တင်းနည်းလမ်းတစ်ခုပါ။ တကယ်တမ်းတော့ Dukun ကအဲ့လိုကြေငြာစရာမလိုလောက်အောင် ရုံပြည့်ရုံလျှံမယ့်ကားပါပဲ။ ဘာလို့လဲဆိုရင် Dukun ကို ၂၀၀၇ ခုနှစ်မှာရိုက်ကူးခဲ့ပြီး ဆယ်စုနှစ်တစ်ခုကြာအပြီး ၂၀၁၈ မှပြသခွင့်ရခဲ့တာပါ။ ပြသခွင့်ရတာကလဲ ဇာတ်လမ်းက အင်တာနက်ပေါ်မှာ leaked ဖြစ်လာတဲ့အတွက် မထူးတော့ဘူးဆိုပြီး ပြသခွင့်ပေးလိုက်တာပါ။ ပိတ်ပင်ခံရတဲ့အကြောင်းအရင်းကတော့ မလေးရှားမှာအရက်စက်ဆုံးလူသတ်သမားဖြစ်တဲ့ အဆိုတော်မိုနာဖန်ဒီအကြောင်းကို မှီငြိမ်းရိုက်ကူးထားတဲ့ရုပ်ရှင်ဖြစ်နေတာကြောင့်ပါပဲ။ဒီရုပ်ရှင်အစမှာ ဤရုပ်ရှင်က မည်သည့်လူ မည်သည့်အကြောင်းအရာပေါ်မှာမှ မှီငြမ်းထားခြင်းမရှိကြောင်းပြောထားပေမယ့် အဲ့ဒါကအလိမ်အညာလို့ပဲပြောချင်ပါတယ်။ ဒီဇာတ်လမ်းဟာ မိုနာဖန်ဒီအပေါ်မှီငြမ်းထားတယ်ဆိုတာဖော်ပြနေတဲ့ အချက်အလက်တွေကသိသာလွန်းပါတယ်။ မိုနာဖန်ဒီကတော့ မလေးရှားပေါ့ပ်အဆိုတော်တစ်ဦးဖြစ်ပြီး အောင်မြင်မှုတော့မရခဲ့ပါဘူး။ အဲ့နောက်ပိုင်းမှာတော့ သူကပယောဂဆရာမအဖြစ်လမ်းကြောင်းပြောင်းသွားပါတယ်။ သူနဲ့သူ့ခင်ပွန်းက နာမည်ကြီးနိုင်ငံရေးသမားတွေစီးပွားရေးသမားတွေအတွက် အစီအရင်မန္တန်တွေလုပ်ပေးပြီး နေ့ချင်းညချင်းလဲချမ်းသာသွားပါတယ်။ တစ်နေ့တော့ မိုနာရယ်သူ့ယောကျ်ားရယ် သူတို့လက်ထောက်ရယ်က နိုင်ငံရေးသမားတစ်ယောက်ကိုအစီအရင်လုပ်ပေးရင်း သတ်လိုက်ပါတယ်။ ဒီနိုင်ငံရေးသမားကို ၁၈ ပိုင်းခုတ်ပိုင်းပြီး မြှပ်ခဲ့ကြပါတယ်။ မတွေ့တဲ့အစိတ်အပိုင်းတွေလဲရှိပြီး အဲ့ဒါတွေကို မိုနာတို့က စားခဲ့ကြတယ်ဆိုတဲ့သတင်းတွေလဲထွက်ခဲ့ပါတယ်။ မိုနာဖန်ဒီကတော့ အမှုစစ်ခံရချိန်တစ်လျှောက်လုံးလဲ ကျောချမ်းလောက်အောင်ပြုံးနေခဲ့ပြီး ၂၀၀၁ ခုနှစ်မှာကြိုးပေးခံရခါနီးမှာလဲ နောက်ဆုံးစကားအဖြစ် "ငါဘယ်တော့မှမသေဘူး" လို့ပြောသွားပါသေးတယ်။ ဒီဇာတ်လမ်းမှာတော့ ပယောဂဆရာမတစ်ဦးက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ကိုသတ်ခဲ့တာပါ။ တကယ့်ဖြစ်ရပ်မှန်မှာ ဘယ်လိုမှမသိနိုင်အဖြေမရှာနိုင်တော့တဲ့အကြောင်းအရာတွေကို ဖန်တီးဖြည့်စွက်ပြီး ...
movie

