Channel Myanmar

Christian Brassington

Our Kind of Traitor (2016) 6.2
Our Kind of Traitor (2016)  အက်ရှင်ကားကိုမှ စိတ်ခံစားချက်တွေ အပြည့်နဲ့ခံစားစီးမြောပြီး ကြည့်ချင်တဲ့လူတွေအတွက် ၂၀၁၆ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Our Kind Of Traitor ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 6.2 ရရှိထားပြီး တကယ်ကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။တခြားကားတွေနဲ့ မတူတာက ဒီကားကဗီလိန်ဖြစ်တဲ့ရှရှားမာဖီးယားကြီးကို သနားပြီး ကြည့်နေရမဲ့ဇာတ်ကားဖြစ်နေလို့ပါပဲ။ပယ်ရီနဲ့ဂေးလ်ဆိုတဲ့ လင်မယားနှစ်ယောက်က သူတို့ရဲ့အိမ်ထောင်ရေး သာယာစေဖို့အတွက် အပျော်ခရီးထွက်လာခဲ့ပြီး စားသောက်ဆိုင်တစ်ခုမှာ ညစာစားနေကြပါတယ်။ဒါပေမယ့် ရှေ့နေဖြစ်တဲ့ မိန်းမဖြစ်သူဂေးလ်က ဖုန်းတစ်လုံးနဲ့အလုပ်များနေတဲ့အတွက် ပယ်ရီလည်းတစ်ယောက်တည်းထိုင်စောင့်နေရပါတော့တယ်။အဲ့ဒီအချိန်မှာ တခြားဝိုင်းမှာထိုင်နေတဲ့ ဒီမာဆိုတဲ့လူတစ်ယောက်ကသူ့ကိုလာခေါ်ပြီးမိန်းမဖြစ်သူမအားလို့ စိတ်ညစ်မနေဖို့ နှစ်သိမ့်ပေးလိုက်တာမိုးလင်းပေါက်ပါတီရောက်ပြီး မနက်ပိုင်းတင်းနစ်ပါရိုက်လိုက်ပါသေးတယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်သား ခင်မင်သွားကြပြီး ပယ်ရီပြန်ခါနီးညမှာ ဒီမာက သူ့လက်ထဲမန်မိုရီစတစ်တစ်ချောင်းထည့်ပေးပြီး အကူအညီတောင်းခဲ့ပါတော့တယ်။တကယ်တော့ ဒီမာဆိုတာဒုစရိုက်မှုတွေအတွက်အကြီးစားငွေကြေးခဝါချပေးနေတဲ့ သူတစ်ယောက်ဖြစ်ပြီးသူ့မိသားစု အသတ်ခံရမှာစိုးလို့ပယ်ရီတို့ နေထိုင်တဲ့ယူကေမှာခိုလှုံခွင့်ရဖို့ အချက်အလက်တွေကို စတစ်ထဲမှာထည့်ပြီးရဲတွေလက်ထဲ ပို့ခိုင်းတာပဲဖြစ်ပါတယ်။ဒါပေမယ့် အစီအစဉ်တွေက ဒီမာထင်ထားသလိုလွယ်ကူမနေတဲ့အခါ ပယ်ရီလည်းအကူအညီတစ်ခုကနေ ဆက်တိုက်ကူညီနေရပြီးနောက်ဆုံးမှာဒီမာ့ အထက်က ငွေကြေးခဝါချမှုအကြီးစားတွေကို ဖော်ထုတ်နိုင်ပြီး ခိုလှုံခွင့်ရသွားကြမလားဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.6GB / 795MB Quality…Blu-Ray 1080p 5.1CH / ...
movie

Our Kind of Traitor (2016)

