Channel Myanmar

Chris Wedge

Ice Age: A Mammoth Christmas (2011) 6.4
Ice Age: A Mammoth Christmas (2011) ဒီဇာတ်လမ်း​လေးက Ice ageရဲ့ခရစ္စမတ်အထူး ဇာတ်လမ်းတို​လေး ဖြစ်ပြီး ၂၀၁၁ခုနှစ်က ထွက်ရှိခဲ့တာပါ။ Ice Age 3 ပြီးတဲ့ကာလကို ဇာတ်အိမ်တည်ထားတာ ဖြစ်ပြီး မန်နီနဲ့ အယ်လီတို့ရဲ့သမီး ပိချက်စ် စတင်ပါဝင်လာတဲ့ ဇာတ်လမ်း​လေးပါ။ခရစ္စမတ်အတွက် မန်နီတို့တ​တွေ ပြင်ဆင်​နေကြချိန် ထုံးစံအတိုင်း ဆစ်ဒ်​ကြောင့် ပြင်ဆင်ထားတာ​တွေ အကုန်ပျက်စီးသွားလို့ မန်နီက ​ဒေါသထွက်ပြီး ဆန်တာက​​လော့စ်ရဲ့ ခရစ္စမတ် လူဆိုးစာရင်းထဲမှာ ဆစ်ဒ်ပါသွားပြီဖြစ်​ကြောင်း ​ခြောက်လိုက်တာကို ဆစ်ဒ်ကတကယ် ထင်မှတ်ပြီး ​မြောက်ဝင်ရိုးစွန်းအထိသွားကာ ဆန်တာက​လော့စ်ကို ရှာဖို့ လုပ်ပါ​တော့တယ်။သူနဲ့အတူတူ ပိချက်စ်​အပြင် အက်ဒီနဲ့ ခရက်ပါ ပါသွားတာ​ကြောင့် မလွဲရရင် မ​နေနိုင်တဲ့ ဆစ်ဒ်ကို​ကြောက်တဲ့ မန်နီတို့တ​တွေပါ သူတို့ ​လေး​ယောက်ကို လိုက်ရှာရပါ​တယ်။ ​သူတို့ရဲ့ ဆန်တာရှာပုံ​တော်မှာ ဘယ်လိုအလွဲ​တွေ ဖြစ်ဦးမလဲဆိုတာ မိသားစုနဲ့အတူ ဒီပိတ်ရက်မှာ အပန်း​ဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်​ပေးလိုက်ပါတယ်။  File size…  655 MB Quality… Web-DL 1080p Format… mp4 Duration…. 26m Genre .....  Animation , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit ...
movie

Ice Age: A Mammoth Christmas (2011)

2011
Ice Age (2002) 7.5
Ice Age (2002) ဒီကားဟာ Ice Age franchiseရဲ့ ပထမဆုံးဇာတ်ကား ဖြစ်သလိုကျွန်​တော်တို့ ချစ်ရတဲ့ ဇာတ်​ကောင်​တွေကို ပထမဆုံး မြင်ဖူးခဲ့တဲ့Animationလည်း ဖြစ်ပါတယ်။ မန်နီ၊ ဒီ​ယေဂို၊ ဆစ်ဒ​နေ ​ဘော်ဒါသုံး​​ယောက်ဟာ အဖွဲ့မဖြစ်သေးပါဘူး။သူတို့ကိုဆုံ​စေခဲ့တဲ့ အဓိကအ​ကြောင်းရင်းက​တော့က​လေးတစ်​ယောက်ပါပဲ။ဒီ​ယေဂိုရဲ့ ကျားအုပ်က လူ​သားတွေကို တိုက်ခိုက်ရင်း ထွက်​ပြေးလွတ်​မြောက်လာတဲ့ မိခင်တစ်​ယောက်နဲ့ က​​လေးတစ်​ယောက်ကဆစ်ဒ် မန်နီတို့နဲ့ တိုက်တိုက်ဆိုင်ဆိုင်တွေ့ခဲ့ပြီး မိခင်ဆုံးပြီး​နောက်ကျန်ခဲ့တဲ့ လူမမယ်က​လေး​​လေးကို သူ့ဖခင်လူသား​တွေဆီ ပြန်ပို့​ပေးဖို့က မန်နီတို့ရဲ့တာဝန် ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်းဒီ​ယေဂိုရဲ့ခေါင်း​ဆောင်ကျားက အဲဒီက​လေးကို အရှင်လတ်လတ်ပြန်ဖမ်း​ခေါ်လာဖို့ အမိန့်​ပေးထားလို့ ဒီ​ယေဂိုအ​နေနဲ့ မန်နီနဲ့ ဆစ်ဒနီ၂​​ကောင်ကြား ဝင်​ရောဖို့ ကြိုးစားရင်း အလွဲလွဲအ​ချော်​ချော်​​တွေ၊ပဋိပက္ခ​တွေ ​ပေါင်းစုံနဲ့ ဗရုတ်သုက်ခအဖွဲ့ကြီးရဲ့ မဟာစွန့်စားခန်းစတင်ခဲ့ပါ​တော့တယ်။  File size…  4.2 GB / 1.6 GB /  837 MB Quality… Web-DL  4K HDR /  1080p / 720p Format… ...
movie

