Channel Myanmar

Cholo Barretto

Ang Pambansang Third Wheel (2018) 6.7
Ang Pambansang Third Wheel (2018) Ang Pambansang Third Wheel (2018)~ IMDb Rating - 6.7/10 ~ဒီတစ်ခေါက်မှာတော့ သူငယ်ချင်းအတွဲတွေကြား တစ်ကိုယ်တည်း၊ အထီးကျန်၊ ကြောင်တောင်တောင်၊ သနားစရာ၊ ရည်းစားမရှိ၊ အချစ်ရေးမှာကံမကောင်း ဖြစ်နေတဲ့ တတိယဘီးလေးတွေအတွက် ဖိလစ်ပိုင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည် Ang Pambansang Third Wheel (National Third Wheel) နဲ့အညီ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင် ထရီနာဟာ သူငယ်ချင်းအတွဲတွေကြား တစ်ကိုယ်တည်းသမားဖြစ်နေရသူပါ။ ရည်းစား ၃ ယောက်ထားခဲ့ဖူးပေမယ့် ဖောက်ပြန်ခံရလိုက်၊ စနှိုက်ကြော်ဇာတ် သွင်းခံရလိုက်နဲ့ အချစ်ရေးမှာ ကံဆိုးသူမောင်ရှင်ပေါ့။ အဲဒါတွေကြောင့် ဖူးစာဖက်ကိုထိုင်ပဲစောင့်နေတော့မယ်လို့ ဟစ်ကြွေးထားပါတယ်။ လုပ်ငန်းခွင်မှာလည်း အဆူခံထိနေကျ ကောင်မလေးပါပဲ။ဒီလိုနဲ့ တစ်ရက်မှာ သူ့ရုံးမှာ အလုပ်လာလျှောက်တဲ့ နီယိုဆိုတဲ့ အမျိုးသားတစ်ယောက်နဲ့ဆုံခဲ့ရပါတယ်။ နီယိုက ထရီနာရဲ့ ဖူးစာဖက်ဖြစ်နိုင်ပ့ါမလား၊ သူတို့နှစ်ယောက် ဘာတွေကျော်ဖြတ်ရဦးမှာလဲ၊ နီယိုက ထရီနာ့ကို တကယ်ချစ်ရဲ့လား၊ ...
movie

Ang Pambansang Third Wheel (2018)

2018
Nilalang (2015) Geisha of Death
Nilalang (2015) Geisha of Death အခုတင်ဆက်ပေးမှာတော့ ၂၀၁၅ ခုနှစ်ကထွက်ရှိထားတဲ့ မာရီယာအိုဇာဝါရဲ့ဖိလစ်ပိုင် Action/Horror ဇာတ်ကြမ်းကားလေးပါ... နည်းနည်းတွေဝေသွားတယ်မလား... ဒီနာမည်က ငါသိတဲ့နာမည်လားဆိုရင်တော့ ဟုတ်ပါတယ် ... ဂျပန်အပြာရုပ်ရှင်လောကရဲ့‌နာမည်ကြီးမင်းသမီးချော မာရီယာအိုဇာဝါကိုယ်တိုင်ပါပဲ... သူနဲ့ ဖိလစ်ပိုင်ကသရုပ်ဆောင်တွေနဲ့တွဲရိုက်ထားတဲ့ ဇာတ်ကားပါ...။အမှုထမ်းစရာ သခင်ရှိတဲ့အခါ ဆာမူရိုင်းလို့ခေါ်ပြီးတော့ အမှုထမ်းစရာ သခင်မရှိတော့တဲ့အခါ ရိုနင်လို့ခေါ်တာကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ ဆာမူရိုင်းတွေဟာ အမြဲလိုလိုဓားတိုတစ်လက် အရှည်တစ်လက်ဆောင်ရပြီးတော့ အမြဲဝတ်စုံပြည့်နဲ့နေရလေ့ရှိပေမဲ့ ရိုနင်တွေကတော့ အမှုထမ်းစရာ သခင်မရှိ‌တော့တဲ့အတွက် ဓားရှည်တစ်ချောင်းနဲ့လွတ်လွတ်လပ်လပ် အရပ်သားအသွင်ယူပြီးလှုပ်ရှားသွားလာလေ့ရှိတယ်‌ပေါ့ဗျာ။အဲဒီဆာမူရိုင်းတွေရော ရိုနင်တွေရော ခေတ်အဆက်ဆက်လက်ဆင့်ကမ်းပြီးစောင့်ရှောက်ခဲ့ရတဲ့ စာအုပ်တစ်အုပ်ရှိတယ်... မမြင်နိုင်တဲ့စွမ်းအားတချို့နဲ့လဲ ဆက်နွယ်နေသေးတယ်.. အဲ့ဒီစာအုပ်နဲ့ ဖိလစ်ပိုင်က စုံထောက်ကြီးနဲ့ ဘယ်လိုပက်သက်သွားမှာလဲ၊ အဘိုးဖြစ်သူရဲ့ဂိုဏ်းကိုဦးစီးနေတဲ့ မီရူကိတစ်ဖြစ်လဲ ကျွန်တော်တို့ရဲ့မာရီယာအိုဇာဝါကြီးကရော ဘယ်လိုနေရာကနေပါဝင်လာမလဲဆိုတာ...။ထူးဆန်းတဲ့ပရလောကအကြောင်းကို ခပ်ကြမ်းကြမ်းအက်ရှင်တွေနဲ့ တင်ဆက်ထားတာမို့ ကြည့်လို့မိုက်နေမယ်ဆိုတာ ညွှန်းဆိုလိုပါတယ်။  File size…(1.4 GB)/ (870 MB) Quality…WEB-DL 1080p /720p Format…mp4 Duration….01:30:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by San Thu Aung
movie