Dukun (2018)

2018
The Assistant (2022) 6.2
The Assistant (2022) The Assistant (2022)အသစ်ထွက်ထားတဲ့ Action /Thriller ကားလေးပါ။ဇာတ်လမ်းက Zafil တစ်ယောက် ထောင်က လွတ်လာရာက စပါတယ်။ သူက အမှုတခုနဲ့ ထောင်၁၀နှစ်ကျခဲ့တာပါ။ထောင်ထွက်ထွက်ချင်းမှာပဲ သူ အရင်နေခဲ့တဲ့ အိမ်ကို သွားပါတယ်။ ဝမ်းနည်းစရာက သူထောင်ကျနေတုန်းမှာ သူ့ရဲ့ မိန်းမနဲ့ သားလေးက အသတ်ခံလိုက်ရပါတယ်။ ဒါပေမဲ့ အဲ့ဒီမှာ လူတစ်ယောက်နဲ့တွေ့ပြီး သူ့မိန်းမနဲ့ကလေး အတွက် ကလဲ့စားချေဖို့လမ်းစရသွားပါတယ်။Zafil ရဲ့ မိန်းမနဲ့ကလေးကို ဘယ်သူက သတ်တာလဲ? နောက်ကွယ်မှာ ဘယ်သူတွေပါနေမလဲ? သူ့ရဲ့ ကလဲ့စားချေမဲ့ ခရီးစဉ်ကြီးကကော ဘယ်လိုဆက်ဖြစ်မလဲ? ဆိုတာတော့ ဆက်ပြီး ကြည့်လိုက်ကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Marie ပါ။)File Size : 1.9GB, 820MB, 412MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 2hr ...
movie

The Assistant (2022)

2022
Rise to Power: KLGU ( 2019 ) 5.3
Rise to Power: KLGU ( 2019 ) ဒီတစ်ခေါက်တော့ အက်ရှင်ကြိုက်သူတွေအတွက်တင်ဆက်ပေးလိုက်ပါတယ်kl gangster အကြောင်းကိုရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့...မေဝမ်ဆိုတဲ့ အမျိုးသမီးက သူ့ဘဝကို နောက်ကြောင်းပြန်ပြောထားတဲ့ပုံလေးနဲ့ အစပျိုးတာပါနော်မေဝမ်က သူရဲ့ အယုံကြည်ရဆုံးလူရဲ့ သမီး လီယန်နာကို သူမဟာ ဒုစရိုက်လောကဘန်ဆာရဲ့ ဘုရင်မ ဘယ်လိုဖြစ်လာခဲ့လဲဆိုတာကို ပြန်လည်ပြောပြရင်းနဲ့ဇာတ်လမ်းလေးကိုအစချီထားတာပါ လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက မေဝမ်ဟာသာမန်ဒုစရိုက်ဂိုဏ်းသားတစ်ဦးပဲ ဖြစ်ခဲ့ပြီးတော့ သူ့မှာ ဇန်ဆိုတဲ့ အရမ်းချစ်ရတဲ့ချစ်သူတစ်ယောက်လည်း ရှိပါတယ် ဒါပေမဲ့ ဆုံဆည်းရမဲ့ကံပါမလာတော့ မေဟာအာဏာရဖို့အတွက် ဒုစရိုက်လောကရဲ့ တောင်ပိုင်းဘုရင်သား ယူဂျင်းနဲ့လက်ထပ်လိုက်ရရှာပါတယ် အဲ့နောက်ပိုင်းမှာတော့ မေအနေနဲ့ ဘန်ဆာရဲ့ဘုရင်မတစ်ယောက်ဖြစ်လာတဲ့အထိ ဘယ်လိုတွေ အာဏာ ရအောင်ကြိုးစားမလဲဇန်ကရော သူချစ်ရတဲ့သူအတွက် ဘာတွေဘယ်လိုဆက်လုပ်ပေးမလဲဆိုတာကိုအကြမ်းစား အက်ရှင်တွေနဲ့ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော် Quality : WEB-DL 720pFormat : mp4During : 1hr 36 minSubtitle : Myanmar Subtitle ( Hardsub )Translator : Yamin EiEncoder : ...
movie

Rise to Power: KLGU ( 2019 )

