Channel Myanmar

Christopher Pate

Sons of Summer (2023)
Sons of Summer (2023)  CM ပရိတ်သတ်ကြီးအတွက် လောလောလတ်လတ် 2023 ဂျူလိုင်လကမှထွက်ရှိထားတဲ့ ဇာတ်ကားသစ်လေးကိုတင်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်တော့ ဒီဇာတ်ကားရဲ့ အဓိဇာတ်လိုက်ရွှန်း ဟာ ပင်လယ်ကမ်းခြေမြို့လေးမှာနေထိုင်ပါတယ်။ ပင်လယ်ကမ်းခြေမြို့ဖြစ်တဲ့အလျှောက် လူတိုင်းနီးပါးက လှိုင်းစီး (surfing )ကြတယ်ပေါ့လေ။ရွှန်းနဲ့ သူ့သူငယ်ချင်းတွေကလည်းဒီလိုပါပဲ ပင်လယ်ပျော်လေးတွေပေါ့။သူတို့အဖေတွေကလည်း သူတို့လို သူငယ်ချင်းအရင်းကြီးတွေဖြစ်ပြီးငယ်ငယ်ကလည်း ရွန်းတို့သူငယ်ချင်းအုပ်စုလို လှိုင်းစီးရင်းပျော်ပါးခဲ့ကြခဲ့လူတွေပါပဲ။ဒါပေမယ့် စိတ်မကောင်းစရာကတော့ ရွှန်းရဲ့အဖေဟာ ရွှန်းအသက်ငယ်ငယ်လေးကတည်းက အသတ်ခံလိုက်ရတာပါပဲ။ ငယ်ဘဝစိတ်ဒဏ်ရာတွေရှိခဲ့တော့သူကလမ်းမှားရောက်သွားခဲ့ဖူးပါတယ်။ ဆေးရောင်းဆေးဝယ်ဆေးကိစ္စတွေလုပ်ခဲ့ဖူးတာမျိုးပေါ့။ဒါပေမယ့် သူအရမ်းချစ်ရတဲ့ ကောင်မလေး ကေတီကြောင့် အဲ့လိုကိစ္စတွေကိုမလုပ်တော့ပဲကင်းကင်းနေပါပြီဆိုကာမှ ရစ်ခ်ဆိုတဲ့ ဘော်ဒါဟောင်းတစ်ကောင်က သူအကြွေးဆပ်စရာတွေရှိလို့ ကူညီပါလားဆိုပြီး ရွှန်းကိုအကူအညီတောင်းပါတော့တယ်။ ဒီကိစ္စကိုအတူတူလုပ်မယ့် ပိ့ထ်ဆိုတဲ့လူကလည်း သူ့ရဲ့ မွေးစားဖခင်လိုဖြစ်နေတဲ့အတွက်နောက်ဆုံးတစ်ခေါက်တော့ကူညီလိုက်မယ်ဆိုပြီး ဆေးတွေ ခိုးပေးရာကနေ.....ဘယ်‌လိုတွေဖြစ်ကုန်မလဲ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကတော့ ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။  File size…1.91GB / 941MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by AIO
movie

Sons of Summer (2023)