Channel Myanmar

Chloe Bridges

Mike and Dave Need Wedding Dates (2016) 6.0
Mike and Dave Need Wedding Dates (2016) REVIEW: Mike & Dave Need A Wedding Datesဒီဇာတ်လမ်းရဲ့ Review ကို အရင်ဆုံး တိုတိုရှင်းရှင်း ပြောပြပါ့မယ်။ ပေါ့ပေါ့ပါးပါး ဟာသကားကြည့်ချင်တယ်၊ နည်းနည်းပေါတောတောလေးတွေ၊ 18+ ဘာညာလေးတွေပါလည်းရတယ်ဆိုရင် ကြည့်ပျော်မယ့်ဇာတ်ကားလေးပါ။ ဇာတ်ကားအမျိုးအစားကတော့ အချစ်ဟာသဇာတ်မြူးလေးဆိုပါတော့။  အသေးစိတ် ထပ်ပြောရရင်တော့ ဇာတ်လမ်းက ဇာတ်ကားနာမည်မှာပါတဲ့အတိုင်းပါပဲ - ညီအစ်ကိုနှစ်ယောက်က သူတို့ညီမလေးရဲ့ မင်္ဂလာပွဲကို သူတို့နဲ့အတူလိုက်ပြီး ပွဲတက်ပေးမယ့် မိန်းကလေးအဖော်ရှာကြတာပါ။ ရှာတဲ့အချိန်ကစ’ပြီး တွေ့သွားတဲ့ထိရော၊ မင်္ဂလာပွဲအထိရော အလွဲတွေ၊ ရယ်စရာမောစရာတွေ၊ 18ယောက်စုရတာတွေနဲ့ ဘာတွေဖြစ်ကုန်သလဲဆိုတာကို ကြည့်ရမယ့်ဇာတ်ကားတစ်ကားပါ။ တကယ်ရယ်ရတာတွေရော၊ ပေါတောတောနဲ့ မို့ရယ်ရတာတွေရော၊ သတိထားဆင်ခြင်မယ်ဆို သိသင့်တာတွေရော ရောထားတဲ့ လူငယ်ကြိုက်ဇာတ်ကားပုံစံလေးပါ။ လူကြီးတွေအတွက်လည်း ပေါ့ပေါ့ပါးပါးဟာသကား ကြည့်ဖို့ရှာနေတာဆို ကြည့်ပျော်တဲ့ဇာတ်ကားဖြစ်မှာပါပဲ။ ဇာတ်ကားရဲ့ထူးခြားတဲ့တစ်ချက်ကတော့ အပြင်မှာတကယ်ရှိတဲ့ အပျော်အပါးတကယ်မက်တဲ့ ညီအစ်ကိုနှစ်ယောက်အကြောင်းပါတဲ့။ ဖြစ်ရပ်မှန်ပေါ်တွင်မှီငြမ်းသည်လို့ ပြောကြပါသတဲ့။  ပါဝင်တဲ့သရုပ်ဆောင်မင်းသားတွေကတော့ အဓိကဇာတ်ဆောင်နှစ်ယောက်ထဲက -Mike အဖြစ်က Adam Devine ပါ။ လူရွှင်တော်လည်းဖြစ်၊ ဟာသမင်းသားလည်းဖြစ်၊ နာမည်ကြီးရယ်စရာရှိုးအစီအစဉ်မှာ စတားတစ်ယောက်လည်းဖြစ်ပါတယ်။Dave အဖြစ်နဲ့က Zac Efron ပါ။ ချောလို့ဆိုပြီး မိန်းကလေးတွေကြိုက်ကြတဲ့ မင်းသားချောလေးပါ။ မင်းသမီးတွေကတော့ ဆံပင်ရွှေရောင်နဲ့ အူကြောင်ကြောင် အချောလေးအဖြစ် Anna Kendrick နဲ့ ခပ်ဟော့ဟော့ဇာတ်ဆောင်အဖြစ်နဲ့က Aubrey Plaza ...
movie

Mike and Dave Need Wedding Dates (2016)

