Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Christina Low
5.7
Queen of the Desert (2015)
Queen of Desert (2015)ဒီကားလေးက 2015 ခုနှစ်က ထွက်ထားတဲ့ လက်ရာမြောက် အတ္ထုပ္ပတ္တိ ဒရာမာကားကောင်းလေးဖြစ်ပါတယ်။ ကန္တာရရဲ့မိခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ ကတ်ထရုဘဲလ်အကြောင်းကို အသက်(၂၀)နှောင်းပိုင်းကစပြီး စိတ်၀င်စားဖို့ကောင်းစွာတင်ဆက်ထားခြင်းဖြစ်ပါတယ်။ ဒီကားရဲ့ ဒါရိုက်တာက Werner Herzog ပါ။ ဟားဇော့ဆို စီနီမာဖန်တွေကြား မသိတဲ့လူမရှိလောက်ပါဘူး။ နယူးဂျာမန်စီနီမာရဲ့ ပိုင်အိုးနီးယားတစ်ယောက်လည်းဖြစ်တဲ့ ဟားဇော့ရဲ့ ရုပ်ရှင်အများစုက ဂန္ထဝင်စံတင်ရတဲ့ကားတွေချည်းပါပဲ။ ဒီကားကတော့ သူ့ရဲ့ သိပ်မကြာသေးခင်ကကားပါ။ ခင်ဗျားတို့သိသလိုပဲ ဒီလိုဒါရိုက်တာတွေရဲ့ကားတွေက ရိတ်တင်မကောင်းရင်တောင် ကောင်းနေကြတာများပါတယ်။ ဘာလို့ဆို အကဲဖြတ်တဲ့ဘဲတွေက သူ့ရှေ့ကားတွေနဲ့ပါ ချိန်ထိုးဖြတ်ကောင်းဖြတ််နိုင်ကြတာကိုး။ကတ်ထရုရဲ့ဘ၀အစ ဆို့နင့်ဖို့ကောင်းတဲ့အချစ်ဇာတ်လမ်းကို ကျွန်တော်တို့ ဗမာတွေ မင်းယုဝေဘာသာပြန်တင်ဆက်သမှုနဲ့ မသိသူမရှိတဲ့ သူ့စာသားတွေကို ကဗျာဆရာတွေ တေးရေးတွေ ခဏခဏယူသုံးခံရတဲ့ ကဗျာဆရာအိုမာခယမ်ရဲ့ ရူဘိယက်ကဗျာနဲ့တင်ဆက်ထားတာကအစ လွမ်းမောစရာကောင်းပြီး အမျိုးသမီးတစ်ဦးအနေနဲ့ အရှေ့အလယ်ပိုင်းဒေသကို ခရီးလှည့်လည်သွားလာရင်း ကြုံတွေ့ရတဲ့အခက်အခဲတွေကို ကဗျာတလှည့် စာတလှည့်နဲ့ပြသထားပါတယ်။ ထူးတာက ဒီဇာတ်ထဲက အဓိကဇာတ်ကောင် ...
movie
Queen of the Desert (2015)
2015
6.7
Acrylic (2020)
Acrylic (2020)===========IMDb Rating - 6.7/10#Unicodeပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းစေမယ့် Comedy ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ . . .လင်ဒါက အယ်အေမှာ လက်သည်းအလှပြင်ဆိုင်ဖွင့်ထားပါတယ်။ အရည်အချင်းရှိတဲ့ဝန်ထမ်းတွေကြောင့် လူအရမ်းကျပြီး အလုပ်အကိုင်အဆင်ပြေတဲ့ဆိုင်လေးပါ။ သူတို့မြို့နယ်မှာတော့ သူတို့ဆိုင်လေးကို ယှဉ်နိုင်တဲ့ဆိုင်မရှိပါဘူး။ ဒါပေမဲ့ တစ်နေ့မှာတော့သူတို့ဆိုင်နားမှာ အပြိုင်နောက်တစ်ဆိုင်ပေါ်လာပါတယ်။ ပိုင်ရှင်က ဘယ်သူလဲဆိုတော့လင်ဒါရဲ့ ငယ်သူငယ်ချင်းဟောင်းလည်းဟုတ် ပြိုင်ဘက်လည်းဟုတ်တဲ့ ဆမ်ပါပဲ။ နာမည်ကြီးမဂ္ဂဇင်းတစ်ခုက ကျင်းပမယ့်ပြိုင်ပွဲတစ်ခုကြောင့် သူတို့နှစ်ယောက်ကြားက ပြိုင်ဆိုင်မှုတွေပိုပြင်းထန်လာမှာလားဆိုတာကို ကြည့်ရှုခံစားပေးပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။)#Zawgyiေပါ့ေပါ့ပါးပါးေလးနဲ႔ ၾကည့္လို႔ေကာင္းေစမယ့္ Comedy ဇာတ္ကားေလးပါ။ဇာတ္လမ္းအက်ဥ္းေလးကေတာ့ . . .လင္ဒါက အယ္ေအမွာ လက္သည္းအလွျပင္ဆိုင္ဖြင့္ထားပါတယ္။ အရည္အခ်င္းရွိတဲ့ဝန္ထမ္းေတြေၾကာင့္ လူအရမ္းက်ၿပီး အလုပ္အကိုင္အဆင္ေျပတဲ့ဆိုင္ေလးပါ။ သူတို႔ၿမိဳ႕နယ္မွာေတာ့ သူတို႔ဆိုင္ေလးကို ယွဥ္ႏိုင္တဲ့ဆိုင္မရွိပါဘူး။ ဒါေပမဲ့ တစ္ေန႔မွာေတာ့သူတို႔ဆိုင္နားမွာ အၿပိဳင္ေနာက္တစ္ဆိုင္ေပၚလာပါတယ္။ ပိုင္ရွင္က ဘယ္သူလဲဆိုေတာ့လင္ဒါရဲ႕ ငယ္သူငယ္ခ်င္းေဟာင္းလည္းဟုတ္ ၿပိဳင္ဘက္လည္းဟုတ္တဲ့ ဆမ္ပါပဲ။ နာမည္ႀကီးမဂၢဇင္းတစ္ခုက ...
movie
Acrylic (2020)
2020