Ice Age (2002)

2002
4K HEVCHDR
Ice Age: The Meltdown (2006) 6.8
Ice Age: The Meltdown (2006) ဒီဇာတ်ကားက Ice age franchiseရဲ့ ဒုတိယဇာတ်ကား ဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်ကားက ဆင်ကြီးမန်နီရဲ့ emotional damageကို အဓိကဦးတည်ထားတာပဲ ဖြစ်ပါတယ်၊ အ​မွေးရှည် မန်းမွန့်ဆင်မျိုးစိတ်ထဲမှာ သူသာကျန်ခဲ့​တော့တယ်လို့ ယုံကြည်ထားတဲ့ ဆင်ကြီးမန်နီဟာ အထီးကျန်​ဝေဒနာကို ခံစားခဲ့ရ သလို သူငယ်ချင်း​တွေဖြစ်တဲ့ ဒီ​ယေဂိုနဲ့ ဆစ်ဒ်တို့ဟာလည်း သူ့ကို မ​ဖျောင်းဖြနိုင်ခဲ့ပါဘူး။အဲဒီအချိန်မှာ မန်နီ့ဘဝရဲ့ကံ​ကောင်းမှုအဖြစ် အယ်လီဆိုတဲ့မျိုးတူ ဆင်မ​လေးတစ်​ကောင်ဟာ သူ့ဘဝထဲကို ​ဆိုက်ဆိုက်မြိုက်မြိုက်ပဲ ​ရောက်လာခဲ့ပါတယ်။ ဖြစ်ချင်​တော့ အယ်လီက ငယ်ဘဝမှာထဲက မိဘ​တွေနဲ့ သင်းကွဲပြီး ကြွက်​မိသားစုရဲ့ ပျိုး​ထောင်မှု​​ကို ခံခဲ့ရလို့ သူ့ကိုယ်သူ ကြွက်လို့ထင်​​နေတာပဲ ဖြစ်ပြီး အက်ဒီနဲ့ ခရက်ရှ်ဆိုတဲ့ ​မောင်နှစ်​ယောက်ပါ ရှိ​နေပါ​သေးတယ်။ဒါ​ကြောင့် ဆင်ကြီးမန်နီအ​နေနဲ့ အယ်လီကို လူပျိုမလှည့်ခင် သူ့ရဲ့ ဘဝမှန်ကို အရင်သိ​အောင် ​​ရှင်းပြရသလို သူ့​မောင်နှစ်​ကောင်ကို စည်းရုံး​ရေးဆင်းရင်း ကြုံရမယ့်အလွဲ​​အမှားတွေကို ဟာသ​နှောပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ File size…  5.9 GB / 2.1 GB /  1 GB Quality… Web-DL  4K HDR ...
movie

Ice Age: The Meltdown (2006)

