Channel Myanmar

Choi Jong-nam

Snatch Up (2018) 6.3
Snatch Up (2018) IMDb - 6.3/10ဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းလေးမှာ ငမွဲကောင်လေး၊ လူမိုက်၊ငွေးတိုးချေးတဲ့သူဌေး၊ ကြေးစားလူသတ်သမား၊ လွှတ်တော်အမတ်၊အကျင့်ပျက်ရဲနဲ့ ပစ္စည်းပို့သမားလေး ဆိုတဲ့အဓိက ဇာတ်ကောင် ၇ယောက်ပါဝင်ပါတယ်။အလုပ်အတည်တကျမရှိတဲ့ ငမွဲကောင်လေး ကင်မင်ဂျယ်ဟာသူ့အမေ ခွဲစိတ်ဖို့အတွက်ဆိုပြီး သူနေတဲ့အခန်းကိုဖယ်ပြီးတိုက်ခန်းစရံငွေ ဝမ် ၁၀သန်း ရထားပါတယ်။သူ့ဆီကနေ ငွေတိုးချေးတဲ့သူဌေးဘတ်ရဲ့ လူမိုက်ကဒီငွေတွေကို အကြွေးပြန်သိမ်းသွားတယ်။သူဌေးဘတ်ကတော့ ဒီငွေတွေကို လွှတ်တော်အမတ်မွန်းအတွက်ရန်ပုံငွေပေးရမှာပါ။သူဌေးဘတ်က မပေးချင်တော့ လွှတ်တော်အမတ်ကိုသတ်ဖို့လူသတ်သမားငှားပါတယ်။တစ်ဖက်မှာ အကျင့်ပျက်စုံထောက်ချွဲကလောင်းကစားလုပ်ရင်း သူဌေးဘတ်ဆီမှာသူ့သေနတ်ကို အပေါင်ထားလိုက်ရပါတယ်။ရဲရဲ့သေနတ်ကို သူဌေးဘတ်က လူသတ်သမားဆီပို့ခိုင်းလိုက်တဲ့အခါမှာ ငမွဲလေး ကင်မင်ဂျယ်ဆီမှားရောက်သွားရာကနေ ပြဿနာတွေပိုရှုပ်လာပါတော့တယ်။ကင်မင်ဂျယ်တစ်ယောက် သူ့ငွေအိတ်ကြီးကိုဆုပ်ကိုင်လိုက်ရ လက်လွှတ်လိုက်ရနဲ့ သူ့အမေခွဲစိတ်ဖို့လိုအပ်နေတဲ့ ပိုက်ဆံတွေကို ပြန်ရယူဖို့အသည်းအသန်ကြိုးစားရှာပါတယ်။တစ်ယောက်ချင်းဆီက သောက်တလွဲပြဿနာလေးတွေလုပ်ရင်း ဒီငွေအိတ်ကြီးက ဒီလူ ၇ယောက်ကြားမှာ ဟိုလူ့ဆီရောက်လိုက်ဒီလူ့ဆီရောက်လိုက်နဲ့ ဒီလူ ၇ယောက်ကြားမှာဆက်စပ်ထားတဲ့ ဇာတ်လမ်းကြောင်းကတော့အတော်လေးမိုက်ပါတယ်။နောက်ဆုံးမှာ ငွေထုပ်ပိုင်ရှင် မောင်ကံကောင်းကဘယ်သူဖြစ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ File size…  1.79 GB /  890 MB Quality… WEB Rip 1080p / 720p Format… ...
movie

Snatch Up (2018)

2018
Mission: Possible (2021) 6.4
Mission: Possible (2021) Mission Possible (2021)Yoo Da Hee က တရုတ်နိုင်ငံရဲ့ လျှို့ဝှက်လုံခြုံရေးအရာရှိတစ်ဦး ဖြစ်ပါတယ်။ သူမရဲ့ဌာနက တောင်ကိုရီးယားက သေနတ်မှောင်ခိုမှုတစ်ခုရဲ့သတင်းကို ရရှိတဲ့အခါမှာတော့မှောင်ခိုသမားတွေကို ချဉ်းကပ်ဖို့ သူမ ကြိုးစားရပါတော့တယ်။အစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းကတော့ ကိုရီးယားက အေးဂျင့်တစ်ယောက်နဲ့ လက်တွဲလုပ်ကိုင်ရမှာပဲ ဖြစ်ပါတယ်။ဒါပေမယ့် မှတ်ပုံတင် မှားယွင်းမှု တစ်ခုကြောင့် မမျှော်လင့်ဘဲ Woo Soo-Han နဲ့ ဆုံတွေ့ဖို့ ဖြစ်လာပါတော့တယ်။Woo Soo-Han ဆိုတာကတော့ ကိုရိုးကားရားနိုင်ပြီးတော့ အတွေ့အကြုံမရှိတဲ့ အလွတ်တန်းစုံထောက်တစ်ယောက်ပဲ ဖြစ်ပါတယ်။သူ လုပ်တဲ့ စုံထောက်အလုပ်ကလည်း ခွေးရှာကြောင်ရှာ အလုပ်လောက်ပဲ တတ်တာပါ။Yoo Da Hee ကတော့ Woo Soo-Han အကြောင်းကို မသိဘဲနဲ့ သူမနဲ့ လက်တွဲလုပ်ကိုင်စေတာပဲ ဖြစ်ပါတယ်။Woo Soo-Han ကတော့ သူ့ကို လျှို့ဝှက်အေးဂျင့်အနေနဲ့ အရွေးခံရပြီလို့ မှားပြီးတော့ ထင်နေတာပါပဲ။ဒါပေမယ့် အဓိကသက်သေတွေ အသတ်ခံလိုက်ရချိန်မှာတော့ ...... ကိစ္စတွေက တကယ်ကို အတည်ကြီး ဖြစ်လာပါတော့တယ်။စုံထောက်အက်ရှင်ကားကို ...
movie

Mission: Possible (2021)

2021