Elizabeth: The Golden Age (2007) 6.8
Elizabeth: The Golden Age (2007) အနုပညာ ကဗျာစာပေတွေ တစ်ခေတ်ပြန်လည်ထွန်းကားလာတဲ့ ၁၅၅၈-၁၆၀၃ ခုနှစ် ကာလကိုThe Golden Age လို့ ခေါ်ကြပါတယ်။အင်္ဂလန်ပြည်ကို Queen Elizabeth I အုပ်စိုးခဲ့စဉ်မှာထွန်းကားခဲ့တဲ့ ကာလဖြစ်လို့ Elizabethan era လို့လည်းတင်စားကြပါသေးတယ်။Queen Elizabeth I ဟာဆိုရင်ဖြင့် တခြားသောဘုရင်မတွေလို ကြင်ယာဖက်နဲ့အတူ ချစ်ကြည်နူးတစ်တီတူးတတ်တဲ့မိန်းမ‌တစ်ယောက်တော့ မဟုတ်ပါဘူး။သူဟာ နိုင်ငံ့အရေးကို သူတစ်ယောက်တည်း အစွမ်းအစနဲ့ဦးဆောင်နိုင်တယ်လို့ ခံယူချက်ရှိတဲ့ တစ်ကိုယ်တည်းအပျိုကြီးလုပ်ကာ အုပ်ချုပ်သူပါ။ဒါကြောင့်လည်း သူဟာ Virgin Queen လို့ နာမည်ကြီးပါတယ်။ ဒီဇာတ်လမ်းကတော့ Queen Elizabeth ရဲ့ သူအုပ်စိုးစဉ်ကာလအတွင်းမှာသူ့ရဲ့စကားကိုတည်အောင် ဘယ်လိုတွေစွမ်းဆောင်သွားခဲ့လဲ၊ The Golden Age, Elizabethan era လို့တင်စားရလောက်အောင် သူဘာတွေစွမ်းဆောင်ခဲ့လဲဆိုတာ ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။ File size…    2.2 GB /  1 GB Quality… BluRay 1080p / 720p Format… ...
movie

Elizabeth: The Golden Age (2007)

The Last Letter from Your Lover(2021) 6.7
The Last Letter from Your Lover(2021) The Last Letter from Your Lover(2021)*************************************"ဘာလို့လဲ အချစ်ရယ် မင်းမရှိတဲ့အချိန်တွေမှာ ကိုယ်ဟာ ဘာကြောင့်များအသက်မဲ့သလို ခံစားနေရတာလဲ" ====အန်းနက်စ်ဟယ်မင်ဝေး=== မင်းနဲ့ကိုယ်ဟာ အမှတ်မထင်တွေ့ဆုံခဲ့ရပြီး မင်းဟာ ကိုယ့်အတွက်မဟုတ်သလို ကိုယ်ဟာလောင်မြိုက်မှုတွေကြားမှာ နေသားတကျ။ အမည်တပ်မရတဲ့ ကိုယ်တို့ရဲ့ဆက်ဆံရေးတွေကိုတိတ်တခိုးပုံဖော်ရင်း ဆုပ်ကိုင်စရာ မယ်မယ်ရရမရှိတာကိုတောင်ကိုယ် လောဘကြီးချင်နေမိတယ်။ တားမြစ်ထားတဲ့ ကိုယ်တို့ရဲ့အချစ်ကိုမရမကတည်ဆောက်ရင်း မင်း ကိုယ့်ဆီရောက်လာလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကိုယ်စောင့်နေဆဲပါ။ သတင်းစာတိုက်တစ်ခုရဲ့ ဂျာနယ်လစ်ဖြစ်သူ အယ်လီဟာ အမျိုးသမီးအယ်ဒီတာတစ်ယောက်ဆုံးသွားလို့အဲဒီအယ်ဒီတာအကြောင်းဖော်ပြဖို့ သူချန်ထားခဲ့တဲ့စာတမ်းတွေကို လှန်လှောရင်း အမှတ်မထင်စာတစ်စောင်တွေ့လိုက်ရပါတယ်။ ထပ်ပြီးမွှေနှောက်ရင်း ဒီလိုပေးစားအများအပြားကိုထပ်တွေ့ခဲ့ရပြီး ဒီစာတွေထဲမှာ ၁၉၆၅ခုနှစ်က အချစ်ဇာတ်လမ်းတစ်ပုဒ်ကိန်းအောင်းနေတာသိလိုက်ရပါတယ်။ ဒီတော့ အယ်လီဟာ ဒီစာတွေရဲ့ပိုင်ရှင်တွေ ဘာဆက်ဖြစ်သွားလဲဆိုတာသိရှိဖို့ကြိုးစားပါတော့တယ်။ ဇာတ်လမ်းကိုပဲ ပါဝင်စီးမျောစေလိုတာကြောင့် ဒီလောက်ပဲ ပြောပြပါရစေခင်ဗျာ။ ဒီဇာတ်ကားရဲ့ မူရင်းဝတ္ထုဟာ Me Before Youရဲ့ စာရေးဆရာမဖြစ်တဲ့ Jojo Moyesပဲ ရေးသားထားတာကြောင့်အချစ်ဇာတ်လမ်းစစ်စစ်တစ်ပုဒ်ဆိုတာ ပြောဖို့လိုမယ် မထင်ပါဘူး။သရုပ်ဆောင်အတွေအနေနဲ့ကလည်း တေလာဆွစ်ရဲ့ London boyလေးJoe Alwyn၊ Fantastic ...
movie

