Channel Myanmar

Choi Min-chul

Iron Mask (2023) 8
Iron Mask (2023) Iron Mask (2023)ဝူယောင်းဝူတို့ ဇာတ်ကားထဲက ရှေ့နေဂွမ်မင်ဝူးကို ကာရိုက်တာအသစ်တစ်မျိုးနဲ့ကြည့်ရှုရမယ့် Iron Mask (2023) ထွက်ရှိလာပါပြီ။Kendo အားကစားလောကကို အခြေတည်ပြီး အစ်ကိုဖြစ်သူရဲ့ သေဆုံးမှုအတွက် လက်စားချေမယ့် ကောင်လေးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။နိုင်ငံ့လက်ရွေးစင် Kendo ကစားသမားဖြစ်လာဖို့ ယှဉ်ပြိုင်ခွင့်ရမယ့် Survival ပွဲစဉ်တစ်ခုကို ဂင်ဂျယ်ဝူ ရောက်ရှိလာခဲ့တာဟာ သဘောရိုးနဲ့မဟုတ်ဘဲ အစ်ကိုဖြစ်သူရဲ့သေဆုံးမှုအတွက် ဟွမ်ထယ်ဆူဆိုတဲ့ ကစားသမားကို လက်စားချေဖို့ပါ။ဒါပေမဲ့ သူ့ရဲ့စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်ဘဲ တဖြည်းဖြည်း သူ့ရဲ့အရည်အချင်းတွေပါ ကျဆင်းလာခဲ့တဲ့အခါမှာတော့ ဂျယ်ဝူတစ်ယောက် အဲဒီအခြေအနေကို ကျော်ဖြတ်ပြီး လက်စားချေသွားနိုင်ပါ့မလား ဒါမှမဟုတ် သူ့ဘဝကြီးကပဲ ရေစုန်မြောသွားမလား ဆိုတာကိုတော့ ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုလိုက်ကြပါဦးနော်။အညွှန်းကိုတော့ Hmwe က ရေးးသားထားပြီးးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Action, Drama, Fantasy Quality…. 1080p | 720p File size… 890MB | 348MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar ...
movie

Iron Mask (2023)

2023
Female Tazza (2021) 5
Female Tazza (2021) Female Tazza (2021)တာ့ကျာ (ဖဲဝိဇ္ဇာ) ရုပ်ရှင်‌တွေကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက် ဒီတစ်ခါက‌ေတော့ ထူးထူးခြားခြား အမျိုးသမီး ဇဲဝိဇ္ဇာ လာပါပြီဖဲ ကစားတာကို ဖုန်းဂိမ်းလောက်ပဲ ကစားဖူးတဲ့ မီမီဟာ အမေနဲ့အစ်မတို့ရဲ့ လုပ်ကြံခံရမှုကို စုံစမ်းရင်း ရလာတဲ့သဲလွန်စကနေ တကယ့် ကစားပွဲတွေကို သင်ယူဖို့ စိတ်အားထက်သန်လာပါတော့တယ်ဖဲ ဆိုတာကို ဖုန်းဂိမ်းပဲ ကစားနေကျ ဆိုတော့ လက်တွေ့ကစားတဲ့အချိန်မှာ ခက်ခဲနေတော့ ဆရာ တင်ဖို့ အိုဂျာဝါ ကို တောင်းဆိုပါတော့တယ်လက်စားချေဖို့ စုံစမ်းရင်း ပူးပေါင်းပြီး ကစားကြတဲ့ သူတို့နှစ်ယောက်ဟာ သူတို့လိုချင်တဲ့ပန်းတိုင်ကိုရောက်သွားကြမလားဒီဇာတ်လမ်းကိုတော့ အများကြီးမညွှန်းတော့ပါဘူး ရုပ်ရှင်ရဲ့အသက်က ဖဲကစားသွားတာ ဆိုတော့ ဘယ်လိုတွေ ကျွမ်းကျွမ်းကျင်ကျင်ပြသွားမလဲဆိုတာကို ပညာတွေယူရင်း ကြည့်ရှုပေးကြပါဦး ....အညွှန်း နဲ့ ဘာသာပြန်ကတော့ Thuu Thuu ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama Quality….WEB-DL 1080p and 720p File size…1.3GB and 798MB and 266MB Format…mp4 Duration….1h 36min Subtitle….Myanmar ...
movie

Female Tazza (2021)