2006
4K HEVCHDR
Ice Age: Dawn of the Dinosaurs (2009) 6.9
Ice Age: Dawn of the Dinosaurs (2009) ဒီဇာတ်ကားက Ice age franchiseရဲ့ တတိယဇာတ်ကား ဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီကားရဲ့အဓိကဇာတ်​ဆောင်က အချစ်​တော် ဆ​လော့တ် ဆစ်ဒနီပဲဖြစ်ပါတယ်။ ကမ္ဘာဦး​ရေခဲ​ခေတ် မှာ သူတို့မသိထားတဲ့ ​မြေ​အောက်ကမ္ဘာတစ်ခု ရှိ​နေခဲ့ပြီး တစ်​နေ့မှာ အဲဒီကမ္ဘာကို သွားတဲ့ဝင်​ပေါက်တစ်ခုကို ဆစ်ဒ်က ကံ​အား​လျော်စွာ ရှာ​တွေ့သွားခဲ့ပါတယ်။ မိသားစုရဲ့စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ဆစ်ဒ်ဟာ သူငယ်ချင်း မန်နီရဲ့မိသားစုဘဝကို အားကျ​တာ​ကြောင့် ကိုယ်ပိုင် မိသားစုတစ်ခုကို လိုချင်​နေခဲ့တာပါ။ ဒါ​ကြောင့် မြေ​အောက်ကမ္ဘာ မှာ​ ​တွေ့ခဲ့တဲ့ဥသုံးလုံးကို ဘူမသိကိုးမသိ ​မြေ​ပေါ်ကမ္ဘာကိုယူလာပြီး သူ့က​လေး​တွေလို ​ပျိုး​ထောင်ဖို့ လုပ်ခဲ့ပါတယ်။ဖြစ်ချင်​တော့ အဲဒီဥ​တွေဟာ ဒိုင်နို​ဆောဥ​တွေဖြစ်​နေပြီး မိခင်ရင်း ဖြစ်သူ ဒိုင်နို​ဆောမကြီးက ​မြေ​ပေါ်အထိ တက်လာပြီး သူ့က​လေး​ ​တွေကို ပြန်လာ​ခေါ်ရင်း ဥ​တွေကိုယူသွားတဲ့ ဆစ်ဒ်ကိုပါ ဖမ်းသွား လို့ မန်နီ ဒီ​ယေဂိုနဲ့ ကိုယ်ဝန်အရင့်အမာကြီး ဖြစ်​နေတဲ့ အယ်လီတို့ တစ်သိုက်ခမျာ သူတို့မကျွမ်းဝင်တဲ့ ​မြေ​အောက် ဒိုင်နို​ဆောကမ္ဘာ အထိလိုက်ပြီး ဆစ်ဒ်ကိုကယ်ဖို့ ကြိုးစားရပါ​တော့တယ်။ File size…    7.3 GB /   2.4 GB ...
movie

Ice Age: Dawn of the Dinosaurs (2009)

2009
4K HEVCHDR
Ice Age: Continental Drift (2012) 6.5
Ice Age: Continental Drift (2012) ဒီဇာတ်ကားက Ice age franchiseရဲ့ စတုတ္ထဇာတ်ကား ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းကြီးတစ်ခုလုံးမှာ အစကတည်းက ပါဝင်ခဲ့တဲ့ ဝက်သစ်ချသီးကိုမှ အရူးအမူးစွဲလမ်း ​နေတဲ့ ရှဉ့်​လေး​ကြောင့်ပဲ ဒီဇာတ်လမ်း မြစ်ဖျားခံလာခဲ့တယ်လို့ ​ပြောရမှာပါပဲ။ အမြဲတမ်း ကိုရီးယားကားလိုမျိုး တေ့လွဲလွဲ​နေတဲ့ ဝက်သစ်ချသီးကို လိုက်ဖမ်းရင်း အဆိုပါရှဉ့်ဟာ ကမ္ဘာ့ဗဟိုချက် အူတိုင်ထဲကို ​ကျသွားပြီး သူ့ရဲ့ဂယက်​ကြောင့်ပဲ ကမ္ဘာဦး​ခေတ်ရဲ့ ကုန်း​မြေ​တွေ တစ်စစီပြိုကွဲသွားကာ ယ​နေ့​ခေတ် တိုက်ကြီး၇ခုရဲ့ ကနဦးဗားရှင်း​​တွေ ဖြစ်လာခဲ့ပါတယ်။ဒီသက်​ရောက်မှုကို အဓိကခံခဲ့ရတာက ​ကမ္ဘာပေါ်က တိရစ္ဆာန်​တွေ ဖြစ်ပြီး ​မြေလွှာပြတ်​ရွေ့မှု​တွေ​ကြောင့် ​​နေရပ်​ဌာနတွေ ပျက်စီးကာ မိသားစုပြိုကွဲမှု​တွေ ကြုံခဲ့ရပါတယ်။ အဲဒီထဲမှာ ဇာတ်လိုက်​ကျော် မန်နီတို့ မိသားစုလည်း ပါဝင်ခဲ့ပြီး ဇနီးအယ်လီ၊သမီးပိချက်စ်တို့ရဲ့ အ​ဝေးကိုရောက်သွားခဲ့တာ​ကြောင့် မိသားစုဆီပြန်ဖို့ မန်နီတို့အဖွဲ့ရဲ့ ကြိုးစားအားထုတ်မှု​တွေ၊ ခရီးမှာကြုံရတဲ့ ဓါးပြ​အဖွဲ့ရဲ့ အန္တရာယ် ​တွေကို ​ကျော်ဖြတ်ဖို့ကြိုးစားမှု​တွေကို မြင်​တွေ့ရမှာပါ။ ဒီကားမှာ character အသစ်​တွေအဖြစ် ဒီ​ယေဂိုရဲ့ချစ်သူဖြစ်လာမယ့် ရှီရာ ဆိုတဲ့ ကျားမ​လေးနဲ့ ဆစ်ဒနီရဲ့ အဘွားဖြစ်သူပါ ပါလာတာ​ကြောင့် အလွဲအ​ချော်​တွေ၊ဟာသ​တွေနဲ့ Ice age​တွေရဲ့အရသာ မပျက်တဲ့ Animationဇာတ်ကား​ကောင်းပဲ ဖြစ်ပါတယ်။ File size…  ...
movie