The Last Letter from Your Lover(2021)

Redemption (Hummingbird) (2013) 6.2
Redemption (Hummingbird) (2013) Redemption (Hummingbird) (2013)===========================IMDb Rating - 6.2/10ဒီရုပ်ရှင်ရဲ့ ဇာတ်ညွှန်းဆရာနဲ့ ဒါရိုက်တာက ခင်ဗျားတို့ အသဲစွဲကြိုက်ကြတဲ့ Peaky blindersရဲ့ creatorနဲ့ ဇာတ်ညွှန်းဆရာ ဖြစ်တဲ့ Steven Knight ။ ဒီကားက သူ့ရဲ့ ပွဲဦးထွက် ဒါရိုက်တာလုပ်တဲ့ကား။မင်းသားက ဂျေဆန်စတက်တန်။ 2000ပြည့်နှစ်နဲ့ အနီးတစ်ဝိုက်ကာလတွေမှာ ကြီးပျင်းလာတဲ့ သူတွေအတွက် အနောက်တိုင်းအက်ရှင်ဆို သူ့ကားတွေပဲ ပြေးကြည့်ကြတာများတယ်။ The Transporterတို့ ဘာတို့ဆို ငယ်ဘ၀က အသည်းစွဲတွေဖြစ်ခဲ့ကြတယ်။ဇာတ်လမ်းကတော့ ဂျေဆန့်ထုံးစံအတိုင်း သူက အထူးတပ်ဖွဲ့က စစ်သားဟောင်း ခပ်ကြမ်းကြမ်းကောင်။ နောက် စစ်ရာဇ၀တ် ‌ကျူးလွန်မိပြီး အဲဒီစိတ်နဲ့ အရက်သမား ဖြစ်သွားတယ်။စစ်ထွက် အရက်သမားဟာ အကြောင်းတစ်ခုနဲ့ လန်ဒန်မြေအောက် လောကနဲ့ သွားရှုပ်မိတဲ့အကြောင်း‌ပေါ့။Peaky Blindersရဲ့ Creatorက ရိုက်ကူး ရေးသားထားတာဆိုတော့ အက်ရှင်ကားပေမဲ့ အက်ရှင်ခန်းတွေကို တော်သင့်ရုံပဲထည့်ပြီး ဇာတ်ကို တဖြည်းဖြည်းနဲ့ရင်ဖိုရအောင်တော့ ရေးသွားတာကိုလည်းတွေ့ရတယ်။ PBဖန်တွေလည်းကိုယ့်ကားCreatorရဲ့ ပွဲဦးထွက်ကားအနေနဲ့ မြည်းစမ်းကြည့်သင့်ပြီး ဂျေဆန်စတက်တန် ဖန်တွေအတွက်လည်း သူ့ရွှေခေတ်နှောင်းကို ပြန်ခံစားရစေမယ့် ကားဆိုလည်းမမှားပါဘူး။ Quality – 1080p, 720p, 360p BluRayDuration - 1h 40minSubtitle – Myanmar HardsubFormat – Mp4Genre : ...
movie

