Channel Myanmar

Clare Perkins

Medusa Deluxe (2023) 6.2
Medusa Deluxe (2023)  IMD b 6.2 ရရှိထားတဲ့ ဟာသအရောလေးတွေနဲ့ဒရမ်မာဆန်ဆန်ဇာတ်ကားတစ်ကားဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကတော့..... ဆံပင်အလှပြုပြင်တဲ့ပြိုင်ပွဲတစ်ခုမှာပြိုင်ပွဲဝင်တစ်ယောက်အသတ်ခံလိုက်ရပြီး ရိုးရိုးလူသတ်မှုမျိုးမဟုတ်ဘဲဦးရေပြားကိုပါဆွဲခွာသွားတာမို့လူတွေအားလုံးကလည်းအထိတ်တလန့်ဖြစ်ကုန်ပါတော့တယ် ဆံသဆရာတွေရဲ့ထုံးစံအတိုင်းအတင်းအဖျင်းဆိုထိပ်ဆုံးကပါတတ်ကြတာမို့ဒီလိုရှုပ်ထွေးတဲ့အခြေအနေမှာဆိုပြောနေဖို့တောင်လိုမယ်မထင်ပါဘူး ဒီလိုနဲ့အတင်းအဖျင်းတွေပြောပြီးတစ်ယောက်နဲ့တစ်ယောက်အချွန်နဲ့မကြရင်းတကယ်တမ်းလူသတ်တရားခံကဘယ်သူလဲဆိုတာကိုမသိနိုင်လောက်အောင်ဖြစ်နေပါတော့တယ် တကယ်တော့ဆံသဆရာတွေရဲ့လောကဟာလည်းထင်ထားသလောက်မရိုးရှင်းပါဘူး ဒီလိုထူးဆန်းတဲ့လူသတ်မှုမျိုးကိုဘယ်သူကကျူးလွန်ခဲ့တာလဲ ကောလဟလတွေကြားကနေတကယ့်လူသတ်သမားအစစ်ကိုရောရှာတွေ့နိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမှာပါ File size…(2.5 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Comedy, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Medusa Deluxe (2023)

Censor (2021) 6.0
Censor (2021) Censor (2021)===========IMDb Rating - 6.0/10နိုင်ငံခြားတွေမှာ ရုပ်ရှင်တစ်ကားကို ကြည့်မယ်ဆို Rating အရင်ကြည့်ပါတယ်။ ၁၅ နှစ်အထက်လား? ၁၈ နှစ်အထက်လား? ကလေးအတွက်၊လူကြီးအတွက် စသဖြင့် အဆင့်ခွဲပေးရပါတယ်။ အဆင့်သတ်မှတ်ချက်အလိုက်လည်း မပါသင့်တဲ့ဇာတ်ဝင်ခန်းတွေကို တည်းဖြတ်ရပါတယ်။ ဘယ်သူတွေခွဲပေးလဲဆိုတော့ ဆင်ဆာလူကြီးမင်းတွေပါ။ ရုပ်ရှင်ကနေတစ်ဆင့် မှုခင်းတွေတိုးပွားလာတယ်ဆိုပြီးတော့ ၁၉၈၄ ခုနှစ်ကတည်းက သူတို့ခွင့်ပြုပေးတဲ့ ရုပ်ရှင်ကားမှ ထုတ်လွှတ်ခွင့်ရပါတယ်။ဆင်ဆာတစ်ခုကို ကောင်းကောင်းတည်းဖြတ်ရင်း လူတွေကိုကာကွယ်ပေးချင်တဲ့ အီနစ်တစ်ယောက်ကတော့ ညီမပျောက်ဆုံးမှုနဲ့အတူ စိတ်ဝေဒနာခံစားနေရသူပါ။ မကြာမီ အီနစ် ခွင့်ပြုခဲ့တဲ့ ဇာတ်ကားတစ်ကားအတိုင်း လူသတ်မှုဖြစ်ပွားခဲ့ပြီး သူ့ကြောင့် လူသတ်မှုဖြစ်ပါတယ်လို့ အပြစ်တင်ဝေဖန်ခံခဲ့ရပါတယ်။ ဒါပေမဲ့ သူ့ရဲ့လက်သုံးစကားကတော့ ဇာတ်လမ်းနဲ့လိုက်လျောညီထွေဖြစ်အောင် မှန်ကန်အောင်ပဲ တည်းဖြတ်ပါတယ်တဲ့...ဘယ်သူတွေဘာပဲပြောပြော သူ့ခံယူချက်အတိုင်း ဇာတ်လမ်းတစ်ပုဒ်ကို ကောင်းအောင် တည်းဖြတ်ရင်း သူမသိလိုက်တာကတော့ သူ့ဘဝ၊သူ့ဇာတ်လမ်းကို သူကိုယ်တိုင် လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုဆင်ဆာဖြတ်ခဲ့လဲဆိုတာပါပဲ...မြှုပ်ကွက်တွေများပြားပြီးတော့ ပုံမှန်ဇာတ်လမ်းတွေထဲကနေ ကွဲထွက်နေတဲ့ အတွက် ဒရာမာဆန်ဆန် ခြောက်ခြားတဲ့ကားမျိုးကို ...
movie

Censor (2021)

2021