Channel Myanmar

Chris Sandiford

Thanksgiving(2023) 7.0
Thanksgiving(2023) Thanksgiving(2023)******************(ရက်စက်တဲ့သတ်ဖြတ်ခန်းတွေပါတဲ့ R Rated အမျိုးအစား ဟော်ရာမို့နှပ်ချေးစားကလေးငယ်များနှင့်အတူမကြည့်သင့်ပါဘူး...)ဒီနှစ်ထဲမှာ ထွက်ထားတဲ့ ဟော်ရာတွေမှာ အတော်ကောင်းတဲ့ကားထဲမှာပါပါတယ်။သရဲမဟုတ်ဘဲ ဟော်ရာလူသတ်ရုပ်ရှင်ကိုမှ တရားခံမပြထားတဲ့ ပဟေဠိဆန်ဆန် အမျိုးအစားပဲဖြစ်ပါတယ်။Scream ရုပ်ရှင်တွေနဲ့ ဆင်တူပါတယ်။ ကျေးဇူးတော်နေ့မှာ ပလိုင်းမောက်မြို့လေးရဲ့ ရိုက်ကုန်တိုက်ပိုင်ရှင်ကအထူးလျှော့ဈေးနဲ့ ရောင်းပေးဖို့ကြေညာထားတဲ့အတွက် ကုန်တိုက်ရှေ့မှာတစ်မြိုု့လုံး လာစုနေကြပါတယ်။ အဲဒီဈေးရောင်းပွဲတော်မှာ ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ပြီးလူတွေသေကုန်တာနဲ့အဆုံးသွားပါတယ်။ နောက်တစ်နှစ် ကျေးဇူးတော်နေ့အချိန်မှာဒီဈေးရောင်းပွဲတော်ကိုပဲ ထပ်လုပ်ဖို့စီစဉ်ချိန်မှာတော့ အရင်နှစ်က ပွဲမှာ လူသေမှုတွေဖြစ်အောင်ပတ်သတ်ခဲ့တဲ့သူတွေအားလုံး တစ်ယောက်ပြီး တစ်ယောက် ရက်ရက်စက်စက်လိုက်သတ်တာခံရပါတော့တယ်။ ဒီတော့ အရင်နှစ် ကျေးဇူးတော်နေ့က သေသွားခဲ့တဲ့သူတွေနဲ့ပတ်သတ်တဲ့သူတွေထဲက ဘယ်သူက တရားခံလဲဆိုတာကို လိုက်ဖော်ဖို့ ကြိုးစားရင်းအသတ်မခံရအောင် ရုန်းကန်ကြရတဲ့လူတစ်စုကို ကြည့်ရမှာပါပဲ။ သတ်ဖြတ်ခန်းတွေအရမ်းကြမ်းတမ်းလို့ ကြောက်တတ်သူတွေမကြည့်သင့်ကြောင်း ကြိုပြောထားပါရစေ။File size…3.36GB /1.6 GB  / 691MB Quality…4K HEVC,WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1hr 46min Genre ….. Horror, Mystery, Thriller Subtitle….Myanmar ...
movie

Thanksgiving(2023)

4K HEVC
Moonfall (2022) 5.3
Moonfall (2022) Moonfall (2022) ကမ္ဘာကြီးကို ဟစ်တလာက တစ်ခါပဲ ဖျက်ဆီးခဲ့ပေမဲ့ ဟစ်တလာထက်ဆိုးပြီး ကမ္ဘာကို ခဏခဏဖျက်နေတဲ့ ဂျာမန်သားတစ်ယောက်ရှိပါတယ်။ သူကတော့ Roland Emmerich ပါ။ အမ်းမရစ်ဟာ Independence Day၊ The Day After Tomorrow နဲ့ 2012 တို့လို ကမ္ဘာပျက်ကားတွေချည်း အဓိကရိုက်ခဲ့တဲ့ ‌ဒါရိုက်တာလို့ ဆိုရပါမယ်။ အခုလည်း လက ကမ္ဘာကို ၀င်တိုက်ပြီး ကမ္ဘာပျက်တဲ့ကားပါပဲ။လနဲ့ပတ်သက်တဲ့ သီအိုရီငစားတွေ အများကြီးကြားဖူးမှာပေါ့။ ဒီရုပ်ရှင်ကတော့ ကြားဖူးသူရှားလောက်မယ့် သီအိုရီတစ်ခု သုံးထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ လဟာ လူကဖန်တီးထားတဲ့ မဟာယန္တရားကြီးပါပဲ။ ဇာတ်လမ်းက ဒီသီအိုရီကို ယုံကြည်တဲ့ ကောင်လေးတစ်ယောက်က လကြီးပတ်လမ်းချော်နေတာကို သတိထားမိရာက စပါတယ်။ သူဘာလို့ယုံတာလဲဆိုတော့ အပိုလို၁၁ကနေ လောင်စာကန်အလွတ်ကို လကြမ်းပေါ်ပစ်ချလိုက်တော့ တစ်နာရီလောက် ခေါင်းလောင်းလို မြည်နေခဲ့တာမို့ လက အထဲမှာ ‌ဗလာသက်သက်ကြီးလို့ ဆိုပါတယ်။ ...
movie