Redemption (Hummingbird) (2013)

2013
Jolt (2021) 5.4
Jolt (2021) Jolt (2021)==========IMDb Rating - 5.4/10ဒီနေ့အတွက် Action အလန်းစားလေးတင်ပေးချင်ပါတယ်၊ မင်းသမီးကတော့ Underworld မှာ အသေအလဲကြမ်းခဲ့တဲ့အားလုံးသိတဲ့ Kate Beckinsale က လင်ဒီအဖြစ် အဓိကပါဝင်သရုပ်ဆောင်ပြီး . ဒီကားမှာလည်း အပြတ်အသတ်ကြမ်းပြထားပါတယ်။လင်ဒီဆိုတဲ့ကောင်မလေးဟာ မွေးရာပါရောဂါတစ်ခုကြောင့် လူတစ်ယောက်မဟုတ်တာလုပ်တာနဲ့ လုံးဝသည်းမခံနိုင်ဘဲကောက်ကာငင်ကာဒေါသထွက်ပြီး ဇိုးခနဲဇက်ခနဲထလုပ်တတ်တဲ့ကောင်မလေးပါ။လူကိုယ်တိုင်ကလည်း အရမ်းသန်ပြီး သူ့ဒေါသကြောင့် လူသတ်တဲ့အထိဖြစ်သွားနိုင်တာမို့ သူ့ကိုယ်သူကျဥ်စက်နဲ့တို့ပြီး ဒေါသထိန်းရရှာပါတယ်။ဘယ်လိုတောင်ဒေါသကြီးလဲဆို ဂျင်းဘောင်းဘီနဲ့ခြေညှပ်ဖိနပ်တွဲဝတ်တဲ့လူ၊ ပါးစပ်ထဲအစာပလုတ်ပလောင်းနဲ့စကားပြောတဲ့လူအဲလိုလူတွေမြင်ရင်တောင် ဒေါသထွက်လာလို့ လူ့အသိုင်းအဝိုင်းနဲ့ကင်းအောင်နေပါတယ်တဲ့။ ပြီး​​တော့ လင်ဒီစရိုက်​ကြောင့်ကောင်​လေး​တော်​တော်များများကကြောက်ရွံ့ပြီး မချဥ်းကပ်ရဲကြတော့ အချစ်​ရေးမှာလည်း အနုတ်ပြ​ပြီး သူ့အတွက် ဘယ်အရာမှအဆင်ပြေမ​နေခဲ့တာပါ။ ဒါပေမယ့်တစ်နေ့ လင်ဒီ့လိုကောင်မလေးမျိုးကိုမှ စိတ်လှုပ်ရှားအောင်လုပ်နိုင်တဲ့ ကောင်လေးမျိုးနဲ့ဆုံပါတယ်။အဲ့​ကောင်​လေးက လင်ဒီ့ကို တော်​တော်​​လေးချစ်ပေးရှာပါတယ် အဲ့​တော့ လင်ဒီတစ်​ယောက်  သူ့ဘ၀​လေးအဆင်​ပြေလာပြီဆိုပြီးပျော်ရွှင်​နေတုန်းမှာ ကောင်​လေးက ရက်ရက်စက်စက်ကို အသတ်ခံလိုက်ရပါ​တော့တယ်။ဇာတ်လမ်းကလည်း အခုမှစတာပါ  လင်ဒီတစ်​ယောက် လူသတ်သမားကို ခြေရာခံလိုက်ရင်း မ​​မျှော်လင့်ထားတဲ့ဖြစ်ရပ်​တွေရက်စက်မှု​တွေနဲ့ ကြုံလာရ​တော့ ဒါ​တွေကို သူဘယ်လိုရင်ဆိုင်မလဲ၊ လူသတ်သမားက ...
movie

Jolt (2021)

2021