Channel Myanmar

Christian Clemenson

J. Edgar (2011) 6.5
J. Edgar (2011) J Edgar (2011)IMDb Rating (6.5)ဒီတစ်ခါ CM ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ဆရာကြီး လီယိုနာဒိုက အဓိကဦးဆောင်ထားပြီး သူ့ထက်ဆရာ့ဆရာ ကလင့်စ်အိစ်ဝုဒ်က ပရိုဂျူဆာ ဒါရိုက်တာလုပ်ထားတဲ့ ဘိုင်အိုဂရပ်ဖီကားလေးပါပဲလူတစ်ယောက်ရဲ့အကြောင်းကို ရိုက်ထားတဲ့ဘိုင်အိုဂရပ်ဖီကားဆိုပေမြ့ ဂျေအက်ဂါဆိုတဲ့ အမေရိကန်ရဲ့နာမည်ကြီး ထောက်လှမ်းရေး အဖွဲ့အစည်း FBI ကို စတင်တည်ထောင်ခဲ့တဲ့သူပါ အဲ့တော့ သူ့အကြောင်းဆိုတာက FBI အဖွဲ့ကြီးရဲ့သမိုင်းကြောင်းပါပဲ စစ်အေးတိုက်ပွဲကာလမှာ ကမ္ဘာမှာ ကွန်မြူနစ်စနစ်ကြီးစိုးချိန် အမေရိကန်နိုင်ငံမှာ ကွန်မြူနစ်တွေရဲ့အန္တရာယ်ကိုကာကွယ်ဖို့ ဒီအဖွဲ့ကြီးကို တည်ထောင်ခဲ့ရာကစပြီး အမေရိကန်ရဲ့ အကောင်းဆုံး ထောက်လှမ်းရေးအဖွဲ့အစည်းဖြစ်အောင် ဂျေအက်ဂါတစ်ယောက်သူ့ခြေသူလက်နဲ့ ဘယ်လိုတည်ထောင်ခဲ့လဲဆိုတာ သူ့ဘဝအကြောင်းနဲ့ ယှဉ်တွဲပြီးတော့ ပုံဖော်ပြထားတာပါ လီယိုနာဒိုကတော့ လီယိုနာဒိုပါပဲ လုံးဝကိုဇာတ်ကောင်နဲ့ထပ်တူညီတယ်လို့ခံစားရပြီး ရသလဲပေးနိုင်သလို အဲ့ခေတ်က အမေရိကန်အကြောင်း ဗျူရိုစနစ်တွေအကြောင်း တစေ့တစောင်းကို ဇာတ်လမ်းသွားလေးနဲ့ကြည့်ရမှာမို့ CM ပရိသတ်တို့ လက်မလွှတ်ကြဖို့ အကြံပေးလိုပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sai Thurein Lynn မှတင်ဆက်ထားပါတယ်။)  File size…(1.9 GB)/(970 MB) Quality….BluRay 1080p /720p Format…mp4 Duration….02:16:54 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Sai Thurein Lynn
movie

J. Edgar (2011)

Armageddon (1998) 6.7
Armageddon (1998) Armageddon (1998) (Disaster Film/Thriller) နာမည်ခပ်ဆန်းဆန်းဆိုတော့ ကြည့်ဖူးပြီးသားသူတွေက မှတ်မိနေမှာဖြစ်ပေမယ့် မကြည့်ဖူးသေးတဲ့ သူတွေအတွက် တော့ အနည်းငယ် ခေါ်ရခက်နေမယ်ထင်ပါတယ်။ Armageddon ဆိုတာက သမ္မာကျမ်းစာထဲက စကားလုံးဖြစ်ပြီး End of the things အရာအားလုံးရဲ့ အဆုံးသတ်လို့ အဓိပ္ပာယ်ရပါတယ်။ Armageddon ရဲ့ အစက …. NASA လွန်းပျံယာဉ် Atlanti က အာကာသမှာ စူးစမ်းရေးလုပ်နေစဉ်မှာပဲ ဥက္ကာပျံ ထိမှန်ပြီး ပျက်စီးသွားခဲ့ပါတယ်။ NASA သူတို့ယာဉ်ပျက်စီးတဲ့အကြောင်းရင်းကို ရှာဖွေရင်း ယာဉ်ပျံကို Texas ပြည်နယ်နီးပါးကြီးမားတဲ့ ဥက္ကာပျံ က ဝင်တိုက်မိပြီး ပျက်ဆီးသွားခြင်းဖြစ်တယ်ဆိုတာကို သိရှိခဲ့ပါတယ်။ ဒါပေမယ့် ဥက္ကာပျံက အာကသယာဉ်ကို ပျက်စီးသွားစေရုံပဲလားဆိုတော့ မဟုတ်ပါဘူး။ ဒီဥက္ကာပျံရဲ့ လမ်းကြောင်းက ကမ္ဘာမြေကို ဦးတည်နေပြီး လက်ရှိ အရှိန်နှုန်းနဲ့ အရွယ်အစားအရ ကမ္ဘာကို တိုက်မိမယ်ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးပျက်စီးသွားပြီး ဒိုင်နိုဆောတွေ မျိုးတုန်းသလို လူသားတွေမျိုးတုန်းသွာမယ်လို့ တွက်ချက်ခန့်မှန်းရပါတယ်။ ...
movie

