Channel Myanmar

Chick Vennera

The Milagro Beanfield War (1988)
The Milagro Beanfield War (1988) Rt-61 ~ IMDb-6.81988 မှာထွက်ရှိခဲ့တဲ့ The Milagro Beanfield War ရုပ်ရှင်ကို စာရေးဆရာ John Nichols ရဲ့ The Milagro Beanfield War ဆိုတဲ့ဝတ္တုကိုယူပြီး ဒါရိုက်တာ Robert Redford ကရိုက်ကူးခဲ့တာပါ။ 1989 ခုနှစ်အတွက် Best Original Score အော်စကာ ဆုကိုလည်းရရှိခဲ့ပါသေးတယ်။နယူးမက္ကဆီကိုပြည်နယ်အတွင်းမှာ လူပေါင်း 450 ခန့်နေထိုင်ကြတဲ့ မီလန်ဂရိုဆိုတဲ့ မြို့ငယ်လေးရှိပါတယ်။ အတိတ်မှာတုန်းကတော့ ရေအရင်းအမြစ်ပေါများတာကြောင့်စိုက်ပျိုးရေးအဆင်ပြေပေမဲ့ ဆည်ကိုတည်ဆောက်ပြီးနောက်ပိုင်းမှာ မြို့အတွက်ဆည်ရေလွှတ်မပေးတော့တာကြောင့် စိုက်ခင်းတွေခြောက်သွေ့ပြီး ဘာမှစိုက်ပျိုးလို့မရတော့ပါဘူး။ ဒါပေမဲ့လည်း မြို့ကို အံ့ဖွယ်တောင်ကြားပ‌ရောဂျက်ဆိုတဲ့နာမည်နဲ့ ပြန်လည်ပြုပြင်ရေးလုပ်နေတဲ့ ကုမ္ပဏီအတွက်တော့ သီးသန့်ရေမြောင်းတစ်ခုကိုဖောက်ပေးထားပြီး ဒေသခံတွေအသုံးပြုတာကိုလည်း တားမြစ်ထားပါတယ်။ တစ်နေ့မှာတော့ ဒေသခံလယ်သမား ဂျိုး မွန်ဒရာဂွန်ဟာ အလုပ်ကလည်းရှားတဲ့အပြင် ဘာမှလည်းစိုက်ပျိုးလို့မရတာကြောင့်စိတ်ပေါက်ပေါက်နဲ့ ရေမြောင်းကိုကန်လိုက်မိပြီး ရေမြောင်းပေါက်သွားတဲ့ အတွက်ကြောင့် သူ့ရဲ့ပဲစိုက်ခင်းထဲကိုရေသွင်းမိသလိုဖြစ်သွားခဲ့ပါတယ်။ဒီလိုနဲ့ပဲခင်းသေးသေးလေးကို ရေသွင်းမိတဲ့ကိစ္စကနေစပြီး ကုမ္ပဏီကြီးနဲ့ထိပ်တိုက်ရင်ဆိုင်ရမဲ့အပြင် နိုင်ငံရေးအရှုပ်အထွေးတွေပါ ...
movie

The Milagro Beanfield War (1988)