Channel Myanmar

Christopher Læssø

Ehrengard: The Art of Seduction (2023) 6.0
Ehrengard: The Art of Seduction (2023)  ဟိုးရှေးရှေးတုန်းက ဘာအန်ဟာဆန်ဆိုတဲ့တိုင်းပြည်ကြီးမှာပုံတူပန်းချီရေးဆွဲရာမှာဝါသနာထုံပြီး ဖြားယောင်းဆွဲဆောင်ခြင်းအတတ်ပညာကိုပါ တတ်ကျွမ်းတဲ့ ကာဇို့သ်ဆိုတဲ့ လူတစ်ယောက်ရှိတယ်ပေါ့နော်...။သူဟာ အမျိုးသမီးတွေကို ဖြားယောင်းဆွဲဆောင်ရာမှာ ကျွမ်းကျင်သူ၊ပရိယာယ်ကြွယ်သူ၊ အချစ်ရဲ့အဓိပ္ပာယ်ကို အမျိုးမျိုးဖွင့်ဟပြောတတ်သူပါ...။တကယ်တော့ ဒီဇာတ်ကောင်ဟာ 1790 ဝန်းကျင် ဥရောပမှာ မိန်းမလိုက်စားသူအဖြစ်နာမည်ကျော်ခဲ့တဲ့ အီတလျံသား၊ လူစွန့်စား၊ စာရေးဆရာ Casanovaကိုမှီငြမ်းပြီးပုံဖော်ထားတာပါ...။ဒီဇာတ်လမ်းလေးထဲမှာတော့ တိုင်းပြည်ရဲ့ အမွေခံမင်းသားလေးဟာ အိမ်ထောင်ပြုဖို့စိတ်မပါတာကြောင့် သားဖြစ်သူအတွက်၊ ထီနန်းအတွက် ရတက်မအေးဖြစ်နေရတဲ့မိဖုရားကြီးဟာ ကာဇို့သ်ကိုဖိတ်ခေါ်ပြီးအကူအညီတောင်းရပါတယ်...။ဘယ်လိုအကူအညီလဲဆိုတော့ မင်းသားလေးကို အချစ်ရေးအချစ်ရာစိတ်ဝင်စားလာအောင်၊ဖြားယောင်းခြင်းအတတ်ပညာတွေ သင်ယူခိုင်းဖို့ပါတယ်...။ကာဇို့သ်ကလည်း သူတတ်ကျွမ်းတဲ့ ဖြားယောင်းခြင်းပညာကို မင်းသားလေးဆီသင်ကြားပေးရင်းပဲ တော်ဝင်မျိုးနွယ် အမျိုးသမီးချောလေးဖြစ်တဲ့ အီဟန်ဂါ့နဲ့တွေ့ဆုံကာ သဘောကျသွားပါလေရော...။ကာဇို့သ်ရဲ့ စိတ်ထဲမှာလည်း အီဟန်ဂါ့ရဲ့ ပုံတူကို ရေးဆွဲချင်စိတ်တွေ တဖွားဖွားဖြစ်ခဲ့ရတယ်ပေါ့...။ဒီတော့ မိန်းကလေးတိုင်းကို ဖြားယောင်းတတ်တဲ့ ကာဇို့သ် သူတကယ်တမ်းမြတ်နိုးတဲ့အီဟန်ဂါ့လေးကို ဆွဲဆောင်နိုင်ပါ့မလား...။သူရေးဆွဲချင်တဲ့ ပုံတူပန်းချီလေးကိုရော ဘယ်လိုဆန်းဆန်းကြယ်ကြယ်ရေးဆွဲနိုင်မလဲဆိုတာကို ဇာတ်လမ်းလေးထဲ စီးမျှောခံစားကြည့်လို့ရပါပြီ... File size…1.60GB / 703MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. ...
movie

Ehrengard: The Art of Seduction (2023)

The Square (2017) 7.2
The Square (2017) The Square (2017) IMDb - 7.2/10_____Rotten - 85% Channel Myanmar ပရိတ်သတ်တွေအတွက် ဒီတစ်ကြိမ်တင်ဆက်ပေးလိုက်တဲ့ The Square ဇာတ်ကားဟာဆိုရင် ပုံမှန်အတွေ့ရများလေ့ရှိတဲ့ဇာတ်ကားတွေလိုမဟုတ်ဘဲ တစ်မျိုးတစ်ဘာသာ ထူးခြားတဲ့သဘောကိုခံစားမိစေမယ့် ဇာတ်ကားတစ်ခုဖြစ်ပါတယ်။အရှေ့ဥရောပ နိုင်ငံတစ်ခုဖြစ်တဲ့ ဆွီဒင်နိုင်ငံက “ခရစ်စတီယန်”ဆိုတဲ့ ပြတိုက်မှူးတစ်ယောက်…စတော့ဟုမ်းမြို့လည်မှာ ဖုန်းနဲ့ပစ္စည်းအချို့ခါးပိုက်နှိုက်ခံရတာကနေ ဇာတ်ကားတစ်ခုလုံးရဲ့ အဓိကအကြောင်းအရာကိုစတင်ထားတာပါ။ပျောက်ဆုံးသွားတဲ့ ဖုန်းနဲ့ပစ္စည်းတွေကို ပြန်လည်ရယူဖို့ကြိုးစားရင်းဇာတ်ရှိန်တဖြည်းဖြည်းတက်လာမှာပါ။ဇာတ်ကားတစ်ခုလုံးကို အစကနေအဆုံး ဂရုတစိုက်ကြည့်မှသာ ဇာတ်လမ်းရဲ့အရသာကို ခံစားလို့ရနိုင်မယ်လို့ ပြောချင်ပါတယ်အလွမ်းအဆွေးပိုင်းဆိုင်ရာ သရုပ်ဆောင်ခန်းတွေကို တင်ပြထားရင်းနဲ့ကြိုကြားကြိုကြားဆိုသလို အနုပညာပိုင်းဆိုင်ရာတီထွင်ဖန်တီးမှုတွေအကြောင်းလည်းဗဟုသုတဖြစ်စရာ တွေ့မြင်ကြရမှာပါ။ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီဇာတ်ကားဟာရသခံစားမှုအပိုင်းထက် သုတပိုင်းကိုပိုပြီးအလေးပေးထားတဲ့ ဇာတ်ကားတစ်ကားသာဖြစ်တယ်လို့ ဆိုချင်ပါတယ်။ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျား    File Size : (1.1 GB) Quality : WEB-DL 720p Running Time : 2hr 22min Format : Mp4 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source ...
movie

The Square (2017)

2017