Channel Myanmar

Ciaran Flynn

Hunger(2008) 7.5
Hunger(2008) Hunger(2008)*************ဒီဇာတ်ကားဟာ ၁၉၈၁ခုနှစ်က အိုင်ယာလန်တောင်ပိုင်း Mazeအကျဉ်းထောင်မှာ Irish Republicanခေါင်းဆောင်တစ်ဦးဖြစ်သူ Bobby Sands အစာငတ်ခံဆန္ဒပြခဲ့တဲ့အကြောင်းရိုက်ကူးတင်ဆက်ထားတာပါ။ ဘာကြောင့်ဒီလို ဆန္ဒပြပွဲတွေဖြစ်လာရသလဲဆိုတော့ ၁၉၇၂ခုနှစ်မှာ အိုင်ယာလန်မှာနိုင်ငံရေးအကျဉ်းသားတွေဟာဆိုရင် ရာဇဝတ်သားတွေလို ထောင်ဝတ်စုံဝတ်စရာမလို၊ အလုပ်ကြမ်းလုပ်စရာမလို၊ ကိုယ်ပိုင်အဝတ်ဝတ်ဆင်ခွင့်ရှိပြီး တစ်ပတ်တစ်ခါဧည့်တွေ့ခွင့်၊အစားအစာလက်ခံခွင့်တွေ၊ ထောင်ကန်တင်းမှာပဲ ကိုယ်ပိုင်ပိုက်ဆံနဲ့ဝယ်စားခွင့် စတဲ့နိုင်ငံရေးအခွင့်အရေးတွေရှိကြောင်း ပြဌာန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ၁၉၇၆ခုနှစ်မှာ ဗြိတိသျှအစိုးရဟာ ဒီနိုင်ငံ‌ရေးခံစားခွင့်တွေပိတ်သိမ်းလိုက်ပြီး နိုင်ငံရေးအကျဥ်းသားတွေကို ရာဇဝတ်သားတွေလိုဆက်ဆံပါတော့တယ်။ ဒါကိုလက်မခံနိုင်တဲ့ ထောင်ကျနေတဲ့ IRA(Irish Republican Army)တပ်ဖွဲ့ဝင်တွေဟာနည်းမျိုးစုံသုံးပြီး သပိတ်ကိုစတင်ခဲ့ပါတယ်... ဖြစ်ရပ်မှန်ဖြစ်တဲ့အပြင် ကြမ်းတမ်းရက်စက်တာတွေကို ထင်သာ မြင်သာအောင်ရိုက်ပြထားတဲ့ Biography ကားကောင်းမို့ ခံစားကြည့်ကြပါဦး... Bobby Sandsနေရာမှာတော့ X-menထဲက Magnetoမင်းသားကြီးMichael Fassbenderသရုပ်ဆောင်ထားပါတယ်ဗျ။File Size :(2.4GB) and (948MB) Quality : Web-Dl1080p, 720p Format…mp4 Duration…01:36:00 Genre : Biography, Drama, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae
movie

Hunger(2008)

Robin Hood (2010) 6.7
Robin Hood (2010) Robin Hood (2010)================ ရော်ဘင်ဟုဒ်ကားအများကြီးထဲကမှ အ‌ကောင်းဆုံးလို့ပြောစမှတ်ပြုကြတဲ့ကားလေးလာပါပြီ။Cate Blanchett Russell Croweတို့လို ဝါရင့်မင်းသား မင်းသမီးကြီးတွေကအစွမ်းပြသရုပ်ဆောင်ထားပါတယ်။ ရော်ဘင်လောင်းစတွိုက်ဟာဘုရင်ကြီးရစ်ချတ်ရဲ့ခရူးဆိပ်စစ်ပွဲက လေးသည်တော်တစ်ယောက်ပါ။အင်္ဂလန်ကိုပြန်လာဖို့ ပြင်သစ်နဲ့အင်္ဂလန်ကြားကနိုင်ငံရေး တွေကြားနော့တင်ဟမ်ရဲ့ ဆာ ရောဘတ် လော့ဇ်စလေအဖြစ်အယောင်ဆောင်ပြန်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ ရောဘတ်တဖြစ်လဲ ရော်ဘင်တယောက်အင်္ဂလန်ရောက်ပြီးဘာတွေဆက်ဖြစ်မလဲ။ ရောဘတ်ရဲ့မိန်းမဖြစ်ခဲ့သူမယ်ရီယွန်နဲ့ရော ဘာတွေဆက်ဖြစ်ကြမလဲ။ ပြင်သစ်ကကျူးကျော်စစ်နီးကပ်လာချိန်အထိတိုင် ပြည်တွင်းစစ်ဖြစ်အဲ့ဆဲဆဲ အင်္ဂလန်ကို သာမန်လေးသမားတယောက်ကကယ်တင်နိုင်ပါ့မလား။ အဆုံးမှာဒဏ္ဍာရီတခုဘယ်လို ရေးနိုင်ခဲ့မလဲဆိုတာကိုရှုစားပေးကြပါဦး..  File size…2.31GB / 926MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 20m Genre ..... Action , Drama , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

