Channel Myanmar

Chivonne Michelle

V/H/S/85 (2023)
V/H/S/85 (2023) V/H/S ဇာတ်ကားတွေထဲက ၆ ကားမြောက်ဖြစ်ပြီး IMDb 5.8 ရရှိထားတဲ့အပြင် ကြည့်ရှုသူတွေဆက်တိုက်မြင့်တက်လာနေတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။V/H/S ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ၁၉၈၀ ခုနှစ်လောက်ကဗီဒီယိုတိတ်ခွေတွေထဲကနေ တွေ့ရှိလာတဲ့ သည်းထိုက်ရင်ဖိုစရာ၊ ‌ခြောက်ခြားစရာ အဖြစ်အပျက်တွေ ကိုရိုက်ပြထားတာပါ။ဒီဇာတ်ကားမှာတော့ horror ဇာတ်လမ်း ငါးခုပါဝင်ပြီး တစ်ခုစီကမတူညီတဲ့ ခြောက်ခြားဖွယ်ရသတွေကို ဖော်ကြူးထားတာကိုတွေ့ရမှာပါ။ သွေးသံရဲရဲဇာတ်ဝင်ခန်းတွေကအစ ထူးဆန်းဖွယ် ထိတ်လန့်စရာတွေအဆုံး horror ရသမျိုးစုံကိုခံစားရမှာဖြစ်ပါတယ် File size…(1.8 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

V/H/S/85 (2023)

Lucky (2020) 5.0
Lucky (2020) Lucky (2020) ===========ဇာတ်လမ်းနာမည် Lucky ပေမဲ့ တကယ် Lucky ဖို့ မလွယ်တဲ့ Horror ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။မေရိုင်ယာဟာ အတော်အသင့်လူသိတဲ့အိမ်‌ထောင်သည် စာရေးဆရာမ တစ်ယောက်ပါ။ တစ်ည မေနဲ့ သူ့ယောက်ျားဖြစ်သူတက်ဒ်တို့ အိပ်မောကျနေစဉ် မေတစ်ယောက် ဖျတ်ကနဲလန့်နိုးလာပါတယ်။ အိမ်ရဲ့ဧည့်ခန်းကနေ အပြင်ကို လှမ်းကြည့်လိုက်တဲ့အခါ ရပ်နေတဲ့လူစိမ်းတစ်ယောက်ကို ထိတ်လန့်စရာတွေ့ လိုက်ရပါတယ်။တက်ဒ်ကိုထိတ်လန့်တကြားနှိုးပြီး လူစိမ်းကိုရင်ဆိုင်ကြရာ တက်ဒ်ရော မျက်နှာဖုံးတပ် လူစိမ်းပါ ဒဏ်ရာရသွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလူစိမ်းဟာ လဲကျနေရာက ရုတ်တရက် ပျောက်ဆုံးသွားပါတယ်။ မနက်ရောက်တဲ့အခါမှာ မေနဲ့တက်ဒ်စကားများပြီး တက်ဒ် ထွက်သွားခဲ့ပါတယ်။ နောက်တစ်ညမှာ‌ ရောက်လာပြန်လာတဲ့လူစိမ်းကို မေတစ်ယောက် တည်း ရင်ဆိုင်ခဲ့ရပါတယ်။ လူစိမ်းကိုဘယ်လိုပဲဒဏ်ရာရအောင်လုပ်ပေမဲ့ ညတိုင်း လာနေဆဲ၊ ထူးဆန်းစွာပျောက်ဆုံးသွားမြဲဖြစ်နေတာကတော့ အတော်ထူးဆန်းလွန်းပါတယ်။ဒီလိုနဲ့ မေတစ်ယောက် သူ့ကိုသတ်ဖို့ညတိုင်းရောက်လာမြဲဖြစ်တဲ့လူစိမ်းကို ဘယ်လို ရင်ဆိုင်မလဲ၊ လူစိမ်းကဘယ်သူဖြစ်နေမလဲ၊ မေကိုယ်တိုင်ကြုံနေရတာတွေက အိပ်မက်လား တကယ်လား... ဆိုတာတွေကို သို့လောသို့လော ဒွိဟတွေနဲ့ ရင်တထိတ်ထိတ်ကြည့်ရမှာပါ။ ဒီကားလေးမှာ တွေးတောစရာတွေပါတဲ့ တကယ်အသည်းအေးစရာဇာတ်လမ်းမို့ Horror ချစ်သူတို့ လက်မလွတ်တမ်းကြည့်သင့်ပါကြောင်းပြောကြားချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(920 MB) / ...
movie

Lucky (2020)

2020
The Devil Has a Name (2019) 5.4

The Devil Has a Name (2019)

Shaft (2019) 6.2
Shaft (2019) နက်ဖလစ်ကနေ ဆမ်မြူရယ် ဂျက်ဆန် ကားတစ်ကား အသစ်ထွက်လာပါတယ်။Hitman bodyguard တုန်းက ရခဲ့တဲ့ ရသမျိုး ပြန်ရတာပါပဲ။အခွီတွေရယ် အက်ရှင်ရယ် ပေါင်းထားတာပါ။တကယ်ကို ကြည့်လို့ကောင်းပါတယ်။ဇာတ်လမ်းအကျဉ်း ရှက်ဖ်ထ်ဆိုတဲ့ ရဲဟောင်းကြီးဟာ ပေပေတေတေ လူ့ခွစာ အလွတ်စုံထောက်အဖြစ် အသက်မွေးပါတယ်။သူ့ကို သည်းမခံနိုင်တော့လို့ စွန့်ပစ်သွားတဲ့ သူ့မိန်းမနဲ့အတူ သူ့သားလေး ပါသွားခဲ့တယ်။၂၅ နှစ်လောက် ကြာချိန်မှာတော့ သူ့ရဲ့ သားက အက်ဖ်ဘီအိုင်မှာ အလုပ်ရသွားပါတယ်။တစ်နေ့မှာတော့ အက်ဖ်ဘီအိုင်ကရော ရဲတွေရော မလိုက်နိုင် အမှုကြီးတစ်ခုကို ရှက်ဖ်ထ်ရဲ့ သားက ကိုုယ်တိုင်လိုက်ဖို့ ရှက်ဖ်ထ်ကို အကူအညီလာတောင်းပါတော့တယ်။သူတို့ သားအဖနှစ်ယောက် နယူးယောက် ဟာလမ်မှာ ဘယ်လိုတွေသောင်းကျန်းပြီး ဘယ်လိုတလွဲတွေ လုပ်ကြမလဲ ကြည့်ရမှာပါ။(Littleneo ဘာသာပြန်ပေးထားပါတယ်)File Size : (1.90 GB) , (950 MB) and (480 MB) Quality : NF WEB-DL ...
movie

Shaft (2019)

2019