Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Chyler Leigh
6.1
Brake (2012)
ကားနောက်ခန်းထဲထည့်ပိတ်ခံရတဲ့ကားတွေအများကြီးထဲမှာဒီကားကတော့ Plot Twist ပေါင်းမျိုးစုံနဲ့ကြည့်လို့တော်တော်ကောင်းတဲ့ကားပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့Break ဖြစ်ပြီး IMDb Rating 6.2 ရရှိထားပါတယ်။ဒီပုံစံနဲ့အလားတူတခြားကားတွေလို နောက်ဖုံးထဲမှာပဲ ပျင်းစရာကောင်းနေတာမျိုးမဟုတ်ဘဲ စိတ်ဝင်စားစရာတွေအများကြီးထည့်ထားပေးတဲ့အတွက်ဒီလိုပုံစံဇာတ်ကားမျိုးကိုကြိုက်နှစ်သက်တဲ့သူတွေကြည့်သင့်ပါတယ်။ဇာတ်ကားအကျဉ်းချုပ်ကတော့များများစားစားပြောစရာမရှိဘဲ စစချင်းမှာတင်ဂျယ်ရမီဆိုတဲ့လူတစ်ယောက်ကကားနောက်ဖုံးထဲမှ ာအဖမ်းခံထားရပြီးဒီအတိုင်းရိုးရိုးတန်းတန်းအထည့်ခံထားရတာမဟုတ်ပဲ အလုံပိတ်သေတ္တာကြီးနဲ့ပါတစ်ဆင့်ထည့်ထားတဲ့အတွက် လွတ်မြောက်ဖို့ဆိုတာကတော့မဖြစ်နိုင်သလောက်ပါပဲ။စစချင်းမှာတော့ သူယူထားတဲ့လောင်းကစားကြွေးရှင်က လုပ်တယ်ထင်ခဲ့ပေမဲ့ တကယ်တမ်းမှာတော့Roulette ဆိုတဲ့ နေရာကိုသိချင်လို့ဖမ်းခေါ်လာပြီးမေးမြန်းနေတာပဲဖြစ်ပါတယ်။Roulette ဆိုတဲ့နေရာကဘာလဲဆိုတော့သူတို့နိုင်ငံမှာအရေးအခင်းကြီးတစ်ခုခုဖြစ်ရင် သမ္မတပုန်းခိုလို့ရအောင်လုပ်ထားတဲ့လုံခြုံတဲ့မြေအောက်အလုံခန်းကြီးပဲဖြစ်ပါတယ်။အဲ့ဒီနေရာကိုဘာလို့သူ့ကိုမရမကမေးနေရတာလဲ အဲ့ဒီနောက်ဖုံးထဲကရောဂျယ်ရမီတစ်ယောက်ဘယ်လိုနည်းလမ်းတွေသုံးပြီးလွတ်မြောက်အောင်ကြိုးစားမလဲဆိုတာတွေကိုကြည့်ရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…2.14GB / 936MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Brake (2012)