Armageddon (1998)

1998
4K HEVC
Almost Heroes (1998)
Almost Heroes (1998) Imdb 5.7/10  rotten tomatoes 5% ဒီရုပ်ရှင်ကတော့ ၁၉၉၈ ခုနှစ်မှာ စတင်ထွက်ရှိခဲ့တဲ့ comedy adventure အမျိုးအစားပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လက်စလီအက်ဒ်ဝေါ့ဒ်နဲ့ ဘာသိုလိုမြူး ဆိုတဲ့လူနှစ်ယောက်ရဲ့အမေရိကန်အရှေ့ဘက်ကနေ အနောက်ဘက် ပစီဖိတ်ကို‌ရောက်အောင် စွန့်စားသွားကြတာကို ဟာသဆန်ဆန်ရိုက်ကူးထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့အရာတော်တော်များများကလည်း စိတ်ဝင်စားစရာကောင်းတဲ့အပြင် အရမ်းကိုရယ်ရတဲ့အတွက် comedy ကြိုက်တဲ့လူတွေကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်တစ်ဦးဖြစ်တဲ့ Chris Farley မသေဆုံးခင်ရိုက်ကူးခဲတဲ့ ဇာတ်ကားတစ်ကားဆိုလည်းမမှားပါဘူး။ ဇာတ်အိမ်ထက် ဟာသကို ပိုပြီးဦးစားပေးထားတာမို့ ဟာသကြိုက်တဲ့လူတွေကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်File size…(1.6 GB)/(1.3 GB)/(650 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Adventure, Western, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phyo Phil
movie

Almost Heroes (1998)

No Man of God(2021) 6.5
No Man of God(2021) No Man of God(2021)အညွှန်း**************************The Lord of the Rings ထဲက ဖရိုဒိုလေးက ဒီတစ်ခါတော့FBI အရာရှိ ဘေလ်ဟက်မိုင်ယာ အဖြစ်ပါဝင်ထားပါတယ်..." ၁၉၈၉ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ လျှပ်စစ်ကုလားထိုင်နဲ့ ကွပ်မျက်ခြင်း ခံလိုက်ရတဲ့ တက်ဘန်ဒီ " တက်ဒ်ဘန်ဒီခေါ် အမည်ရင်း သီအိုဒေါဘန်ဒီဆိုတဲ့သူက ဘယ်သူများလဲ... ဘယ်လိုပြစ်မှုတွေကို ကျူးလွန်ခဲ့လို့ သေဒဏ်အထိ ပေးခံခဲ့ရတာလဲ... အမေရိကားမှာတော့ တက်ဘန်ဒီဆိုတဲ့နာမည်ကြားရင် မသိသူမရှိလောက်အောင်ပါပဲ .... ဘာလို့လဲဆိုတော့ သူက ၁၉၇၀ ကျော်မှာ အမေရိကန်ပြည်နယ်ပေါင်းများစွာကို လှည့်လည်ပြီး အရွယ်မရောက်သေးတဲ့ကလေးသူငယ်အပါအဝင် မိန်းကလေးပေါင်းများစွာကို ရက်ရက်စက်စက် မုဒိန်းကျင့် သတ်ဖြတ်ခဲ့တဲ့ ကွင်းဆက်လူသတ်သမားဖြစ်နေလို့ပါပဲ... သူနဲ့ပတ်သက်ပြီး ရုပ်ရှင်တွေ စာအုပ်တွေလည်း အမြောက်အများ ထုတ်ဝေခဲ့ကြဖူးပါတယ် ... ခုလည်း ၂၀၂၁ မှာ မင်းသား လုခ်ကာဘီ က တက်ဒ်အဖြစ် သရုပ်ဆောင်ထားတဲ့ဇာတ်ကားထွက်လာပြန်ပါပြီ ... ထူးခြားတာက ယခုဇာတ်ကားမှာတော့ တက်ဒ်ရဲ့ရှူထောင့်ဘက်က မဟုတ်ပဲ တက်ကို အင်တာဗျူးမယ့် FBI ...
movie

