Channel Myanmar

Chris Whitcomb

Junction (2024) 5.2
Junction (2024)  ဒီရုပ်ရှင်ကတော့ လက်ရှိ ၂၁ ရာစုနှစ် အမေရိကန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အိုပီရိုက် (အကိုက်အခဲပျောက်ဆေး) ကပ်ဘေး ကို ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီရဲ့ စီအီးအိုတစ်ယောက်၊ ဆရာဝန်တစ်ယောက်နဲ့ လူနာတစ်ယောက်တို့ရဲ့ ရှုထောင့်ကနေပြီး ရိုက်ကူးထားတာပါ။အိုပီရိုက်လို့ခေါ်တဲ့ အကိုက်အခဲပျောက်ဆေးတွေကို နာတာရှည်နာကျင်မှုဝေဒနာ ခံစားနေရတဲ့ လူနာတွေအတွက် သုံးစွဲခဲ့ကြတာပါ။ ဒီထဲမှာ ကန်မက်ကုမ္ပဏီကထုတ်တဲ့ အောက်ဆီကိုဒုန်းဆေးလဲအပါအဝင်ပါပဲ။ သူတို့ထုတ်ကုန်ဆေးကို ရောင်းချရဖို့အတွက် ဆရာဝန်တွေကိုသုံးပြီး ကြော်ငြာခဲ့ကြပါသေးတယ်။ ဒါပေမဲ့လည်း အိုပီရိုက်ဆေးတွေဟာ အလွန်အမင်းစွဲလန်းသွားစေနိုင်ပြီး ကပ်ဘေးတစ်ခုအသွင်ပြောင်းသွားချိန်မှာတော့ အိုဟိုင်းယိုးပြည်နယ်အမတ်ကဦးဆောင်ပြီး ကန်မက်ကုမ္ပဏီကို တရားစွဲခဲ့ပါတော့တယ်။ ဒီတရားစွဲမှုကို ကန်မက်ဘက်က ဘယ်လိုချေပသွားမလဲ၊ အိုပီရိုက်ကပ်ဘေးရဲ့နောက်ကွယ်က အမြတ်ထုတ်မှုတွေနဲ့ မူးယစ်ဆေးဝါးစွဲလန်းမှုအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းဖြစ်တာမလို့ ကြည့်ရှုလိုက်ကြပါဦး။ File size…(1.6 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie

Junction (2024)

My Acting Coach Nightmare (2024)
My Acting Coach Nightmare (2024)  သရုပ်ဆောင်ဝါသနာပါတဲ့ ဆယ်ကျော်သက်ကောင်မလေး Sienna က သူတို့မြို့ရဲ့ သရုပ်ဆောင်နည်းပြတစ်ဦးဖွင့်မဲ့ သင်တန်းတက်ဖို့ သူ့အမေ Lisa ကို ခွင့်တောင်းခဲ့တယ်။ Lisaကလည်း သူ့ခင်ပွန်းဆုံးပြီးနောက်ပိုင်း သမီးလေး Sienna ရဲ့ ဝါသနာကို အားပေးချင်တာကြောင့် လက်ခံခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ သင်တန်းဆရာ နည်းပြဖြစ်တဲ့ Max ရဲ့ Sienna အပေါ်အပြုအမူတွေကို မသင်္ကါဖြစ်လာပါတော့တယ်။နည်းပြဖြစ်တဲ့ သရုပ်ဆောင် Max က တကယ်ပဲရိုးသားသူတစ်ယောက်လား၊ ဒါမှမဟုတ် Lisa ရဲ့ စိုးရိမ်မှုတွေကပဲ တကယ်မှန်နေသလား၊ Sienna ရဲ့ သရုပ်ဆောင်လောကအပေါ် စိတ်အားထက်သန်မှုတွေကရော သူ့ကို ဘယ်လိုရွေးချယ်မှုတွေဖြစ်ပေါ်စေမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ပြီး စိတ်လှုပ်ရှားစွာ ကြည့်ရှုလို့ရပါပြီခင်ဗျာ။ File size…(1.4 GB)/(630 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thwal Htoo Zin
movie

My Acting Coach Nightmare (2024)

Secrets at the Museum (2023)
Secrets at the Museum (2023)  Secrets at the Museum ဟာ 2023 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Mystery & thriller ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်နာတာလီဟာ သူမရဲ့ဖခင်ဖြစ်သူ Robert နဲ့ ဝေးကွာနေတဲ့ ပန်းချီဆရာမတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ မိသားစုဟာ ချမ်းသာပြီး နာမည်ကျော်ကြားတဲ့ Freeman ပြတိုက်ကို ပိုင်ဆိုင်ထား‌ပေမယ့်လည်း သူမရဲ့ဘဝကို သူမရဲ့ ချစ်သူဖြစ်သူ ပန်းချီဆရာ Alex အပါအဝင် လူတိုင်းကို လျှို့ဝှက်ထားဖို့အတွက် သူမရဲ့ ကွယ်လွန်သူ မိခင်ရဲ့ အမည်ကိုပဲ အသုံးပြုခဲ့တဲ့ မိန်းကလေးတစ်ယောက်ပဲဖြစ်ပါတယ်။Natalie ရဲ့ဖခင်သေဆုံးသွားတဲ့အခါမှာတော့ သူမဖခင်ရဲ့လက်ထောက်ဖြစ်သူ Derek ရဲ့အကူအညီနဲ့ သူမဟာ Freeman ပြတိုက်ကို ဆက်လက်လည်ပတ်နိုင်ခဲ့ပါတယ်။ အချိန်တိုအတွင်းမှာ တစ်စုံတစ်ယောက်က မူရင်းပန်းချီကားတွေကို ခိုးယူပြီး အတုတွေနဲ့ အစားထိုးနေတာကို နာတာလီကသိရှိလာခဲ့ပါတယ်။ အဲ့တာအပြင် သူမအဖေရဲ့ အချိန်မတိုင်မှီသေဆုံးမှုကို သံသယဝင်ရင်း အမှန်တရားကို ရှာဖွေဖို့ ကြိုးစားခဲ့ပါတယ်။အမှန်တရားကို ...
movie