2016
4K HEVC
The Final Girls (2015) 6.6
The Final Girls (2015) The Final Girls (2015) =================ဒီဇာတ်ကားဟာ 2015 ခုနှစ်ထွက် Horror/Comedy အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ မက်စ်နဲ့ အမန်ဒါဟာ နှစ်ယောက်တစ်ဘ၀ရုန်းကန်နေကြတဲ့ အမေတစ်ခု သမီးတစ်ခု မိသားစုလေးပေါ့။ မက်စ်ရဲ့အမေ အမန်ဒါဟာ ငယ်စဉ်တုန်းက Horror ရုပ်ရှင်တစ်ခုမှာ ပါ၀င်သရုပ်ဆောင်ဖူးသူဖြစ်ပြီး ရုပ်ရှင်ကြယ်ပွင့်တစ်ယောက်ဖြစ်ဖို့ အရမ်းစိတ်အားထက်သန်သူပါ။ မမျှော်လင့်ပဲ သူကြိုးစားနေတဲ့လမ်းခုလတ်မှာတင် ကားမတော်တဆမှုမှာ အမန်ဒါသေဆုံးသွားပြီးနောက် မက်စ်တစ်ယောက်ဟာ သူ့အမေကို အမြဲသတိရ‌နေခဲ့ပါတယ်။နှစ်တွေအကြာ တစ်ရက်မှာအကြောင်းအမျိုးမျိုးကြောင့် မက်စ်တစ်ယောက် သူ့သူငယ်ချင်းတွေနဲ့ အမန်ဒါသရုပ်ဆောင်ခဲ့တဲ့ Horror ရုပ်ရှင်ကို သွားကြည့်ကြဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဒီလိုနဲ့ မက်စ်နဲ့ သူ့သူငယ်ချင်းတစ်သိုက် မမျှော်လင့်ပဲ အဲ့ဒီရုပ်ရှင်ထဲကို ရောက်ရှိသွားတဲ့အခါမှာတော့... သူတို့အုပ်စု ရုပ်ရှင်ထဲကနေ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားကြ‌ပုံတွေကို သည်းထိတ်ရင်ဖိုနဲ့ ဟာသလေးနှောပြီး ကြည့်ရှုရမှာ ဖြစ်ပါတယ်။(ဇာတ်ကားနဲ့ အညွှန်းကို Chuck Chuck မှ ပြန်ဆိုရေးသားထားပါတယ်)Size - 1.6GB, 1GB Quality - 1080p, 720p IMDb Rating ...
movie

The Final Girls (2015)

2015
A.X.L (2018) 5.1
A.X.L (2018) အဆိုတော်ချောချောလေး Becky G ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်က A.X.L (2018) ပါ။Science fiction/action ဇာတ်လမ်းကောင်းလေးတွေသဘောကျနှစ်ခြိုက်တဲ့Channel Myanmar ပရိသတ်ကြီးအတွက်တော့ စိတ်ကြိုက်ဖြစ်မှာပါပဲ။ဇာတ်လမ်းအကျဉ်းလေးကိုလဲ တင်ဆက်ပေးပါဦးမယ်။A.X.Lဆိုတာက စစ်တပ်သုံးဖို့ အထူးတီထွင်ထုတ်လုပ်ထားတဲ့ ခွေးစက်ရုပ်ပါ။A.X.L ဆိုတဲ့နာမည်လေးရဲ့ အဓိပ္ပါယ်ကိုပြောပြရရင်A = Attack(အတိုက်ခိုက်စွမ်းရည်) ,X = Exploration (ရှာဖွေစွမ်းရည်) ,L = Logistics (စဉ်းစားဆင်ခြင်တတ်တဲ့စွမ်းရည်)ဒီလိုအရည်အချင်းတွေနဲ့ ပြီးပြည့်စုံတဲ့ စက်ရုပ်ခွေးဖြစ်ပါတယ်...စစ်တပ်ဟာအနာဂါတ်အတွက် စစ်မြေပြင်မှာအသုံးချဖို့အတွက် လူသားတွေအပေါ်သစ္စာအရှိဆုံးသတ္တဝါတွေထဲမှ ခွေးရဲ့ပုံစံကိုရွေးပြီးတော့စက်ရုပ်ခွေးဖန်တီးခဲ့ပါတယ်...ဒါပေမယ့် စစ်တပ်ကိုမပို့မီ အချိန်မှာA.X.L က ဓာတ်ခွဲခန်းထဲကနေ ထွက်ပြေးလာခဲ့ပြီးဆိုင်ကယ်စီးကျွမ်ကျင်သူဟေးလ်နဲ့ ကွင်းပြင်ထဲမှာဆုံမိပါတော့တယ်။ကြမ်းတမ်းသန်မာတဲ့စက်ရုပ်ခွေးဖြစ်သူ A.X.L နဲ့ လူသားဖြစ်သူဟေးလ်တစ်ယောက် ဘယ်လိုရှေ့ဆက်ဖြစ်ကြမလဲ?ဘာတွေဆက်ဖြစ်ကြမလဲ?စတဲ့မေးခွန်းတွေ အကြင်နာတရားနဲ့ စိတ်လှုပ်ရှားစရာကိုဒွန်တွဲဖော်ပြတင်ဆက်ထားတဲ့ကားကောင်းလေးပါ။Spoilerပါမှာစိုးလို့ အနည်းငယ်သာဖော်ပြလိုက်ပါတယ်။File Size : (1.8 GB) and (918 MB) and (278 MB)Quality : BluRay 1080p 5.1 CH ...
movie