Ice Age: Continental Drift (2012)

2012
4K HEVCHDR
Ice Age: Collision Course (2016) 5.7
Ice Age: Collision Course (2016) ဒီဇာတ်ကားက Ice age franchiseရဲ့ ပဥ္ဇမဇာတ်ကား ဖြစ်သလို ​နောက်ဆုံးဇာတ်ကားလည်း ဖြစ်ပြီး ၂၀၁၆နှစ်မှာ ထွက်ခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကလက်သည်ကလည်း ထုံးစံအတိုင်း ရှဉ့်​​လေး ဖြစ်ခဲ့ပြီး ဝက်သစ်ချသီးကို လိုက်ဖမ်းရင်း ပန်းကန်ပြားပျံတစ်စင်း ​တွေ့ကာ အာကာသထဲ​ရောက်သွားရမှတဆင့် ဒီဇာတ်လမ်း စခဲ့ပါ တယ်။ သူ့ရဲ့ဂယက်​တွေ​ကြောင့်ပဲ ကမ္ဘာ​ပေါ်ကို ဥက္ကာခဲကြီးတစ်ခု ပြုတ်ကျလာပြီး အဲဒီဥက္ကာခဲက​နေတဆင့် ​​နောက်ထပ်ဥက္ကာခဲ​​တွေ တစ်လုံးပြီး တစ်လုံး ဆင့်ကျလာရင်း ကမ္ဘာပျက်မယ့်အ​ရေးအထိ ကြုံလာရပါ​တော့တယ်။ဒါ​ကြောင့် မန်နီ ဆစ် ဒီ​ယေဂိုတို့ သူငယ်ချင်း​တွေနဲ့ မိသားစုဝင်​တွေ Ice Age 3မှာ ပါဝင်ခဲ့တဲ့ ဘက်ခ်တို့ပါ ပြန်လည်ပါဝင်လာပြီး ကမ္ဘာ ပျက်မယ့်အ​ရေးကို ကာကွယ်ဖို့ ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း မန်နီရဲ့သမီး​လေးပိချက်စ်မှာ ချစ်ရတဲ့သူရှိလာပြီး တစ်အိုးတစ်အိမ် ​ထူ​ထောင်ဖို့ ကြိုးစားလာတာ​ကြောင့် သမီးကို တုန်​နေ​အောင်ချစ်တဲ့ ဆင်ကြီးမန်နီခမျာ သမီးကိုလက်မလွှတ်နိုင်၊ နှ​မြောလည်းနှ​မြောပြီး သမီးဖြစ်သူရဲ့ ချစ်သူ သမက်​လောင်းကို ဘုကလန့်တိုက်ပုံ​တွေက အ​တော်​လေးရယ်ရပါတယ်။ ငယ်စဉ်ကတည်းက ကြည့်လာခဲ့ရတဲ့ Ice ageဆိုတဲ့အရသာကို sequel​တွေရဲ့ထုံးစံအတိုင်း အပြည့်အဝ မရနိုင်​ပေမဲ့ franchiseကြီးတစ်ခုလုံးကို အ​ကောင်းဆုံး ပိတ်သိမ်း ​ပေးနိုင်ခဲ့တဲ့၊ ကျွန်​တော်တို့ချစ်ခဲ့ရတဲ့ ဇာတ်​ကောင်​တွေကို ...
movie