No Man of God(2021)

The Big Lebowski(1998) 8.1
The Big Lebowski(1998) The Big Lebowski(1998)IMDB...8.1,,,,,Rotten....83%လော့စ်အိန်ဂျယ်လ်စ်မြို့မှာ Lebowski ဆိုတဲ့နာမည်နဲ့လူ(၂)ယောက်ရှိတယ်....သူတို့က နာမည်သာတူတာ ...အရည်အချင်းနဲ့ပိုင်ဆိုင်မှုကတော့ ဆီနဲ့ရေလို့ပြောရမလားပဲ...တစ်ယောက်က သန်းကြွယ်သူဌေးကြီးဖြစ်ပြီးတော့နောက်တစ်ယောက်ကတော့ ဘီယာလေးငုံလိုက် ဘော်ဒါတွေနဲ့ ပေါက်ကရပြောလိုက်နဲ့ ငပျင်းဘဲကြီး Lebowskiပေါ့....တစ်နေ့မှာ သူဌေးကြီး Lebowskiရဲ့အိမ်ကိုကြေးစားလူမိုက်နှစ်ယောက်က ဖျက်ဆီးဝင်ရောက်ခဲ့ပြီးတော့ ငွေညှစ်ဖို့လုပ်ပါတော့တယ်...ကံဆိုးတာကသူတို့ဝင်တဲ့အိမ်ဟာ နာမည်တူ ငပျင်းငမွဲ Lebowski   အိမ်ဖြစ်နေပါတယ်...ဒါ့ကြောင့်စိတ်တိုတိုနဲ့ အိမ်မှာရှိတဲ့ကော်ဇောကိုသေးနဲ့ပန်းသွားတယ်...ဒါက သန်းကြွယ်သူဌေးLebowskiမှာတာဝန်ရှိတယ်လို့ ယူဆပြီးတော့ ငပျင်းကြီးဟာကော်ဇောအစားတစ်ခုပြန်ပေးဖို့သွားတောင်းပါတယ်... သွားတောင်းစဉ်မှာပဲသူဟာ ပြန်ပေးဆွဲမှုတစ်ခုမှာ ပါဝင်ပတ်သက်မိပြီးတော့ ပြဿနာအားလုံးဟာ သူ့ခေါင်းပေါ်ကျလာပါတော့တယ်...ဘဲကြီးLebowskiအနေနဲ့ အရှုပ်ထုပ်တွေကြားထဲကနေ ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ရမလဲ ...ဘယ်လိုရုန်းထွက်မလဲ...ဒီကားက imdb ရော Rotten ရော လန်ထွက်နေသလို ဆုပေါင်း ၅ဆုရရှိထားပြီး အခြားဆု၁၇ဆုအတွက်လည်းဆန်ကာတင်စာရင်းဝင်ထားပါတယ်....ကားသစ်တစ်ချို့ကြောင့်စိတ်ပျက်နေတဲ့သူတွေအတွက် ဒီကားကတော့ နင်းကန်မိုက်ကြောင်း သတင်းကောင်းပါးပါရစေ......ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကMarTizasဖြစ်ပါတယ်...File Size : (950 MB) and (394 MB) Quality : Blu-Ray 720p Format…mp4 Duration…01:57:00 Genre :  Comedy, Crime, Sport Subtitle : Myanmar Subtitle ...
movie

The Big Lebowski(1998)

