Channel Myanmar

Chiang Kam

Drunken Master (1978) 7.4
Drunken Master (1978)   ဒီတစ်ခေါက်တော့ နာမည်ကြီးစတန့်သိုင်းပညာရှင် ဂျက်ကီချမ်း ငယ်စဉ်က သရုပ်ဆောင်ထားတဲ့ Drunken Master ဆိုတဲ့ အရက်မူးသိုင်းကားလေးကိုပြန်လည်ခံစားရအောင်ဗျာ။ဇာတ်လမ်းအကျဉ်း လူတိုင်းနဲ့ ရင်းနှီးပြီးသား လူရှုပ်လေးဟွမ်ဖေးဟုန်တစ်ယောက် ဖခင်ရဲ့ အပြစ်ပေးမှုအဖြစ် သူတောင်းစား ဆို ဆီမှာ သိုင်းမသင်ချင်လို့ ထွက်ပြေးရင်း သူတောင်းစား ဆို နဲ့ တိုးပြီး အရက်မူးသိုင်း ၈ကွက်သင်ရပုံတွေ။ ကျွဲခေါင်းတောင်အရေးအတွက် ကြေးစားလူသတ်သမားနဲ့ရင်ဆိုင်ပုံတွေကို ဟာသစကားအကြမ်းစားတွေနဲ့ ပုံဖော်ထားသလို အရက်မူးသိုင်းရှစ်ကွက်အမည်ကိုပါ ထည့်ရေးပေးထားတာမို့ ပေါ့ပေါ့ပါးပါး ကျင့်လိုက်ကြရအောင်လားဗျာ။အညွှန်းနဲ့ဘာသာပြန်ကတော့ Lwin Htoo Aung ပဲဖြစ်ပါတယ် ........... File size…3Gb / 1.5Gb Quality…1080p Blu Ray HEVC / 720p Format…mp4 Duration….1h 51m Genre.........Action, Comedy Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Lwin Htoo Aung 
movie

Drunken Master (1978)

1978
Shaolin Wooden Men (1976) 6.4
Shaolin Wooden Men (1976)   JC ကားဟောင်းလေးတွေကို အလျင်းသင့်သလို နှစ်အလိုက် တင်ဆက်ပေးသွားမယ်လို့ ကြေညာထားတဲ့အလျောက် အခုလည်း ဂျက်ကီချန်းရဲ့ ကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းထဲမှာတော့ ဂျက်ကီခန်းဟာ သူ့အဖေကို သတ်သွားတဲ့ "ချက်ကောင်းသုံးဆင့်တိုက်ကွက်"သိုင်းပညာရှင်ကို လက်စားချေဖို့ နှစ်ရှည်လများ စကားမပြောတတ်တဲ့ အ အလေးပုံစံဟန်ဆောင်ပြီး ရသမျှ သိုင်းပညာတွေကို အပတ်တကုတ်ကြိုးစားသင်ယူတဲ့ကောင်လေးတစ်ယောက်ပါ။သူ့အဖေကို သတ်သွားတဲ့သူကို လိုက်ရှာရင်းနဲ့ နောက်ဆုံးတွေ့လိုက်တဲ့အချိန်မှာတော့ လက်စားပဲချေနိုင်ပါ့မလား သူသင်ထားတဲ့ သိုင်းပညာတွေနဲ့ ယှဉ်နိုင်ပါ့မလား လက်စားချေရတယ်ဆိုတဲ့ ပူလောင်မှုကြောင့် သူအောင်မြင်ပါ့မလား ဆိုတာကို ကြည့်ရှုးခံစားကြည့်လိုက်ကြပါဦး............. File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre...Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mgthiha
movie

Shaolin Wooden Men (1976)

Snake in the Eagle’s Shadow (1978) 7.3
Snake in the Eagle’s Shadow (1978)   ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် 1978 ခုနှစ်လောက်ကထွက်ခဲ့တဲ့ jackie chan ရဲ့ကွန်ဖူးဇာတ်လမ်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့... လင်းယုန်လက်သည်းသိုင်းနဲ့ မြွေလက်သီးသိုင်းပညာတွေဆိုတာ ရှေးနှစ်ပေါင်းများစွာကတည်းက ပြိုင်ဘက်သိုင်းပညာတွေဖြစ်ပြီး ဂိုဏ်းအချင်းချင်းက နှစ်ပေါင်းများစွာယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြပါတယ်။တစ်နေ့မှာတော့ လင်းယုန်လက်သည်းသိုင်းကို တဖက်ကမ်းခတ်ကျွမ်းကျင်တတ်မြောက်ထားတဲ့သူ ရှန့်ခွင်းရီယွမ်တစ်ယောက် မြွေလက်သီးသိုင်းကို အဆုံးသတ်နိုင်တဲ့အခွင့်အရေးရလာခဲ့ပါတယ်။ မြွေလက်သီးဂိုဏ်းရဲ့တပည့်ပေါင်း ၃၀၀၀ ကျော်ကို သတ်ပစ်ခဲ့ပြီးနောက်ဆုံး ဆက်ခံသူ ၃ ယောက်ကိုသာရှင်းပစ်ဖို့ကျန်ပါတော့တယ်။ အဲဒီ ၃ ယောက်ထဲမှာ အတော်ဆုံးတပည့်ဖြစ်တဲ့ ပိုင်ချန်ထင်ဟာ ထွက်ပြေးတိမ်းရှောင်နေရင်း ဝေ့ဝူကျောင်းတော်က စိတ်ရင်းကောင်းပြီး လေ့ကျင့်ရေးထိုးအိတ်အဖြစ် အမြဲအနိုင်ကျင့်ခံနေရတဲ့ လီချန်တွေ့သွားတဲ့အချိန်မှာတော့...လင်းယုန်လက်သည်းဂိုဏ်းက မြွေလက်သီးသိုင်းကို အမြစ်ပြတ်ချေမှုန်းသွားနိုင်မှာလား.. တခြားဘယ်လိုဇာတ်ကွက်တွေနဲ့ဇာတ်လမ်းကိုစိတ်ဝင်စားဖွယ်ဆွဲခေါ်သွားမလဲဆိုတာကိုကြည့်ရှူရမယ့်ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။File size…(1.95 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Swe yee
movie

Snake in the Eagle’s Shadow (1978)