Channel Myanmar

Chris Thayer

The Civil Dead (2023) 6.3
The Civil Dead (2023) The Civil Dead (2023) ================ IMDb Rating - 6.3/10ဒီကားလေးကတော့ Clay လို့ခေါ်တဲ့ အပျော်တမ်းဓာတ်ပုံစရာ တစ်ယောက်ရဲ့ ကြုံခဲ့တာလေးကိုရိုက်ကူးထားတာပါ။ Clay က များသောအားဖြင့် အိမ်မှာဘဲ ဘီယာလေးသောက်လိုက် Chill လိုက်နဲ့ နေတတ်တဲ့ အိမ်တွင်းပုန်းဖက်တီးလေးတစ်ယောက်ပေါ့။ ဒါပေမဲ့ သူ့မှာချစ်သူကောင်မလေးတော့ရှိပါတယ်။ အိမ်ငှားခပေး ရက်နီးလာပြီဆိုရင် ကောင်မလေးကခိုင်းတော့ Clay တစ်ယောက် ပုံလေးဘာလေးထွက်ရိုက်ရတာပေါ့။တစ်နေရာကျ သူရိုက်မဲ့ ရိုက်ကွင်းထဲ လူတစ်ယောက်က လာပိတ် ရပ်နေတော့ Clay လည်း ဘာညာသွားပွားရင်းနဲ့ အမှတ်မထင် စကားလက်ဆုံကျပြီး ခင်မင်သွားပါတော့တယ်။ လူတစ်ယောက် ဓာတ်ပုံရိုက်မဲ့ရှေ့ ဖြတ်လျှောက်တာတောင် ခုကာလမှ သိပ်ကြိုက် ကြတာမဟုတ်ဘူးမှတ်လား၊ အခုလိုရိုက်မဲ့ view ထဲ တည့်ကြီးရပ် နေတာကကျ ဘောင်ကျော်သွားပါပြီ။ ဒါပေမဲ့ ဖြစ်ချင်တော့ ရပ်နေ တဲ့သူကလည်း အမြင်ကတ်ပုဒ်မနဲ့ရပ်နေတာမဟုတ်ဘဲ သူ့ကိုမမြင် နိုင်ဘူးထင်လို့ သူ့ဖာသာရပ်နေတာပါ၊ ဘာလို့ဆို သူက သရဲဖြစ်နေ လို့ပါဘဲ။ အဲတော့ သရဲ နဲ့ ဘော်ဒါဖြစ်သွားတဲ့ Clay တစ်ယောက် ဘာတွေဘယ်လိုကြုံရမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက် ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File ...
movie

The Civil Dead (2023)

2023
Teenage Badass 7.3
Teenage Badass ဒီကား​လေးက​တော့ 2020 စက်တင်ဘာလ က ထွက်ရှိခဲ့ပြီး ဂီတလူငယ်​တွေ အ​ကြောင်းရိုက်ကူးထားတဲ့ ဟာသ ဇာတ်ကား​လေးလည်းဖြစ်ပါတယ် ၂၀၀၆ ဝန်းကျင်​လောက်ကို အ​​ခြေခံပြီးရိုက်ကူးထားပါတယ် ဒီကားထဲမှာ​တော့ အဓိက ဇာတ်​ဆောင် Brad ဆိုတဲ့ ကောင်​လေးက ဂီတကိုရူးသွပ်သူဖြစ်သလို ဒရမ်တီးလည်း ဝါသနာပါတဲ့ ​ကောင်​လေးဖြစ်ပါတယ် တစ်​​နေ့မထင်မှတ်ပဲ သူ အရမ်းသ​​ဘောကျတဲ့တီးဝိုင်းတစ်ခု မှ ာသူ ဒရမ်တီးခွင့် ရလာတဲ့အခါမှာ​​တော့ အ​​ခြေအ​နေက လွယ်လွယ်ကူကူနဲ့ပဲ အဆုံးသတ်သွားမလား တီးဝိုင်း ထဲမှာ ​ရော ဘယ်လို အခက်အခဲ ​တွေရှိနိုင်မလဲ ဆိုတာက​တော့.... ဒီကား​လေး မှာ​တော့ လူငယ် ​တွေရဲ့ ဂီတ​အပေါ် ရူးသွပ်မှုမိသားစုစိတ်ဓါတ်ရှိမှု အချစ်​ရေး အစ ရှိတာ​တွေကို ​ တွေ့မြင်ရမှာလည်းဖြစ်ပါတယ် ဂီတဝါသနာ ပါတဲ့ ရုပ်ရှင်ချစ်ပရိသတ်​တွေအတွက်က​တော့​ ပေါ့​ပေါ့ပါးပါး နဲ့ ကြည့်လိုအဆင်​ပြေမယ့် လူငယ်ဟာသာကား​လေးပဲ ဖြစ်ပါတယ် Imdb 5.0 ရရှိထားပြီး RottenTomatoes မှာတော့ 78% ရရှိထားပါတယ်ဗျ File Size -  1 gb Quality - web-dl 1080p Subtitle -  burmese Translator - Thu Khant Encoder - Thit ...
movie

Teenage Badass

2020