Channel Myanmar

Choi Jung-in

Archaeology of Love(2022)
Archaeology of Love(2022) Archaeology of Love (2022)******************************ယောင်းရှီးနဲ့ အင်းရှစ်ဟာ တွေ့ဆုံပြီး ရှစ်နာရီအကြာမှာတင် တစ်ယောက်နဲ့တစ်ယောက် ချစ်မိသွားကြပါတယ်။​အင်းရှစ်က ယောင်းရှီးကို လွတ်လပ်မှုရှိတဲ့လူလို့ တထစ်ချယုံပြီး​ ဘယ်လိုအခြေအနေမျိုးမှာမဆိုအတူရှိ​နေပေးဖို့ ကတိတစ်ခု ​တောင်းခံခဲ့တယ်။အချိန်​တွေကြာလာတာနဲ့အမျှ အင်းရှစ်ရဲ့ ​ယောင်းရှီးနဲ့ပတ်သတ်တဲ့ စွဲလမ်းမှုက ဆိုးဝါးလာခဲ့ပြီး​သူတို့ရဲ့ ၈နှစ်တာ ရှုပ်​ထွေး​နေတဲ့ ဆက်ဆံ​ရေးကြားမှာ ယောင်းရှီးတစ်ယောက်အင်းရှစ်ကို ​ပေးထားတဲ့ကတိကို တည်ဖို့ကြိုးစားနိုင်မလား...။ဒါမှမဟုတ် လွတ်​မြောက်အောင်ကြိုးစားပြီး သူ့ရဲ့အချစ်သစ်ကိုပဲ စတင်မလားဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော်...။File size : 2.65GB/ 980MB Quality : WEB-DL 1080p/ 720p Format : mp4 Duratio : 2h 48m Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Stary Encoded by Tiff
movie

Archaeology of Love(2022)

The Point Men (2023) 6/8
The Point Men (2023) The Point Men (2023)Korea ကားကို Korea ကားနဲ့မတူအောင် ရိုက်ပြထားနိုင်တဲ့ The Point Men!ဇာတ်လမ်းအကျဉ်းကတော့ အာဖဂန်နစ္စတန်ဘက်ကို ခရီးသွားရင်း တာလီဘန်လက်နက်ကိုင်တွေရဲ့ဓားစာခံဖြစ်သွားခဲ့တဲ့ ကိုရီးယားလူမျိုး ၂၃ ဦးကို ကြိုးစားကယ်တင်မယ့် သံတမန်တစ်ဦးနဲ့ NIS Agent တစ်ဦးတို့အကြောင်းကို ရိုက်ကူးထားတာပါ။အာဖဂန်နစ္စတန်နိုင်ငံဘက်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ရပ်တွေကို မီးမောင်းထိုး ပြပေးထားတဲ့အပြင် သံတမန်ရေးရာရဲ့ ရှုပ်ထွေးတဲ့အကြောင်းတရားတွေ၊ အာဖဂန်ဒေသရဲ့ ဘာသာရေးယုံကြည်ချက်တွေ၊ လူမျိုးရေးအစွဲအလမ်းကြီးမှုတွေကိုပါ အနုစိတ် ရိုက်ကူးတင်ပြပေးထားတာဖြစ်လို့ အက်ရှင်စစ်စစ်ကြိုက်တဲ့ ပရိသတ်ကြီးအတွက် လုံးဝကြည့်ပျော်စေမယ့် ဇာတ်ကားတစ်ကားပါပဲ။Casts တွေအနေနဲ့ကလည်း မင်းသားကြီး Hyun Bin, Hwang JungMin နဲ့ Kang Ki-Young တို့လို ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေပဲ ပါဝင်ထားတာဆိုတော့ ကြည့်ဖြစ်အောင်ကြည့်ကြပါလို့ ပြောချင်ပါတယ်။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Action, Drama, Thriller Quality…. ...
movie

The Point Men (2023)