Moonfall (2022)

2022
The Broken Hearts Gallery(2020) 6.6.
The Broken Hearts Gallery(2020) The Broken Hearts Gallery(2020)ချစ်သူနဲ့ပါတ်သတ်တဲ့အမှတ်တရတွေကိုသိမ်းဆည်းတတ်တဲ့ ကောင်လေး၊ကောင်မလေးတွေ CM ပရိသတ်ကြီးထဲမှာရှိကြမယ်လို့ထင်ပါတယ်။လမ်းခွဲပြတ်စဲသွားချိန်မှာတောင်ဒီအမှတ်တရတွေကို မဖျက်ဆီးရက်တဲ့အခါ နာကျင်ခံစားကြရမှာပါ။အဲဒီလိုရှေ့မဆက်နိုင်ပဲနာကျင်နေရတာတွေကိုကုစားဖို့ Hear Broken Gallery (2020)လာပါပြီ။စွန့်ပစ်ဖို့လည်းခက် ဖက်တွယ်ဖို့လည်းနာကျင်နေရရင် ဒီကားလေးကိုသတိရလိုက်ပါ။ဒီကားလေးမှာတော့ တွဲသမျှကောင်လေးတိုင်းရဲ့အမှတ်တရတွေကိုသိမ်းထားတတ်တဲ့ကောင်မလေးလူစီက ပြခန်းတွေကိုစီမံရတာ၀ါသနာပါတဲ့ကောင်မလေးတစ်ယောက်‌ပေါ့။တစ်နေ့တော့ သူ့ချစ်သူနဲ့ပြတ်စဲသွားတဲ့အချိန်မှာဒီအမှတ်တရပစ္စည်းတွေကိုလွှင့်မပစ်နိုင်မယ့်အတူတူထားစရာနေရာရှာပါတော့တယ်။အဲဒီမှာပဲ ဟိုတယ်ဖွင့်ဖို့ကြိုးစားနေတဲ့ နစ်ခ်နဲ့ဆုံပါတော့တယ်။သူတို့တွေဘာဆက်ဖြစ်မယ်ဆိုတာ စိတ်၀င်စားစွာနဲ့ကြည့်ရှုရမှာပါ။ Comedy, Romance ဖြစ်တဲ့ဒီကားလေးမှာ Stranger Thing စီးရီးထဲက ဆွဲဆောင်မှုရှိတဲ့ဘီလီက နစ်ခ်အနေနဲ့ပါ၀င်သရုပ်ဆောင်ထားပါတယ်။ဒီတစ်ခါတော့ Charming type လေးအနေနဲ့ပါ၀င်ထားတဲ့ ဒီဇာတ်လမ်းလေးက အဆုံးထိစိတ်၀င်တစားကြည့်ရှုရမယ့်ကားလေးပါ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Aye Mon Kyaw ပဲဖြစ်ပါတယ်...File Size :(940 MB) and (321 MB) Quality : WEB-DL 720p Format…mp4 Duration…01:49:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon ...
movie

The Broken Hearts Gallery(2020)

Zoe (2018) 6.1
Zoe (2018) Zoe ရုပ်ရှင်ဇာတ်ကားကတော့ 2018ခုနှစ်မှာ ထွက်ရှိတာဖြစ်ပြီး အများနဲ့မတူပုံစံကွဲထွက်နေတဲ့ ဇာတ်လမ်းမျိုးကိုမှရိုက်လေ့ရှိတဲ့ ဒါရိုက်တာ Drake Doremus ကရိုက်ကူးထားတာပဲဖြစ်ပါတယ်။ AI နည်းပညာတွေတိုးတက်လာနဲ့အမျှ ပုံစံတူစက်ရုပ်တွေဟာ လူသားအစစ်တွေနဲ့ ခွဲခြားလို့မရအောင်ကို အရာရာမှာ ထပ်တူကြလာပါတယ်။ ဒီဇာတ်ကားမှာဆိုရင် မြင်နေတွေ့နေကျဇာတ်လမ်းမျိုးက ကွဲထွက်သွားပြီး သဘာဝကို ကျော်လွန်တဲ့ လူသားမျိုးစိတ်နဲ့ စက်ရုပ်တို့ရဲ့ပေါင်းစပ်ပုံကိုဖော်ပြထားပါတယ်။ " ဇိုး " ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ရိုမန်တစ်ဆန်ဆန်လေးရိုက်ကူးထားတာပါ။ စက်ရုပ်နဲ့လူသားဖြစ်တာတောင် အချစ်နဲ့တွေ့ရင် အရာရာကိုနားလည်လက်ခံနိုင်လာတာကို ဒီဇာတ်ကားမှာတွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ "Zoe" ကိုတော့ May Thu ကဘာသာပြန်ပေးပြီး အညွှန်းကိုလဲကိုယ်တိုင်ရေးပေးထားပါတယ်
movie

Zoe (2018)

2018