United 93 (2006) 7.6
United 93 (2006) 9/11 ကိစ္စ ကို မှတ်မိကြအုံးမယ် ထင်ပါတယ် အမေရိကန် လေကြောင်းလိုင်းက လေယဉ် (၄) စီးအား အနုကြမ်းစီးကာ အမေရိကန်နိုင်ငံ ရဲ့ လူနေထူထပ်ပြီး တန်ဖိုးရှိတဲ့ နေရာတွေကို အသေခံ မောင်းချတိုက်ရန် စစ်သွေးကြွ အကြမ်းဖက်သမားများ က အကွက်ချ စီစဉ်ခဲ့တဲ့ ကိစ္စပါ... ဒီလေယဉ်တွေထဲမှာ United Flight 93 ခရီးသယ်တင် လေယဉ်ကြီး လဲ ပါဝင်ခဲ့ပါတယ်.... ဒီရုပ်ရှင်ကား ဟာ အကြမ်းဖက်ခံရတဲ့ လေယဉ် အမှတ် ၉၃ ရဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပြီး ခရီးသယ်များ ရဲ့ ဖုန်းအဆက်အသွယ် ပိုင်းလော့တွေ ရဲ့ သတင်းပို့ချက်တွေ အပေါ် ကိုးကားရိုက်ကူးထားတာဖြစ်ပါတယ် ရင်ထိတ်သည်းဖို ကြည့်ရှုရမှာ ဖြစ်ပြီး ဒီဇတ်ကားကို ဘာသာပြန်ပေးထားသူကတော့ ညို့မျက်ဝန်း ဖြစ်ပါတယ် Thit San Khant က Encode ၍ တင်တက်ပေးထားပါတယ်
movie

United 93 (2006)

2006
Apollo 13 (1995) 7.6
Apollo 13 (1995) ဒီနေ့တော့ CM Member တွေအတွက် ရှားပါးပြီး ကောင်းလှတဲ့ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေး လိုက်ပါတယ် Apollo 13 ဇာတ်ကားဟာ 1995 ခုနှစ်မှာထွက်ရှိခဲ့ပြီး ရိုက်ကူးတဲ့ဒါရိုက်တာကတော့ Ron Howard ပဲဖြစ်ပါတယ်..IMDb Rate ကလည်း 7.6 ရထားတဲ့အတွက်ဇာတ်ကားကောင်းတစ်ကား ဆိုတာငြင်းချက်ထုတ်နေစရာမလိုပါဘူး..ဒီဇာတ်ကားမှာပါဝင်တဲ့မင်းသားကလည်း ကျွန်တော်တို့ ရုပ်ရှင်ပရိတ်သတ်တွေရဲ့အသည်းစွဲ..ပြီးတော့ သူပါဝင်တဲ့ဇာတ်ကားတိုင်းအမြဲတမ်းအောင်မြင်ခဲ့တယ် လို့အသိအမှတ်ပြုရမယ့် မင်းသားကြီး Tom Hanks ပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကလည်းစိတ်ဝင်စားစရာကောင်းလှပါတယ်..လကမ္ဘာခရီးသွားရောက်ရေးအတွက်စူးစမ်း လေ့လာရေးပြုတဲ့ အာကာသယဉ်ဟာ လကမ္ဘာပေါ်မှာ ချို့ယွင်းချက်တစ်ခုဖြစ်သွားပြီး ကမ္ဘာကိုလုံခြုံစွာ ပြန်ရောက်နိုင်ရေးအတွက် NASA က ဘယ်လိုကြိုးပမ်းမလဲ..အစရှိတဲ့အချက်တွေကို ရိုက်ကူးသွားပြီး မင်းသား Tom Hanks ရဲ့ ကောင်းမွန်တဲ့သရုပ်ဆောင်မှုတွေနဲ့အတူ ဆက်လက်ခံစားလိုက်ရအောင် ဒီခေတ်မှာဒီလိုဇာတ်ကားမျိုးကို ကွာလတီကောင်းကောင်း စာတန်းထိုးမှန်မှန်နဲ့ပြန်ကြည့်ရဖို့ဆိုတာ သိပ်မလွယ်တော့ပါဘူး..Filesize : 650 MB Quality :Bluray-720p Format : mp4 Source : Yify Run Time : 140 minutes Subtitle : Myanmar Subtitle ( Hardsub ) Encoded By LK
movie

Apollo 13 (1995)