2023
Singles (2003) 6.5
Singles (2003) Singles (2003)IMDb - 6.5/10"အရာရာဟာ ကောင်းဖို့ဖြစ်လာတာပါ" ဆိုသလိုပဲ ..... လမ်းခွဲတယ်ဆိုတာ လမ်းသစ်ဖောက်ဖို့ပါပဲ။ နိဂုံးဆိုတာ တခြားနိဒါန်းတစ်ခုရဲ့အစလည်း ဖြစ်နေနိုင်တာပါပဲ။ဘ၀မှာ အငြင်းခံရတယ်တို့ အဖြတ်ခံရတယ်တို့ဆိုတာ ရင်နာစရာပေမယ့် ကိုယ့်ကိုဖြတ်တဲ့သူက ကိုယ်နဲ့မထိုက်တန်လို့လည်းဖြစ်နိုင်ပါတယ် .....ဒီဇာတ်ကားလေးကတော့ ခေါင်းစဉ်အတိုင်း အချစ်ရေးကံခေကြတဲ့ စင်ဂယ် BFF သုံးယောက်အကြောင်းရိုက်ထားတာပါ။ (အချစ်ကံခေတယ်ပဲပြောတာပါ .... FA လို့မပြောဘူးနော် FA တွေက ငါ့အတွက်ဟ လို့ ထင်မှာစိုးလို့ 😣)ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ နာနန်းတစ်ယောက် စားသောက်ဆိုင်ဘက်တာ၀န်ပေးခံတဲ့အခါ .... အရင်ရည်းစားထက် သူ့အပေါ်အရာရာကောင်းပေးတဲ့လူနဲ့တွေ့တဲ့အခါ ...နာနန်းတစ်ယောက် အလုပ်ကိုရွေးမလား ချစ်သူကိုရွေးမလား...ကျန်တဲ့ တစ်အိမ်တည်းနေ Bff နှစ်ယောက်ကရော မူးပြီး အတူတူအိပ်မိသွားတဲ့အခါ .. ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ...ဒီကားလေးက 2009 ခုနှစ်မှာ အစာအိမ်ကင်ဆာနဲ့ကွယ်လွန်သွားခဲ့တဲ့ နာနန်းနေရာမှာ သရုပ်ဆောင်တဲ့ မင်းသမီး Jang Jin Young ကို Blue Dragon Films Award မှာ Best Actress ဆုရစေခဲ့တဲ့ကားလေးဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Eainy ပဲ ...
movie

Singles (2003)

2003
The House of Us(2019) 7.3
The House of Us(2019) The House of Us(2019)အညွှန်း**************************IMDb...7.3ကလေးဘဝဆိုတာ လောကကြီးရဲ့ အသစ်အဆန်းတွေကို စတင်သင်ယူချိန်မှာမိဘဟာအရေးကြီးဆုံးပါပဲ...ဒီလိုအခြေအနေမျိုးမှာ တစ်ခုရှိတာက အဆင်မပြေမှုလေးတွေကြုံတိုင်းကလေးဘဝရဲ့ ဒုတိယအခင်တွယ်ဆုံးဟာ သူငယ်ချင်းလေးတွေပါပဲ....မိဘတွေရဲ့ ကွာရှင်းဖို့အထိဖြစ်လာတာမျိုးတွေ  ဒီပတ်ဝန်းကျင်မှာ နေသားကျတုန်း ခဏ ခဏ အိမ်ပြောင်းရဖို့ြဖစ်လာတာမျိုးကြုံရတဲ့ကလေးတွေအဖို့အနာကျင်ရဆုံးပါပဲ..ဒီကားလေးထဲမှာ အဲ့လိုအဖြစ်မျိုးကြုံကြတဲ့ ကလေးလေး (၃)ယောက်ရှိတယ်..တစ်ယောက်ကအဖေနဲ့အမေအိမ်ထောင်ကွဲဖို့ဖြစ်လာတဲ့ကောင်မလေး..ကျန်(၂)ယောက်က မိဘတွေက နယ်မှာအလုပ်လုပ်ပြီးအလုပ်ရှိရာမြို့ကိုခဏ ခဏပြောင်းနေရတဲ့မိသားစု ကလေးလေး ၂ယောက်ပါ.. သူတို့(၃)ယောက်ဟာ ခံစားချက်ချင်းလည်းတူကြတော့အရမ်းခင်ကြတယ်...အိမ်ရဲ့ဆိုးယုတ်မှုတွေဟာ အချင်းချင်းဆုံလိုက်တိုင်း စကားတွေပြောရင်း ကလေးဘဝထင်ရာလုပ်ရင်းပျော်ရွှင်ကြရတယ်...နောက်တို့ သူတို့ကလေး(၃)ယောက်ဟာတိုင်ပင်ကြတယ်..သူတို့တတ်စွမ်းတဲ့ ဉာဏ်ကလေးကိုသုံးပြီးမိဘတွေမကွာရှင်းရအောင်ရယ် အိမ်ခဏ ခဏပြောင်းရတဲ့အဖြစ်မျိုး နောက်မကြုံရအောင်ရယ်ကိုကာကွယ်ဖို့ကြိုးစားကြပါတော့တယ်...ဒီကားလေးဟာ ကလေး(၃)ယောက်ကို အဓိကထားရိုက်ကူးပြီး သူတို့တွေရဲ့ဖြစ်စဉ်နဲ့ ကျွန်တော်တို့ကလေးဘဝကအဖြစ်မျိုးမတူခဲ့ရင်တောင် အလားတူခံစားချက်မျိုးတွေရှိခဲ့တာကြောင့် တော်တော်လေးကိုကြည့်လို့ကောင်းပါတယ်..ရယ်လည်းရယ်ရသလို ဝမ်းနည်းသနားစရာလည်းကောင်းလှတာမို့ ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ Har Thar Oo ပဲဖြစ်ပါတယ်File Size :(864 MB) and (342 MB) Quality : WEB-DL 720p Format…mp4 Duration…01:48:00 Genre : Family , Drama Subtitle ...
movie

The House of Us(2019)