Nilalang (2015) Geisha of Death

Last Fool Show (2019) 6.7
Last Fool Show (2019) Last Fool Show (2019)ဖိလစ်ပိုင်ကားတွေ ကြိုက်တဲ့သူတွေအတွက် ကြိုက်မယ့်ဇာတ်လမ်လေးပါ။ အချစ်ဇာတ်လမ်းတွေဆို ဖိလစ်ပိုင်တွေက နင့်နင့်နဲနဲ ခံစားရအောင် ရိုက်တတ်ကြပါတယ်။ဖြစ်ဖူးကြမလား မသိဘူး????? ကိုယ်တွေ့ဇာတ်လမ်းကို ကိုယ်တိုင်ဇာတ်လမ်းဖန်တီးရမယ့် အဖြစ်အပျက်မျိုး။ ဒီဇာတ်လမ်းက ဇာတ်ကောင်ကတော့ ဒီအဖြစ်အပျက်နဲ့ ကြုံခဲ့ရတဲ့အကြောင်းပါ။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။အမျိုးသမီးဒါရိုက်တာ မီရေးဆာဟာ ထိတ်လန့်စရာဇာတ်ကားတွေ၊ လူထုကို မီးမောင်းထိုးပြတဲ့ ဇာတ်လမ်းတိုတွေ ရိုက်ပြီး ရုပ်ရှင်ဆိုင်ရာ ဆုများစွာကို ရရှိခဲ့ဖူးသူ တစ်ယောက် ဖြစ်ပါတယ်။သူမ အလုပ်ဝင်မယ့်ဂလက်စီရုပ်ရှင်ထုတ်လုပ်ရေးက လက်ရည်စမ်းတဲ့အနေနဲ့ သူမကို ရိုမန့်စ် ဟာသဇာတ်လမ်းတစ်ပုဒ်ကို ရိုက်စေချင်တယ်။ ရိုက်နေကျ ဇာတ်လမ်းတွေနဲ့ လုံးလုံးကွဲထွက်နေတဲ့ ရိုမန့်စ်ဟာသ ရုပ်ရှင် ရိုက်ရတော့မယ်ဆိုတော့ ဇာတ်ညွှန်းရေးဖို့ ဒါရိုက်တာမမ ခေါင်းစားရတော့တာပေါ့။ဒီလိုနဲ့ အရင်က အချစ်ဇာတ်လမ်းဟောင်းတစ်ပုဒ်ကို ပြန်အသက်သွင်းဖို့ ဖြစ်လာခဲ့တယ်လေ။ လွန်ခဲ့တဲ့သုံးလေးငါးနှစ်က အခုချိန်တွေးရင်တောင် အခုပြန်သတိရတဲ့အတိတ်ဟောင်းတစ်ခုကိုပေါ့အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ကို တစ်လှည့်စီ ပြသသွားတဲ့ အခင်းအကျင်းကလည်း ဇာတ်လမ်းကို တစ်မျိုးတစ်ဖုံ လှပစေခဲ့ပြန်ပါတယ်။သီချင်းစာသားလေးတွေကလည်း အတော်မိုက်ပါတယ်။ ဇာတ်ဝင်သီချင်းရဲ့အသက်ဝင်မှုနဲ့ ပံ့ပိုးထားတာမို့ အရိုတစ်လိုင်း ပရိသတ်တို့ ရင်ထဲရောက်မယ့် ကားတစ်ကားပဲ ဖြစ်ပါတယ်။IMDb- 6.7/10 ဆိုတော့ ဇာတ်လမ်းရဲ့အတိမ်အနက်ကို တွေးသာကြည့်ပါတော့Review ...
movie

Last Fool Show (2019)

2019
Luck at First Sight (2017) 8.4

Luck at First Sight (2017)

2017