Secrets at the Museum (2023)

Johnny & Clyde (2023)
Johnny & Clyde (2023) Johnny & Clyde (2023)ဒီရုပ်ရှင်က ဇာတ်အိမ်လည်းရူးခါနေသလို Megan Fox လည်းပါတာမို့ ပုရိသတွေ ကြည့်ကိုကြည့်သင့်တဲ့ရုပ်ရှင်ပါ။ ဒီကားရဲ့ ဇာတ်လိုက်ကျော်တွေက ဂျိုကာနဲ့ဟာလေကွင်းလို အရူးအတွဲ။ သူတို့က ဂျိုကာနဲ့ ဟာလေကွင်းနဲ့ တော်တော်ကို တူတာမှ တစ်ပုံစံတည်းလိုကိုတူတာ။ ဘဲက သတ်ချင်တဲ့လူ လိုက်သတ်နေတဲ့ ဂကြောင်။ စော်က ဘဲကို အထင်ကြီးပြီး သတ်သမျှကို လိုက်အားပေးနေတဲ့ ဂကြောင်မ။ သူတို့က နားနေတာကြာပြီ။ ဒီကားအစမှာ ရုတ်တရက်ကြီး ပြန်ပေါ်လာပြီး လျှောက်သတ်ကြရော။ ဒီလိုသတ်ရင်း ကာစီနိုက ကားတစ်စီးကို ဓားပြတိုက်မိကြတယ်။ အဲဒီကားပေါ် ဘာမှပါမလာဘဲ ကာစီနိုတုံကင်တွေပဲ ပါလာပေမဲ့ ကားပေါ်က တစ်ကောင် လက်ထောက်ချလို့ ကာစီနိုမှာ ငွေတွေချည်း ထားထားတဲ့ အခန်းတစ်ခန်းရှိတဲ့အကြောင်း သိသွားကြတယ်။ ဒီလိုနဲ့ အဲဒီကာစီနိုကို ဓားပြတိုက်ဖို့ပြင်တယ်။ လူစုတယ်။ မထူးဘူး။ သူ့တို့လို အရူးတွေချည်းပဲ။အဲဒီကာစီနိုကို ဦးစီးတဲ့လူက ...
movie

Johnny & Clyde (2023)

2023
Burial Ground Massacre(2021) 7.8
Burial Ground Massacre(2021) မှော်ပညာကိုယုံကြည်တဲ့ အင်ဒီးယန်းမြေပေါ်မှာ အခြေချနေထိုင်ကြတဲ့အခါ အရာရာကသတိထားစရာပါ။တစ်ခုခုမဆင်ခြင်မိတာနဲ့ ဖြစ်လာနိုင်တဲ့အကျိုးဆက်က မတွေးဝံ့စရာပါပဲ။ အဲ့ဒီလိုမှော်ပညာနဲ့ ကျိန်စာတိုက်ထားတဲ့လက်စွပ်လေးက လာဆန်တို့မိသားစုရဲ့စံအိမ်ထဲမှာ ရှိနေပါတယ်။“အိပ်ရာဝင်ပုံပြင်ကို ယုံကြည်ရင် ကျိန်စာတွေကိုလည်း ယုံကြည်ရမယ်တဲ့....”ကျိန်စာသင့်လက်စွပ်ကိုမှအသက်ပြန်သွင်းဖို့ လိုချင်နေတဲ့ လူတစ်စုကလည်း ရှိနေပါသေးတယ်။လာဆန်တို့မိသားစုက မျိုးနွယ်စုခေါင်းဆောင် ကြိုးပေးခံခဲ့ရတဲ့မြေပေါ်မှာ နေထိုင်ခဲ့တာ တော်တော်ကြာပါပြီ။အိမ်မှာ မိဘတွေမရှိတုန်း ချေ့စ်လာဆန်တစ်ယောက် သူငယ်ချင်းတွေခေါ်ပြီး ပါတီပေးရင်းနဲ့ လုံးဝတားမြစ်ထားတဲ့သူ့အဖေရဲ့စာဖတ်ခန်းကို လူငယ်သဘာဝ ရအောင်ဝင်ကြည့်ပြီး ကျိန်စာသင့်လက်စွပ် ကိုရှာဖွေတွေ့ရှိသွားပါတော့တယ်။လက်စွပ်ကလည်း အစွမ်းတွေပြ၊ လက်စွပ်ကိုလာယူတဲ့သူကလည်း တစ်ဖြေးဖြေးချင်း လာဆန်တို့ရဲ့စံအိမ်ကို ချဉ်းကပ်လာတဲ့အခါ....လက်စွပ်ရဲ့ကျိန်စာတွေနဲ့ လက်စွပ်ကိုလိုချင်တဲ့လူသတ်သမားရဲ့လက်ထဲကနေ လာဆန်တို့သူငယ်ချင်းတစ်စုဘယ်လိုရင်ဆိုင်ကြမလဲ၊ လက်စွပ်ရဲ့သမိုင်းကြောင်းကရော ဘာလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲ အဖြေရှာလိုက်တော့နော်...  File size…1.6GB / 801MB / 491MB Quality…1080p WebRip / 720p / 480p Format…Mp4 Duration….1h 40min Subtitle….Myanmar subtilte (Hard Sub) Encoder….YK Translated by JoJoVa and HAW
movie

Burial Ground Massacre(2021)

2021