Terbang: Menembus Langit (2018) 7.4
Terbang: Menembus Langit (2018) ၂၀၁၈ ကထွက်ရှိထားတဲ့ ဒီ အင်ဒိုနီးရှားဇာတ်ကားလေးရဲ့ အင်္ဂလိပ်နာမည်ကတော့ Fly ပဲဖြစ်ပါတယ်မျှော်လင့်ချက်အိပ်မက်ဆိုတာသာမရှိရင် လူတွေဟာ ဘာနဲ့ အသက်ဆက်ရှင်သန်ကြမလဲ...မဖြစ်နိုင်ပါဘူးလို့ ဘယ်သူတွေ ဘယ်လိုပဲပြောပါစေ...လဲကျသွားရင် ပြန်ထပြီးရှေ့ဆက်လျှှောက်ရဲတဲ့သတ္တိသာသင့်မှာရှိရင် အိပ်မက်ဆိုတာ တကယ်ဖြစ်လာမှာပါ...အဲ့ဒါကို ဒီဇာတ်ကားလေးထဲက သာမန်ညောင်ညလက်လုပ်လက်စားမိသားစုမှာပေါက်ဖွားလာရပေမယ့် သူ့အိပ်မက်တွေအပေါ် လက်မလျှော့ပဲ မဆုတ်မနစ်ကြိုးစားခဲ့တဲ့အွန်ဂီကသက်သေပြသွားပေးမှာပဲဖြစ်ပါတယ်..IMDB 7.6/10 ရရှိထားပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့  မေမြတ်သူ ပါ) File Size : (950 MB) and (400 MB) Quality : WEB-DL 720p Running Time : 1hr 51min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p WEB-DL AAC x264 Translated by May Myat Thu Encoded by Thanhtike Zaw
movie

Terbang: Menembus Langit (2018)

2018
Crossroads: One Two Jaga (2018) 7.4
Crossroads: One Two Jaga (2018) မှုခင်းကားတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးအတွက်၂၀၁၈ ခုနှစ်ထွက် One Two Jaga ဆိုတဲ့ မလေးရှား ကားသစ်လေး တင်ဆက်ပေးလိုက်ပါတယ်IMDb 6.7/10 ရရှိထားပြီးစိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားတစ်ကားပါ။ဒီဇာတ်ကားထဲမှာ မလေးရှားနိုင်ငံက တရားမဝင်ပြောင်းရွေ့နေထိုင်သူတွေရဲ့ ဘဝကိုရိုက်ပြထားပြီး မလေးရဲတွေရဲ့ လာဘ်စားပုံတွေကိုလည်း ရိုက်ပြထားပါတယ်ဇာတ်လမ်းအကျဉ်းကတော့ အင်ဒိုနီးရှားကလာရောက်အလုပ်လုပ်တဲ့ကလေးတစ်ယောက်ဖခင်လည်းဖြစ်တဲ့ အလုပ်သမားတစ်ဦးဟာ ဆောက်လုပ်ရေးလုပ်ငန်းမှာအလုပ်လုပ်နေရင်းကနေ သူ့လိုပဲ အင်ဒိုကနေ လာရောက်အလုပ်လုပ်တဲ့ သူ့ညီမဟာ အလုပ်ခွင်မှာ ပြဿနာဖြစ်ပြီးအင််ဒိုနီးရှားကိုပြန်ဖို့ သူ့ဆိီကို အကူအညီလာတောင်းပါတော့တယ်…။သူှုညီမရဲ့ နိုင်ငံကူးလက်မှတ်တွေအားလုံးဟာ အလုပ်ရှင်ဆီမှာကျန်ခဲ့တဲ့အတွက်လေလောဆယ်တရားမဝင်နေထိုင်သူလိုဖြစ်နေတဲ့အတွက်ကြောင့် သူ့ကို အင်ဒိုပြန်ပို့ဖို့ ဘယ်လိုတွေကြိုးစားရုန်းကန်ကြမလဲပရိသတ်ကြီးကို်ယ်တိုင်ပဲ ကြည့်ရှုခံစားတော်မူပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (700 MB) and (300 MB) Quality : WEB-DL 720p Running Time : 1h 25min Format : Mp4 Genre : Crime, Drama Subtitle : Myanmar Subtitle ...
movie

Crossroads: One Two Jaga (2018)

2018