Channel Myanmar

Christiane Seidel

God’s Time(2022) 6.5
God’s Time(2022) God's Time(2022)****************ဒက်ဗ်ဟာ ဆေးစွဲသူတွေအတွက် ပြုလုပ်တဲ့ပြန်လည်ထူထောင်ရေးတွေ့ဆုံပွဲတွေ ကိုအမြဲမပြတ်တက်ရောက်လေ့ရှိသူဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေး တွေ့ဆုံပွဲမှာ ခင်မင်ခဲ့တဲ့သူငယ်ချင်းဖြစ်သူလူကာ ခေါ် လူဝီနဲ့ လူအများကို လိုက်ကူညီလေ့ရှိပေမယ့် အမြဲတမ်း အလွဲတွေဖြစ်တတ်ပါတယ်။လူကာကတော့ သရုပ်ဆောင်ဖြစ်ချင်သူ တစ်ဦး ဖြစ်ပြီးလူရွေးပွဲတွေအမြဲဝင်လေ့ရှိပါတယ်။တစ်ရက်မှာတော့ တွေ့ဆုံပွဲမှာ ရက်ဟီနာ ဆို တဲ့ကောင်မလေးက သူ့အရင်ရည်းစားကိုသတ်ပစ်ချင်ကြောင်း ပြောမိလိုက်ပါတယ်။ ဒါကို ဒက်ဗ်က အဲ့ကောင်မလေး လူမသတ်မိအောင်အတင်းလိုက်တားပါတော့တယ်။ လူကာက တော့ အမြဲတမ်းလွဲတတ်တဲ့ဒက်ဗ်ကို လန့်နေလို့မပါချင်ပေမယ့်နောက်ဆုံးမှာ လိုက်ပါကူ ညီရပါတော့တယ်။ အမြဲလွဲနေကျ ဒက်ဗ် ဘာတွေထပ်လွဲမလဲဆိုတာတခွီခွီနဲ့ စောင့်ကြည့် ရမှာဖြစ်ပါတယ်။ လူငယ်တွေကြားမှဖြစ်နေကျ စိတ်ခံစားချက်တွေ၊ အတွေးအမြင်တွေ၊အလွဲအမှား တွေကို ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ရိုက်ပြထားတာဖြစ်ပါတယ်။  File Size : (2.9GB) and (995MB) Quality : AMZN.WEB-DL.1080P5.1Ch, 720p Format…mp4 Duration…01:23:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo(Kop) Encoded ...
movie

God’s Time(2022)

Paradise Highway (2022) 5.3
Paradise Highway (2022) Paradise Highway (2022)ဆယ်လီဆိုတဲ့ အမျိုးသမီးဟာ ကုန်ကားကြီးတွေ မောင်းရင်း ဘ၀ဖူလုံရေးအတွက် ငွေရှာတယ်။ သူ့မှာ ဒန်းနစ်ဆိုတဲ့ ထောင်ကျနေတဲ့ မောင်တစ်ယောက်ရှိတယ်။မဝေးတော့တဲ့ တစ်ရက်နှစ်ရက်မှာ လွတ်တော့မယ့် သူ့ရဲ့မောင်က ထောင်တွင်း မူးယစ်ဆေး ရောင်း၀ယ်ဖို့ သူ့ကို အကူအညီတောင်းတဲ့အခါ ပစ္စည်းရဖို့အရေး ဆယ်လီတစ်ယောက် အပြင်မှာ ထပ်လှုပ်ရှားရတယ်။ဒီလိုနဲ့ ထောင်ထဲက မောင် ဒုက္ခမရောက်ဖို့အရေး လေလာဆိုတဲ့ ၁၀ နှစ်၀န်းကျင်ကလေးမလေးကို လူကုန်ကူးပေးဖို့ အကြောင်းဖန်လာတယ်။ ဒါပေမဲ့ နယ်စပ်ရောက်တဲ့အချိန်မှာ ကလေးမလေးက တစ်ဖက်လူကို ဆယ်လီ့ကားထဲက သေနတ်နဲ့ ပစ်လိုက်လို့ လူသေမှုတစ်ခု ပြဿနာကပါ ဆယ်လီ့ဘ၀ထဲကို ထပ်တိုး၀င်လာပါတော့တယ်။ဒီဇာတ်လမ်းမှာ အမှုစုံစမ်းတဲ့ စုံထောက် duo အဖြစ် မင်းသားကြီး Morgan Freeman နဲ့ Cameron တို့ရဲ့ အတွဲညီမှုက တစ်ဖက်၊ ဆယ်လီအဖြစ် သရုပ်ဆောင်တဲ့ မင်းသမီးကြီး Juliette Binoche နဲ့ လေလာအဖြစ် သရုပ်ဆောင်သူ ကလေးသရုပ်ဆောင် Hala Finley တို့ရဲ့ ...
movie

Paradise Highway (2022)

