Channel Myanmar

Circus-Szalewski

Road Trip Hostage (2023) 4.4
Road Trip Hostage (2023) Road Trip Hostage (2023) ===================အမှတ်တမဲ့ ပြုလုပ်မိလိုက်တဲ့ အမှားတစ်ခုကနေ လူ‌သတ်မှု အထိ ကြီးထွားသွားခဲ့ပြီး ပြစ်မှုတွေဆက်တိုက်ကျူးလွန်ဖို့ တွန်းအားတစ်ခု ဖြစ်လာခဲ့တဲ့အခါ.......ဇာတ်လမ်းကတော့ ဒီလိုပါ။ အမ်မာက အောင်မြင်တဲ့အကသမားတစ်ယောက်ဖြစ်ဖို့ စိတ် အားသန်နေပြီး သူ့ရဲ့အမေဖြစ်သူကတော့ ကျောင်းစာကိုပဲ အာရုံစိုက်စေချင်တဲ့သူပါ။ ဒီလိုနဲ့ သူတို့နှစ်ယောက် စကားတွေ များကြပြီးနောက် အမ်မာတစ်ယောက် အိမ်ပေါ်ကဆင်းပြီး သူ့သူငယ်ချင်းရှိတဲ့အိမ်ကို ရောက်လာခဲ့ပါတယ်။ အဲဒီအိမ်ကို တော့ ရစ်ခ် ဆိုတဲ့ သူဌေးသားဘောစိတစ်ယောက်က ပိုင်တာပါ။ ပိုက်ဆံတွေ သုံးလွန်းအားကြီးတဲ့ ရစ်ခ်ကို ဖခင်ဖြစ်သူက သုံးစွဲ ခွင့်ကတ်တွေ ပိတ်လိုက်တဲ့အချိန်မှာ ပြဿနာတက်ကြပြီး အဲဒီ နေရာမှာပဲ ရစ်ခ် ရဲ့လက်ချက်နဲ့ ဖခင်ဖြစ်သူ သေဆုံးသွားခဲ့ရပါ တယ်။လူသတ်မှုကနေ ထွက်ပြေးတိမ်းရှောင်ဖို့ အမ်မာရဲ့ကားကို လိုက် စီးဖြစ်ရာကနေ အမ်မာတစ်ယောက် ပြန်ပေးဆွဲခံရတဲ့ထိ ဖြစ် လာပါတော့တယ်။ ရစ်ခ်ရဲ့ မဆုံးနိုင်တဲ့ အမှုတွဲတွေအပြင် အမ်မာ တစ်ယောက် ရစ်ခ်ရဲ့ လက်ကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာ ကတော့ Road Trip Hostage ရဲ့ စောင့်ကြည့်သွားရမဲ့ ဇာတ်ဝင် ခန်းများပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine ...
movie

Road Trip Hostage (2023)

2023
Alone (2020) 6.2
Alone (2020) ထွက်ရှိထားတာမကြာသေးတဲ့ Thrillerဇာတ်ကားကောင်းတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်ဂျက်စီဆိုတဲ့ကောင်မလေးဟာ အတိတ်တုန်းကဖြစ်ပျက်ခဲ့တဲ့ဆိုးရွားတဲ့ကိစ္စတွေကြောင့် စိတ်ဒဏ်ရာရနေတဲ့သူတစ်ယောက်ပါ ဒါပေမယ့် အရာအားလုံးကိုမေ့ဖျောက်ပစ်လိုက်ဖို့အတွက် သူမနေတဲ့မြို့ကနေတစ်ယောက်တည်း ခရီးထွက်လာခဲ့ပါတယ် သူမခရီးထွက်နေရင်းလမ်းမှာလူတစ်ယောက်နဲ့အမှတ်မထင်ဆုံခဲ့ရပါတယ် သို့ပေမယ့် မကြာခင်မှာပဲ အဲ့ဒီလူကသူ့ကိုနောက်ယောင်ခံလိုက်နေတယ်ဆိုတာကို သတိထားမိလိုက်တဲ့အခါမှာတော့……… လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုကို Spoil မိသွားမှာစိုးလို့ ဒီလောက်နဲ့ပဲအညွှန်းကိုရပ်လိုက်ချင်ပါတယ် သေချာတာကတော့ Thriller ဇာတ်ကားတစ်ကားအနေနဲ့ သူ့ရဲ့ ရသကို အပြည့်အဝပေးစွမ်းနိုင်တယ်ဆိုတာပါပဲ ကြည့်နေရတဲ့သူတောင်မွန်းကြပ်ပြီး ဇာတ်လမ်းထဲ ကိုယ်တိုင်ပါဝင်နေရသလို ခံစားရစေမှာပါ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thet Hnin Hsu ပါFile Size - 1 gb Quality - web-dl 1080p Subtitle - burmese Translator - Thet Hnin Su Encoder - Thit San Khant
movie

Alone (2020)

2020
Antrum(2018) 4.9
Antrum(2018) Antrum(2018)Antrum ကမ္ဘာပေါ်မှာ လူအသေအပျောက်များဆုံးရုပ်ရှင်တဲ့။ဒီရုပ်ရှင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကတော့ ဇာတ်ကားထဲမှာ ပါနေတဲ့အတွက် ထပ်မပြောတော့ပါဘူး။သတိပဲပေးချင်ပါတယ်။ လူပေါင်း ၅၀ ကျော်က ဒီရုပ်ရှင်ကို ကြည့်လို့ သေကြရတာပါလို့အခိုင်အမာယုံကြည်သူတွေရှိနေပါတယ်။ ရုပ်ရှင်ကြည့်တာနဲ့ပဲ သေနိုင်မှာလား။ စမ်းချင်စရာပဲနော်။မပူပါနဲ့ ဒီရုပ်ရှင်က မူရင်း Antrum ရုပ်ရှင်မဟုတ်ပါဘူး။ မူရင်းရုပ်ရှင်က ပျောက်နေတာပါ။ဒါပေမဲ့ တကယ်ကြောက်စရာကောင်းတဲ့ ရုပ်ရှင်ဆိုတာတော့ ငြင်းမရပါဘူး။ဝုန်းကနဲ ထခုန်ရမယ့် ခြောက်လုံးတွေ တစ်ခုမှာမပါဘဲ တစိမ့်စိမ့်ကြောက်နေရမယ့် ဇာတ်ကားပါ။ကြောက်အောင်လည်း သေချာလုပ်ထားပါတယ်။ အဲဒါကြောင့် မသေနိုင်ဘူးဆိုပေမဲ့လည်းစိတ်အားငယ်တတ်တဲ့သူတွေ၊ ကြောက်တတ်တဲ့သူတွေ မကြည့်ကြဖို့ သတိပေးချင်ပါတယ်။ကြောက်တော့ ကြောက်တယ် ကြည့်ချင်တယ်ဆိုတဲ့သူတွေ လက်ရှောင်သင့်ပါတယ်။သတိတော့ပေးပြီးပြီဗျာ။ ကြည့်ချင်တဲ့သူတွေ ကိုယ့်ဘာသာ တာဝန်ယူနိုင်တယ်ဆိုရင်တော့ ကြည့်လိုက်ကြပါဦး။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ D3mon ပဲဖြစ်ပါတယ်...File Size : (850 MB) and (312 MB) Quality : WEB-DL 720p Format…mp4 Duration…01:35:00 Genre : Horror Subtitle : Myanmar ...
movie

Antrum(2018)