Channel Myanmar

Choi Jung-yoon

Rebound (2023) 6.9
Rebound (2023) Rebound (2023)၂၀၁၂ ခုနှစ်ကဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးတင်ဆက်ထားတဲ့ အားကစားရုပ်ရှင် Rebound ထွက်ရှိလာပါပြီဇာတ်လမ်းအကျဉ်းကတော့ အလားအလာမရှိဘူးလို့ သတ်မှတ်ခံထားရတဲ့ ဘူဆန်ဂျွန်အန်းအထက်ကျောင်းကိုယ်စားပြု ဘတ်စကတ်ဘောအသင်းဟာ နည်းပြအသစ် Kang Yang-Hyeon ရဲ့ ဦးဆောင်မှုအောက်မှာ ပြောင်းလဲလာခဲ့တဲ့အကြောင်းပါတစ်ချိန်က ထိပ်တန်းကစားဖြစ်ခဲ့ဖူးသူ Kang Yang-Hyeon ဟာ နည်းပြဖြစ်လာတဲ့အချိန်မှာတော့ သူ့ရဲ့ကစားသမားဘဝအတွေ့အကြုံကို အသုံးချပြီး ဘယ်လိုဗျူဟာတွေနဲ့ အသင်းကိုကိုင်တွယ်သွားမလဲအောက်ဆုံးမှာရောက်နေတဲ့အသင်းကို National Championship ပွဲစဉ်အထိ ဘယ်လိုများ‌ဆွဲခေါ်သွားမလဲဆိုတာအပြင် ကစားသမားတွေရဲ့ ဘတ်စကတ်ဘောအပေါ်ထားတဲ့ ခံယူချက်တွေ အိပ်မက်တွေကို သေချာကြည့်ရှုခံစားနိုင်မှာဖြစ်လို့ Sports Drama နှစ်သက်ကြတဲ့ ပရိသတ်ကြီးတို့ သဘောကျနှစ်ခြိုက်ကြမှာပါCasts တွေအနေနဲ့လည်း Fight for My Way ထဲက Ahn Jae-Hong နဲ့ Doctor Romantic S3 ထဲက အဆိုးလေး Lee Shin-Young နဲ့ Secret Romantic Guesthouse ထဲကအချောလေး Jung Gun Joo တို့အပြင် သရုပ်ဆောင်အားလုံးက Basketball ကိုပါ ...
movie

Rebound (2023)

2023
Phone ( 2002 ) 6.1
Phone ( 2002 ) Ha Ji-won ရဲ့ 2002 က ထွက်ရှိခဲ့တဲ့ Horror ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်..ဒီကားလေးလေးဟာဆိုရင် ကွာလတီက ဒီလောက်ပဲရနိုင်လို့ ရနိုင်သမျှ အကောင်းဆုံး ကွာလတီနဲ့တင်ဆက်ပေးလိုက်ရပါတယ်ဂျီဝန်းတစ်ယောက် သတင်းထောင်ဘဝကနေအနားယူချိန်ကစပြီး အမည်မသိခြိမ်းခြောက်ဖုန်းတွေ ဝင်လာခြင်းကိုကြုံရပါတော့တယ် စာရေးဆရာမဖြစ်ချင်တဲ့သူ့ရဲ့စိတ်ကူးကိုအ​ကောင်အထည်ဖော်ဖို့ သူငယ်ချင်းဖြစ်သူရဲ့အိမ်မှာ စာရေးရင်း အမည်မသိဖုန်းနံပါတ်ကနေ မိန်းကလေးတစ်ဦးရဲ့အသံကိုကြားခဲ့ရပါတယ်တစ်နေ့ ဖုန်းလာတဲ့အချိန် ဂျီဝန်းသူငယ်ချင်းရဲ့သမီးဖြစ်သူက ဖုန်းကိုကိုင်လိုက်ရာကနေ သူတို့မိသားစုမှာ ထူးဆန်းတဲ့သဘာဝလွန်ဖြစ်ရပ်တွေ စပြီးဖြစ်လာတော့တာပဲဂျီဝန်းတစ်ယောက် ဖုန်းရဲ့နောက်ကွယ်ကအကြောင်းကိုလိုက်စုံစမ်းရင်း ဘယ်လိုထူးဆန်းတဲ့လှည့်ကွက်တွေကို ရင်ဆိုင်တွေ့ရမလဲဆိုတာ ကျောချမ်းချမ်းနဲ့စောင့်ကြည့်လိုက်ကြပါဦး [ Reviewed By Shoon Thu Thu Chain ] Quality : DvdRip Format : mp4 Genres : Horror , Mystery , Thriller Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Phone ( 2002 )