2022
Boon (2022) 5.2
Boon (2022) ဘုရားကျောင်းကို နေ့တိုင်းမှန်မှန်သွားတယ်ဆိုတဲ့လူတစ်ယောက်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်နိုင်ပါမလဲ တွေးကြည့်ရအောင်။ အဲဒီလိုလူက နှစ်မျိုးရှိနိုင်ပါတယ်။ ပထမတစ်မျိုးကတော့ ဘုရားတရားကို အရမ်းကြည်ညိုပြီး ဘာသာတရားကိုင်းရှိုင်းလှသူမျိုး ဖြစ်မှာပေါ့။ ဒုတိယတစ်မျိုးကတော့ ...ဒုတိယတစ်မျိုးကတော့ သူ့ဘဝမှာ ကျူးလွန်ထားမိတဲ့ ဒုစရိုက်မှုတွေ ၊ အကုသိုလ်တွေ များလွန်းနေလို့ နေ့တိုင်း ဘုရားသခင်ဆီသွားပြီး အပြစ်တွေကို ဝန်ခံရင်း အာပတ်ဖြေနေရသူ ဖြစ်မှာပေါ့လေ။အမေရိကန်နိုင်ငံရဲ့ အရက်စက်ဆုံး နဲ့ အတော်ဆုံး ကြေးစားလူသတ်သမားတစ်ယောက်ဟာ တစ်နေ့တော့ ရုတ်တရက်စိတ်ပြောင်းသွားခဲ့ပြီး သူ့လုပ်ဖော်ကိုင်ဖက်တွေကိုရော သူ့ရဲ့ဘော့စ်ကိုပါ ပစ်သတ်ပြီး ဇာတ်မြှုပ်ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဒဏ်ရာအပြင်းအထန်ရသာရခဲ့ပြီး မသေခဲ့တဲ့ ဘော့စ်က သူ့အကြောင်းကို အငြိုးကြီးစွာနဲ့ မရမက လိုက်စုံစမ်းပြီး သူ့ကိုသတ်ဖို့ ကြေးစားသေနတ်သမားတွေ စေလွှတ်နေခဲ့တယ်။အဲဒါတင်မကသေးဘူး။ သူ့ကိုမိလိုက်ရင် တကယ့်အောင်မြင်မှုကြီးဖြစ်မှာပဲလို့ တွက်ပြီး တခြားအမှုတွေဘေးချိတ်လို့ သူ့နောက်ကိုပဲ တကောက်ကောက်လိုက်နေတဲ့ FBI အေးဂျင့်တစ်ယောက်ကလည်း ရှိလို့နေပါသေးတယ်။လူနေကျဲပါးတဲ့ တောင်ပေါ်မြို့လေးတစ်ခုမှာ ဇာတ်မြှုပ်နေထိုင်နေတဲ့ သံဝေဂနောင်တတွေ အပြည့်ဖြစ်နေတဲ့ ...
movie

Boon (2022)

Human Capital (2019) 6.9
Human Capital (2019) နာမည်ကြီး အီတလီရုပ်ရှင်ကားတစ်ကားကို remakeပြန်လုပ်ထားပြီးနာမည်ရှိသရုပ်ဆောင်တွေနဲ့ရိုက်ကူးထားတဲ့ Dramaကားတစ်ကားပါ။IMDb Rating 7.8နဲ့ tomatoesမှာ62%ရထားပါတယ်။တစ်ခုသောညတစ်ညမှာ အလုပ်ကနေအိမ်ကိုစက်ဘီးစီးပြီးပြန်လာတဲ့သူတစ်ယောက်ကားတိုက်ခံလိုက်ရပြီး ယာဉ်မောင်းကတော့ထွက်‌ပြေးသွားပါတယ်။အဲ့အမှုကိုစင်တာထားပြီး ဇာတ်ကားထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေရဲ့ကာရိုက်တာ‌၊ အကျပ်အတည်း၊ စရိုက်တွေကို ချပြသွားပါတယ်။သာမာန်စီးပွားရေးသမားရဲ့ အထက်တန်းကျောင်းသူသမီးတစ်ယောက်နဲ့မီလီယံနာသူဌေးရဲ့သားဖြစ်သူတို့အတွဲကြောင့်မိသားစုနှစ်ခုတွေ့ဆုံသွားပြီး စီးပွားရေးကိစ္စတွေပါ ပါဝင်လာဖို့ဖြစ်သွားပါတယ်။နောက်တော့ သူတို့ဟာဒီယာဉ်တိုက်မှုနဲ့ပတ်သတ်လာတဲ့အခါမှာတော့ ....ဘာတွေဆက်ဖြစ်ပြီး ဘယ်လိုတွေရိုက်ကူးတင်ဆက်ထားတယ်ဆိုတာကိုကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ပါ။ File Size : ( 911 MB , 334 MB) Quality : WEB-DL 720p Running Time : 1 hr 35 min Format : Mp4 Genre : Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Human Capital (2019)