Channel Myanmar

Christina Crevillén

Belphegor, Phantom of the Louvre (2001)
Belphegor, Phantom of the Louvre (2001)  မံမီကားဆိုပေမယ့် အီဂျစ်ရဲ့ ပိရမစ်တွေ ဘုရင်တွေရဲ့ သင်္ချိုင်းတွေမှာမဟုတ်ဘဲ ပြင်သစ်မှာ ဇာတ်အိမ်တည်ထားတာပါ။ အထူးသဖြင့် ဇာတ်ဝင်ခန်းအများစုကို ပဲရစ်က နာမည်ကျော် Louvre ပြတိုက်မှာ ရိုက်ကူးထားပါတယ်။အီဂျစ်က တူးဖော်ရရှိတဲ့ ရှေးဟောင်းပစ္စည်းတွေကို Louvre ပြတိုက်ဆီသယ်လာရာမှာ မံမီတစ်ခုလည်းပါလာပါတယ်။ မံမီမှာ နာမည်ရော သူ့ကို မြှုပ်နှံတဲ့အချိန် ထည့်ရတဲ့ ရတနာတွေနဲ့ အဆောင်ပစ္စည်း‌တွေ ပါမလာပါဘူး။ ပညာရှင်တွေက သူ့ကိုလေဆာစကန်ဖတ်နေတဲ့အချိန် မံမီထဲကနေ ဝိညာဉ်ထွက်သွားပါတယ်။ အဲ့ဝိညာဉ်က ပြတိုက်တစ်ဖက်လမ်းမှာနေတဲ့ လီဆာဆိုတဲ့ မိန်းကလေးကိုယ်ထဲ ဝင်သွားပါတယ်။မကြာခင် ပြတိုက်က အစောင့်တွေ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရပြီး တစ္ဆေရှိတယ်ဆိုတဲ့ ကောလဟာလတွေ ပျံ့လာပါတယ်။ မံမီဝိညာဉ်ဝင်ပူးခံနေရတဲ့ လီဆာကလည်း ထူးထူးဆန်းဆန်းတွေ လုပ်နေပြီး လျှပ်စစ်မီးတွေကိုပါ ထိန်းချုပ်နိုင်လာပါတယ်။ ပြတိုက်လုံခြုံရေးတွေက မံမီတစ္ဆေကို သူခိုးထင်ပြီး ဖမ်းဖို့ကြိုးစားရင် သေကုန်တဲ့အခါ...လီဆာပါ အသက်အန္တရာယ်ရှိလာတဲ့အခါ...မံမီရဲ့ ရည်ရွယ်ချက်ကို သိအောင်လုပ်ပြီး လီဆာကို ကယ်ဖို့ သူ့ချစ်သူမာတင် ကြိုးပမ်းတာကို ...
movie

Belphegor, Phantom of the Louvre (2001)

The French Minister (2013) 6.4
The French Minister (2013) IMDb - 6.4/10ဇာတ်လမ်းအညွှန်းဒီပြင်သစ်ဇာတ်လမ်းလေးမှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနကနေ့ဒဓူဝလုပ်ငန်းစဉ်တွေ၊ သံတမန်ရေးရာအကြောင်းတွေကိုရိုက်ကူးထားတာဖြစ်ပါတယ်။သံတမန်ရေးရာမှာ နိုင်ငံခြားရေးဝန်ကြီးတစ်ယောက်ရဲ့ စကားလုံးတစ်လုံးဟာနိုင်ငံတကာပဋိပက္ခတွေကို ပြေလည်စေနိုင်သလိုဒီစကားလုံးတစ်လုံးမှားလိုက်တာနဲ့ စစ်မီးမွှေးနိုင်လောက်တဲ့အထိ အရေးကြီးပါတယ်။ဒီတော့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အဲလက်ဇန်းဒါး တာယာ့ဒ်ဒီကသူပြောမယ့်စကားတွေ မိန့်ခွန်းတွေ ရေးသားဖို့ အာ့သူးဗလာဗိုက်ခ်ဆိုတဲ့လူငယ်လေးကို တာဝန်ခန့်အပ်လိုက်တယ်။ငြိမ်းချမ်းရေးကို လိုလားပြီး ကိုယ့်ကိုကိုယ်အထင်ကြီးတတ်၊စကားမာမာပြောတတ်၊ သံတမန်ရေးကိစ္စတွေနဲ့ခေါင်းရှုပ်လာရတဲ့အခါပေါက်ကွဲတတ်တဲ့ ဝန်ကြီး အဲလက်ဇန်းဒါးလို အထက်အရာရှိအတွက်သံခင်းတမန်ခင်းမှာအရေးကြီးတဲ့မိန့်ခွန်းတွေကိုအာ့သူးတစ်ယောက် ဘယ်လိုကြိုးစားရေးရလဲ၊ နိုင်ငံခြားရေးဝန်ကြီးရုံးမှာအာ့သူးနဲ့ အဖွဲ့ဝင်တွေ ဘယ်လိုကြိုးစားကြရလဲဆိုတဲ့အကြောင်းတွေကို ပါဝင်ပါတယ်။ဒီလိုအဖွဲ့ဝင်တွေရဲ့ကြိုးစားမှုတွေကြောင့်အပါအဝင်ဝန်ကြီး အဲလက်ဇန်းဒါးဟာ နိုင်ငံတကာပြဿနာတွေ၊စစ်ဖြစ်ပွါးလာနိုင်တဲ့အရေးအခင်းတွေမှာ သံတမန်ရေးအရဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတဲ့အကြောင်းတွေကိုလည်း ကြည့်ရှုကြရမှာဖြစ်ပါတယ်။Quai d'Orsay ဆိုတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနအကြောင်းရေးသားထားတဲ့စာအုပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။UKရဲ့ BAFTA award winner တစ်ယောက်ဖြစ်ပြီးနိုင်ငံရေးအကြောင်းဇာတ်လမ်းတွေ ရိုက်ကူးတဲ့နေရာမှာနာမည်ကြီးဒါရိုက်တာဖြစ်တဲ့ Bertrand Tavernier က ရိုက်ကူးထားဖြစ်ပြီးဒီဇာတ်လမ်းဟာ nominee အများကြီးဝင်ထားပြီးaward တွေလည်း ရရှိထားပါတယ်။နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဘယ်လိုအလုပ်လုပ်ကြလဲဆိုတဲ့အကြောင်းနဲ့ သံတမန်ရေးရာအကြောင်းတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဇာတ်လမ်းလေးဟာကြည့်သင့်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ File size…  2.2 GB  / 957.8 MB Quality… BluRay 1080p ...
movie

The French Minister (2013)

2013