2021
Way Back Home (2013) 7.4
Way Back Home (2013) ဒီဇာတ်ကားအကြောင်းကိုမပြောခင် ဒီကားဟာ ရုပ်ရှင်ဆု ၂ဆုနဲ့ အမျိုးသမီးဇာတ်ဆောင်ဆု ၁ ဆုရထားတယ်လို့ပြောပြထားပါရစေ ဆန်ကာတင်တွေလဲအကြိမ်ကြိမ်ဝင်ထားတဲ့ကားလေးပါ ပြီးတော့ ဒါက ကိုရီးယားက ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်ရိုက်တဲ့ ကားတွေထဲကတစ်ကားပဲဖြစ်ပါတယ် ကြိုပြီးသတိပေးချင်တာကတော့ ဇာတ်လမ်းကိုနစ်မြောပြီးကြည့်တတ်သူဆိုရင် ဇာတ်လမ်းပြီးသွားရင်တောင် ရင်ထဲကမထုတ်နိုင်ဖြစ်နေမယ့်ကားမျိုးပါလို့ ဒီဇာတ်ကားကိုကြည့်ရင်း မြန်မာနိုင်ငံနဲ့ယှဉ်ပြီးတော့ တူညီနေတဲ့အဖြစ်အပျက်တွေကိုမြင်ရတဲ့အခါ ပိုပြီးရင်နာရပါတယ် သူတို့နိုင်ငံမှာ မမှန်ကန်တဲ့အရာတွေကို ပြည်သူတွေတစ်သားတည်းရပ်တည်ပြီးတော့ ဖေါ်ထုတ်ကူညီပေးတဲ့အခါ ဘယ်သူမှ ငါစွဲတစ်ခုနဲ့ကြာကြာဆက်မရပ်တည်နိုင်ပဲ အမှန်တရားကို ချပြပေးရပါတယ် ကိုယ်တွေမြန်မာနိုင်ငံမှာတော့ ပြည်သူတွေကလဲ တစ်သားတည်းမရှိသလို တစ်သားတည်းရပ်တည်ရင်တောင်မှ ဘာမှမဖြစ်လာတာတွေသိနေရလို့ပေါ့ ထားပါတော့ ဇာတ်လမ်းကိုသွားရအောင် သမီးလေးရယ်မိန်းမရယ်ယောင်္ကျားရယ် သာသာယာယာလေးနေနေတဲ့ဘ၀ထဲကို အကြွေးတွေလေတိုက်သလိုရောက်လာပြီးတော့ ဘ၀ပျက်မလိုဖြစ်တဲ့အခါ မိန်းမလုပ်တဲ့သူဟာ ယောင်္ကျားလုပ်တဲ့သူရဲ့အခက်အခဲကို တစ်နိုင်တစ်ပိုင်လေးဝင်ထမ်းချင်ခဲ့ရုံပါ သူရလိုက်တာကတော့ သူတစ်ခါမှခြေမချဖူးတဲ့နိုင်ငံမှာ ပြစ်မှုကြီးနဲ့ထောင်ဒါဏ်တဲ့လေ သူတို့လင်မယား၂ယောက်ရဲ့ အထိန်းအမှတ်နေ့လေးမှာ အရောက်သွားဖို့တိုင်ပင်ထားတဲ့နေရာမှာ ထောင်ချခဲ့ထားရတဲ့မိန်းမတစ်ယောက်ရဲ့အထီးကျန်မှုနဲ့ ၀မ်းနည်းခြောက်ခြားရမှုတွေကို စာနဲ့ဖေါ်ပြလို့ မရနိုင်လောက်ပါဘူး ကံဆိုးမသွားရာမိုးလိုက်လို့ရွာမဟုတ်ပဲ မိန်းမထောင်ထဲမှာတောင် မတော်မတရားကျင့်ခံရသေးတာ ကိုယ့်လူမျိုးယုတ်တာခံလိုက်ရ သူများလူမျိုးယုတ်တာခံလိုက်ရနဲ့ သတ်သေဖို့ထိတောင်တွေးမိပေမယ့် သမီးလေးတစ်မျက်နှာနဲ့ရှေ့ဆက်ခဲ့ရတဲ့မိန်းမတစ်ယောက် နောက်ဆုံးဘယ်လိုနေရာထိအရောက်သွားနိုင်လဲဆိုတာသိချင်ရင်တော့ ဒေါင်းကြည့်လိုက်ပါ အညွှန်းနဲ့ ဘာသာပြန်တင်ဆက်ပေးသူကတော့ ThinZar Htet ပါ XCode မှ တင်ဆက်ပေးထားပါတယ်
movie

Way Back Home (2013)

2013