Voice of a Murderer (2007) 6.8
Voice of a Murderer (2007) Voice Of A Murderer ( 2007 )============================== ကလေးငယ်တွေကို ပြန်ပေးဆွဲတယ်ဆိုတဲ့ ကိစ္စဟာ တကယ်ကို စက်ဆုပ်ရွံရှာစရာလုပ်ရပ်ပါပဲ နိူင်ငံရဲ့ အကောင်း အဆိုးသတင်းတွေကို နေ့စဥ္တင်ဆက်နေတဲ့ အစီအစဥ္ တင်ဆက်သူတစ်ယောက်ဟာ သူ့ရဲ့ သားလေးပြန်ပေးဆွဲခံရတဲ့ သတင်းကို သူကိုယ်တိုင် ပြန်ပြီးတင်ဆက်နေရလိမ့်မယ်လို့ တွေးခဲ့မိပါ့မလား ဟန်ယောင်းဘေဟာ ကျော်ကြားတဲ့ သတင်းတင်ဆက်သူတစ်ယောက်ပါ သူ့မှာ ဇနီးချောချောလေးတစ်ယောက်နဲ့ ဟန်ဆန်ဝူးလို့ ခေါ်တဲ့ ဝဝတုတ်တုတ် ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ရှိပြီး စံပြနိူင်ငံသားအဖြစ် ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေသူလည်း ဖြစ်ပါတယ် ဒါပေမဲ့ လောဘသာကောင်း မကောင်းဆိုးဝါးတွေကတော့ လူမရွေးပါဘူး ဆန်ဝူးတစ်ယောက် ညနေခင်းတစ်ခုမှာ တိုက်အောက်မှာရှိတဲ့ ကစားကွင်းလေးမှာ ကစားနေရင်း ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ် အဲ့ဒီနောက် မှာတော့ ပြန်ပေးသမားက ဆက်သွယ်လာပြီး ဒေါ်လာတစ်သိန်းနဲ့အပေးအယူလုပ်ခဲ့ပါတယ် ပြန်ပေးသမားတို့ ထုံးစံအတို်င်းရဲတိုင်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပေမယ့် ဆန်ဝူးအမေက တိုင်ချက်ဖွင့်ခဲ့တဲ့အတွက် ပထမဆုံး အပေးအယူမဖြစ်ခဲ့ပါဘူး ပညာတတ်တွေ မိုက်မဲရင် ကြောက်စရာကောင်းတယ်ဆိုတာ အမှန်ပါပဲ ပြန်ပေးသမားရဲ့ ပညာရှိရှိကလိမ်ကကျစ်ဗျူဟာတွေကြောင့် ရဲတပ်ဖွဲ့ပါအကျပ်ရိုက်ခဲ့ရတာပါ ဟန်ယောင်းဘေ ကတော့ သူ့သားလေးကိုပြန်ရဖို့အတွက် အရာရာအားလုံးပေးဖို့ အသင့်ဖြစ်နေခဲ့ပေမဲ့ ပြန်ပေးသမားကတော့ ငွေဆက်ညစ်နေဆဲပါပဲ သဲလွန်စတောင်ရှာမရတဲ့ တရားခံကို ရဲတပ်ဖွဲ့အနေနဲ့ ဘယ်လိုများကိုင်တွယ်မလဲ ရှင်လျက်သေနေရတဲ့ မိဘနှစ်ယောက်ရဲ့ ပူဆွေးမှုတွေကလည်း အတိုင်းမသိပါပဲ ဒီလို အခက်အခဲတွေနဲ့ လေးဆယ့်လေးရက်တာခရီးမှာ ဆန်ဝူးတစ်ယောက်အိမ်ပြန်လာနူိင်ပါ့မလား သူတို့ မိသားစုလေးပြန်ဆုံစည်းနိူင်ပါ့မလား ရင်တမမ နဲ့ ကြည့်ရမယ့် ...
movie

Voice of a Murderer (2007)

2007
Ouija Board (2004) 5.7
Ouija Board (2004) Ouija Board (2004)_____IMDb - 5.7/10    သရဲကားကောင်းကောင်းကြည့်ချင်သူများအတွက် တင်ဆက်ပေးလိုက်ပါတယ် အညွန်းလေးကတော့ ကျောင်းမှာအနိုင်ကျင့်ခံရလို့ သည်းမခံနိုင်တော့ပဲ သရဲခေါ်ပြီးကျိန်စာတိုက်ဖို့လုပ်ကြတဲ့ကျောင်းသူလေး ၄ယောက်.... သူတို့ကျိန်စာတိုက်တဲ့နာမည်စာရင်းမှာပါတဲ့ ကျောင်းသူတွေတစ်ယောက်ပြီးတစ်ယောက် တစ်ပုံစံတည်း သေဆုံးသွားကြတဲ့အခါ.... သူတို့ရှိတဲ့ရွာကို လုပ်အားပေးဖို့ရောက်လာတဲ့ အနုပညာဆရာမအသစ်တစ်ယောက်... သူကရော ဒီရွာနဲ့ဘယ်လိုပတ်သက်မှုရှိလဲ သူတို့ရွာမှာ လွန်ခဲ့တဲ့ နှစ် ၃၀က သူတို့ကိုယ်သူတို့ သတ်သေသွားကြတဲ့သားအမိနှစ်ယောက်..... သူတို့ရွာရဲ့လျှိုဝှက်ချက်ကရောဘာလဲဆိုတာ မလွတ်တမ်းစောင့်ကြည့်သင့်တဲ့ ကိုရီးယားဇာတ်ကားကောင်းလေးပါ     Translated & Review By Ei PyaeEncoded By LK
movie

Ouija Board (2004)

2004