A.X.L (2018)

2018
Game Over, Man! (2018) 5.4
Game Over, Man! (2018) ဒီတစ်ခါတော့ CM Fan တွေကို Netflix ကဟာသ ကားလေး တစ်ခု နဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒါပေမယ့် ကြိုသတိပေးချင်တာကတော့18+ အဆင့် R- Rated အဆင့်ပါလိင်အင်္ဂါ ပုံတွေ အထင်းသား ပြထားတဲ့အပြင်သွေးထွက်သံယုံ အပြင်းစားတွေ နဲ့လူကြီး နဲ့ ကလေး အတူတူ မကြည့်သင့်တဲ့ဆဲဆိုတဲ့ အသုံးအနှုန်းတွေ အများကြီးပါဝင်တဲ့အတွက်အသက်မပြည့်သေးတဲ့ သူများ ၊ မိသားစု နဲ့ အတူကြည့်သော သူများကြည့်ရှုရန် မသင့်တော်ပါ နှလုံးရောဂါရှိသူများ မကြည့်သင့်ပါဇတ်လမ်းပုံစံကတော့ ထောင့်မကျိုး အပျင်းထူ လူတွေနဲ့အစေးမကပ် တဲ့ ဟိုတယ်တစ်ခုရဲ့ အခန်းရှင်း ၀ိတ်တာဘွိုင်း ၃ ယောက်နဲ့ဇတ်လမ်း စထားပါတယ်...သူတို့ ၃ ယောက်က မကောင်းတဲ့ အကျင့်တစ်မျိုးစီ ရှိပြီးဘာလုပ်လုပ် တလွဲတွေပဲ ဖြစ်နေပေမယ့် တူညီတဲ့အကြံတစ်ခုတော့ ရှိပါတယ် အဲ့ဒါကတော့ချမ်းသာချင်တဲ့ စိတ်ပါပဲ :Pတစ်ရက်မှာတော့ သူတို့ ဟိုတယ် ကိုVIP တစ်ယောက်လာတည်းပါတယ်အဲ့ဒီအတွက်လဲ ဟိုတယ်တစ်ခုလုံး တာဝန်တွေခွဲဝေယူရရင်း အလုပ်ရှုပ်နေတာပေါ့အဲ့ဒီ VIP ကတော့ ...
movie

Game Over, Man! (2018)

2018
Camp Rock 2: The Final Jam (2010) 5.2
Camp Rock 2: The Final Jam (2010) Camp Rock 2: The Final Jam (2010) IMDb - 5.2/10_____Rotten - 63%  ဒီတခေါက်ကတော့ လူငယ်တွေနဲ့Music အခြေခံဇာတ်ကားလေးပဲ ဖြစ်ပါတယ် Frozen ရဲ့ ဇာတ်ဝင်တေးLet it Go ကို သီဆိုခဲ့တဲ့Demi Lovato, တချိန်က ကောင်မလေးတွေရဲ့အသည်းစွဲ Band တစ်ခုဖြစ်ခဲ့ဖူးတဲ့ Jonas Brothers တွေဖြစ်ကြတဲ့ Nick, Joe နဲ့ Kevin Jonas တို့ ပါဝင်ထားကြတဲ့ Musical ကားလေးတစ်ခုပါ အဆိုတော်တွေရဲ့ ငယ်စဉ်ဘဝက ရိုက်ကူးခဲ့တဲ့ဒီကားလေးမှာ လူငယ်တွေရဲ့သဘာဝ Camp သွားကြတာ မီးပုံပွဲတွေလုပ်ကြပြီး သီချင်းတွေဆိုကြမယ် ပျော်ကြပါးကြတဲ့ပုံစံမျိုး ရိုက်ကူးထားပါတယ် နွေရာသီ အားလပ်ရက်တိုင်းပုံမှန် Camp သွားကြတဲ့ Demi Lovato နဲ့သူငယ်ချင်း မိသားစုတသိုက် နောက်ထပ်Camp အဖွဲ့တွေနဲ့တွေ့ကြပြီး သီချင်းဆိုကြရင်းအပြိုင်အဆိုင်လေးတွေနဲ့ တကယ်ကိုကြည့်လို့ ကောင်းတဲ့ကားလေးပါပဲ  IMDB Rating 5.2 ရရှိထားပါတယ်   (အညွန်းရေးသူကတော့ ခင်ချယ်ရီနှင်းပဲ ဖြစ်ပါတယ်)    File Size         ...
movie

Camp Rock 2: The Final Jam (2010)

2010