Robin Hood (2010)

Nightride (2021)
Nightride (2021) Nightride (2022) ============== Crime,ThrillerIMDb - 5.7/10ဒီဇာတ်ကားက အတော်တော့ ထူးဆန်းတယ်။ တစ်ကားလုံးရဲ့ 80 % လောက်ကို ကားတစ်စီးထဲမှာပဲ one-shot သဘောမျိုးရိုက်ပြထားတာဖြစ်ပါတယ်။ဘတ်ဂျ်ဟာ ၇ နှစ်တာ မူးယစ်အရောင်းအဝယ်လုပ်ပြီးနောက် နောက်ဆုံးတစ်ကြိမ်အနေနဲ့ ညတစ်ညမှာ ယူကရိန်းသားတွေနဲ့ ခွင်အချီကြီးတစ်ကြိမ်လုပ်မယ် ဆိုပြီး ကားပေါ်တက်ခဲ့ပါတယ် သူ့ရဲ့ နောက်ဆုံးတစ်ကြိမ်မှာပဲ ရဲတွေကလိုက်လာလို့ အပေးအယူကို သူ့ရဲ့လက်အောက်ငယ်သားတွေကိုပဲ ဖုန်းဆက်ပြီး ညွှန်ကြားလုပ်ခိုင်းရာကနေ တလွဲတွေအကုန်ဖြစ်လာကို ရိုက်ပြထားတာပါ။ကျွန်တော် စကြည့်တုန်းကလည်း တစ်ကားထဲမှာ ဇာတ်လိုက်ကဖုန်းခေါ်နေလို့ အရမ်းပျင်းဖို့ကောင်းမယ်လို့ထင်ခဲ့ဖူးပေမယ့် တကယ်ကြည့်တော့ One-shot ရိုက်ထားတဲ့ပုံစံအတိုင်း အချိန်နဲ့တပြေးညီဆက်တိုက်ဖြစ်ပျက်နေတာကို ပြသွားတာဖြစ်ပြီး ဖုန်း Call တွေကနေ ဇာတ်ကားအတက်အကျကို ဆွဲခေါ်သွားတာဖြစ်ပါတယ် ။ ဘက်ဂျ်ရဲ့ နောက်ဆုံးအကြိမ် Drug Deal လုပ်တာ အောင်မြင်သွားမလား.... အခက်အခဲတွေကြားကနေ ဘယ်လို ပြန်အဖတ်ဆယ်သွားမလဲဆိုတာကိုတော့ ဒီ Nightride ဆိုတဲ့ဇာတ်ကားမှာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ်။Genre.....Crime, Drama, Thriller Quality….WEB-DL 1080p and ...
movie

Nightride (2021)

2022
The Devil’s Doorway N/A
The Devil’s Doorway မရတော့ဘူး Devil's doorway ကြည့်ပြီး အရမ်းဒေကြောက်နေပြီ.....မထင်ရတဲ့ နေရာတွေကနေ ပေါ်လာတဲ့ သရဲတွေနဲ့ ... ဒီတစ်ခေါက်မှာတော့ Horror movie အမျိုးအစား ဖြစ်တဲ့ "Devil's doorway" (မိစ္ဆာတံခါးဝ)ဆိုတဲ့ ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်..အညွှန်း....ဒီကြောက်စရာအကြောင်းအရာ တွေကတော့ 1960 ချမ်းအေးတဲ့အချိန်မှာ ဖြစ်ခဲ့တာပါ...Father Thomas Riley နဲ့ John Thornton ဟာထူးဆန်းတဲ့အကြောင်းအရာတစ်ခုကို စုံစမ်းဖို့ အတွက် Irish အိမ်တစ်အိမ်ကို သွားခဲ့ပါတယ်...ဒီအိမ်ဟာ သူတို့နှစ်ယောက်အတွက် မိစ္ဆာတံခါးဝထဲဝင်သလို ဖြစ်ခဲ့ပါတယ်...သူတို့နှစ်ယောက် အကြောင်းအရင်းကို ဘယ်လိုဖော်ထုတ်ကြမလဲ....မိစ္ဆာတံခါးဝကနေ ပြန်ထွက်နိုင်မလား... ကဲ CM ပရိတ်သတ်တွေနဲ့ မိစ္ဆာတံခါးဝထဲအတူတူဝင်ကြမယ်နော်...
movie

The Devil’s Doorway

2018