Ice Age: Collision Course (2016)

2016
4K HEVCHDR
Robots (2005) 6.4
Robots (2005) တချို့ဇာတ်ကား​တွေက ထွက်ရှိတာ ဘယ်​​လောက်ပဲကြာခဲ့ပါ​စေ၊ ပိုစတာ​လေး မြင်ရုံ၊ ဗီဒီယိုအတိုအစ​လေးတစ်ခုကို မြင်လိုက်ရုံနဲ့ အဲဒီဇာတ်ကားကို ကြည့်ခဲ့စဉ်က အချိန်​နဲ့ အဖြစ်အပျက်​တွေကို ပြန်လည်မြင်​ယောင်လာတဲ့ Nostalgiaလို့​ခေါ်တဲ့ ခံစားချက်မျိုး ​ပေးစွမ်းနိုင်တဲ့ ဇာတ်ကား​​​​တွေ အများကြီးပါ။ ဘာသာပြန်သူလို ၁၉၉၀​နှောင်းပိုင်း​မွေးသူ​တွေအဖို့ ထိုခံစားချက်ကို​ အ​ပေးနိုင်ဆုံး ဇာတ်ကား​တွေက animationလို့ခေါ်ရမယ့် ကာတွန်းကား​တွေပဲ ဖြစ်မယ် ထင်ပါတယ်။VCD​ခေတ်ကစလို့ တရုတ်က​လာတဲ့ ၃၂​ကားတွဲ ကတ်ထူအဖုံးနဲ့ ကာတွန်း​​ခွေတွေ၊ ၄​ကားတွဲ၊ ၈ကားတွဲ ကာတွန်းခွေ​တွေ စသဖြင့် ကျွန်​တော်တို့ က​လေးဘဝမှာ ကာတွန်းကား၊ ပါဝါရိန်းဂျားကား၊ ဘာဘီကား​တွေနဲ့ မဖြတ်သန်းဖူးတဲ့သူဆို​တာ အ​တော်ရှားမှာပါ။ ဒီဇာတ်ကားကလည်း ငယ်ငယ်တုန်းက အ​ခွေတွဲ အများစုထဲမှာ ပါခဲ့တဲ့ ဇာတ်ကားဖြစ်သလို အ​​တော်များများလည်း ရင်းနှီးမယ့် ဇာတ်ကားပါပဲ။ဒီ Animationကို 20th Century Foxက​နေ ဖြန့်ချိခဲ့တာဖြစ်ပြီး IMDb 6.4နဲ့ RT 64%ရရှိထားပါတယ်။ Rating​တွေဆိုတာထက် ဒီဇာတ်လမ်းကို ကြည့်​ရတဲ့ခံစားချက်ကိုက သ​ဘောကျဖို့​ကောင်း ​နေတဲ့ ဇာတ်ကားမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်းက နယ်မြို့​လေးမှာ ကြီးပြင်းလာတဲ့ ​ရော့ဒ်နီ ကော့ပါး​ဘော်တွန်ဆိုတဲ့ စက်ရုပ်​လေးက ငယ်ငယ်ကတည်းက တီထွင်ဖန်တီးရာမှာ ပါရမီရှိတဲ့သူ ဖြစ်သလို အကူအညီလိုအပ်နေတဲ့ တခြားစက်ရုပ်​တွေကို ကူညီ​ပေးဖို့ အထုံ ပါလာသူပဲ ...
movie

Robots (2005)

2005