Channel Myanmar

Cici Lau

The Edge of Her Mind Anthology (2022) 6.6
The Edge of Her Mind Anthology (2022) The Edge of Her Mind Anthology (2022)အမျိုးသမီးတွေရိုက်ထားတဲ့ အမျိုးသမီးတို့အကြောင်း... အမျိုးသမီးတို့ရဲ့ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ပြဿနာတွေကို မီးမောင်းထိုးပြထားတဲ့ ရုပ်ရှင်အတိုလေးတွေ စုစည်းထားတာဖြစ်ပါတယ်။Xin (Heart), Café Abundance, Fragile Storm, Utopia, Over The Moon, Count Back From Ten, Uncertainship နဲ့ Mermaid လို့ခေါ်တဲ့ သူမစိတ်ရဲ့ အစွန်အဖျားလေး ၈ခုပါ,ပါတယ်။ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တာမို့ စိတ်အနှောင့်အယှက်ဖြစ်စရာအခန်းတွေလည်းပါတဲ့အပြင် အခုလိုမျိုး ကားတိုလေးတွေဆိုတော့ တစ်ကားစီ နား,နားပြီး ကြည့်လို့ရပါတယ်။ ဇာတ်လမ်းတစ်ပုဒ်ချင်းစီက ကိုယ်တိုင်ကိုယ်ကျနဲ့ ဆက်စပ်ကြည့်လို့ရပြီး တမူထူးခြားပါတယ်။ အကြိုက်မိဆုံးကတော့ Fragile Storm ပါ။ဒါဟာ အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေပဲဆိုပေမယ့် အမျိုးသားတွေလည်း ကြည့်ရှုနိုင်ပါတယ်။ ဘာလို့ဆို ကျားကျားမမ ကိုယ်ပိုင်အတွေ့အကြုံတွေဟာ ယှဉ်တွဲနေကြတာဖြစ်ပြီး တကယ်တမ်းဆို အဲဒီလောက်ထိ မခြားနားဘူးဆိုတာ ...
movie

The Edge of Her Mind Anthology (2022)

The Wolves (2019) 7.8
The Wolves (2019) ဒီဇာတ်ကားလေးကတော့ 2019 မှာ ထွက်ရှိထားတဲ့ Dramaကားတစ်ကားဖြစ်ပါတယ်။ လူစီယာဟာ မက္ကစီကန်နိုင်ငံမှ အမေရိကန်ကိုပြောင်းလာခဲ့တဲ့ မိခင်တစ်ဦးဖြစ်ပြီး သူမမှာ မက်စ်နဲ့လီယိုလို့ခေါ်တဲ့ ၆နှစ်နဲ့ ၈နှစ်အရွယ်ကလေးငယ် (၂) ဦးရှိပါတယ်။ အခြားသောထောင်သောင်းချီတဲ့ ရွေ့ပြောင်းနေထိုင်သူတွေလိုပဲ သူမဟာလည်း သူမရဲ့ဘ၀အတွက်၊ သူမရဲ့သားငယ်လေးတွေအတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ်အတွက် စတဲ့ စိတ်ကူးမျှော်လင့်ချက်တွေ နဲ့ပါ။ သူမရဲ့ရုန်းကန်လှုပ်ရှားရမှု၊ ကလေးငယ်နှစ်ဦးရဲ့ နေ့စဉ်ဘ၀၊ အိမ်နီးချင်းများ၊ သူမတို့ရဲ့နောက်ခံဇာတ်လမ်းဇာတ်ကြောင်းများ၊ အိမ်နီးချင်းများတွေရဲ့ နောက်ခံများ၊ မိခင်တစ်ဦး၊ ကလေးငယ်များ၊ ရွေ့ပြောင်းနေထိုင်သူများ စတာတွေကို ဒါရိုက်တာ Samuel Kishi ရဲ့ လက်ရာမှာ ဘယ်လိုမျိုးထူးခြားကောင်းမွန်ပြီး သမားရိုးကျ ပျင်းစရာ ဖြစ်နေတာမျိုး လည်းမဟုတ်သလို နားလည်သဘောပေါက်ဖို့ ခက်ခဲအောင်ဆန်းပြားနေတာမျိုးလည်းမဟုတ်တဲ့ အတွက် ရုပ်ရှင်ချစ်သူတွေအနေနဲ့ ဒီဇာတ်ကားလေးကို တစ်ကြိမ်လောက်များ မြည်းစမ်းကြည့်မယ်ဆိုရင် အရှုံးမရှိနိုင်ဘူး လို့ပဲ ထောက်ခံပြောပါရစေခင်ဗျာ။ ရုပ်ရှင်ရဲ့ကောင်းမွန်မှုနဲ့ အညီ IMDB Ratingကလည်း ထိုက်တန်စွာ 6.7 ထိရရှိထားပြီး နိုင်ငံတကာရုပ်ရှင်ဝေဖန်ရေးသမားတွေက ခင်ဗျားဟာ 12 Angry Men, Forrest Gump, Leon, American History X, The Florida Project ...
movie

The Wolves (2019)

2019