Channel Myanmar

Clement von Franckenstein

Take Me Home Tonight (2011) 6.3
Take Me Home Tonight (2011)  ဒီတစ်ခါ ပေါ့ပေါ့ပါးပါး ပျော်စရာ လူငယ်ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်...ဘဝမှာ လူရယ်လို့ ဖြစ်လာရင် ရွေးချယ်မှုတွေလုပ်ကြရစမြဲပါ ကလေးဘဝတည်းကစ...အသက်တွေကြီးလာတဲ့အထိ..ကိုယ့်အတွက် ကောင်းမယ်ထင်တဲ့ဟာကို ရွေးချယ်ကြတာပါပဲ။ မှားမှာကို ကြောက်ပြီး ဘာမှမရွေးခဲ့ရင်တော့မမှားဘူးပေါ့လေ..သေချာတာကတော့ ဘာမှလည်း ဖြစ်မလာဘူးဆိုတာပါပဲ။ဒီ လူငယ်ဖန်စီဇတ်လမ်းလေးမှာ မတ်ဖရန့်ကလင်းဆိုတဲ့ကောင်လေးက ငယ်ငယ်ကတည်းက မှားမှာကိုကြောက်တတ်တဲ့သူပါ..MIT ကျောင်းလိုမျိုးကနေဘွဲ့ရပြီးတာတောင် မအောင်မြင်မှာကြောက်ပြီး ဘာအလုပ်မှလုပ်ဖို့ မရွေးချယ်ရဲဘဲ ကုန်တိုက်တစ်ခုက ဗီဒီယိုဆိုင်မှာအလုပ်ဝင်လုပ်နေပါတယ်...တစ်နေ့မှာ ကျောင်းတုန်းက သူကြိတ်ကြွေခဲ့ရတဲ့တိုရီ ဆိုတဲ့ ကောင်မလေးကို ပြန်ဆုံမိပါတယ်။မတ် တစ်ယောက် တိုရီကို ဘယ်လိုတွေ ပြောပြီးပါတီအတူတက်ရဖို့ ကြံဖန်မလဲဆိုတာ..။ File size…2.26GB / 915MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi
movie

Take Me Home Tonight (2011)

Hail, Caesar! (2016) 6.3
Hail, Caesar! (2016) ၁၉၅၀ ခုနှစ် ဟောလိဝုဒ်ရုပ်ရှင်လောကကို ထင်ဟပ်ထားတဲ့Dark Comedy အမျိုးအစား ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ Hail Ceasar! ကို တင်ဆက်ပေးလိုက်ရပါတယ်။ကတ်ပီတော်ပစ်ချားရုပ်ရှင်ထုတ်လုပ်ရေးရဲ့ fixer ဖြစ်တဲ့အက်ဒီမန်းနစ်စ်ရဲ့ တစ်နေ့စာအလွဲများလို့ ဆိုရမယ့် ဇာတ်ကားလည်းဖြစ်ပါတယ်။ရုပ်ရှင်လောကကို ဖော်ပြတဲ့ဇာတ်ကားဖြစ်တာနဲ့အမျှA-List Actor အများစုကို အသုံးပြုထားတာတွေ့ရပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Josh Brolin, George Clooney, Alden Ehrenreich, RalphFiennes, Jonah Hill, Scarlett Johannsson, Frances McDorman,Tilda Swinton နဲ့ Channing Tatumအထိ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ ကတ်ပီတော်ပစ်ချား ရဲ့ထုတ်လုပ်ရေးဦးစီးဖြစ်တဲ့ အက်ဒီမန်းနစ်စ်ဟာစတူဒီယိုရဲ့ အရှုပ်တော်ပုံများကိုလိုက်လံဒိုင်ခံ ဖြေရှင်းရသူ တစ်ဦးလည်း ဖြစ်ပါတယ်။တစ်ရက်မှာ စတူဒီယိုရဲ့အဓိကပရော်ဂျက်ဖြစ်တဲ့ “Hail Ceasar” ရဲ့ အဓိကသရုပ်ဆောင်ဘာ့တ်ဝှစ်လော့တ် ရိုက်ကွင်းကနေ ဆေးခတ်ပြီး ပြန်ပေးဆွဲခံခဲ့ရပါတယ်။စတူဒီယိုအပေါ်မကျေနပ်ချက်တွေကြားမှာ မြေစာပင်ဖြစ်ခဲ့ရသူ ဘာ့တ်ဝှစ်လော့တ်ကလည်းစာရေးဆရာကွန်မြူနစ်အုပ်စု ကြားထဲကို ရောက်သွားခဲ့ပါတယ်။ဒီလိုနဲ့ အက်ဒီမန်းနစ်စ်ဟာ ပြန်ပေးငွေ ...
movie

Hail, Caesar! (2016)

2016
The American President (1995) 6.8
The American President (1995) The American President (1995)~ IMDb - 6.8/10, Rotten Tomatoes - 91% ~အမေရိကန် ရုပ်ရှင်အစည်းအရုံး (AFI) ရဲ့ အမေရိကန်သမိုင်းတလျှောက် အကောင်းဆုံး အချစ်ရုပ်ရှင် ၁၀၀ မှာ နံပါတ် ၇၅ ချိတ်ခဲ့တဲ့ ရုပ်ရှင်ပါ။ အတိုချုပ်ပြောရရင် ဒီရုပ်ရှင်က နိုင်ငံရေးနဲ့အချစ်ရေးကို ဟာသဓာတ်လေးဖြည့်ရင်း လှလှပပဖျော်ထားတဲ့ ကော်ဖီတစ်ခွက်ပဲဖြစ်လိမ့်မယ်။၉၀ ခုနှစ်တွေဆိုတာ ရုပ်ရှင်လောကအတွက် တော်တော်ကို အရှိန်မြင့်လာတဲ့ကာလလို့ဆိုနိုင်တယ်။ ဒီရုပ်ရှင်ဆိုလည်း ဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာတင်မက သရုပ်ဆောင်တွေပါ Prime ဖြစ်ခဲ့တဲ့ကာလမှာရိုက်ခဲ့တယ်။ဇာတ်ညွှန်းရေးတဲ့လူက A Few Good Men တို့ Money Ball တို့ကိုရေးခဲ့တဲ့ Aaron Sorkin… သူ့အရေးအသားက ပြတ်တယ် မြန်တယ် ရှင်းတယ်။ ဒိုင်ယာလော့ဂ်တွေကို တစ်ခါတလေ အရှည်ကြီးတွေပြောတတ်တယ်။ သူ့ရဲ့ လမ်းလျှောက်ရင်းပြောတဲ့ ဒိုင်ယာလော့ဂ်တွေကတော့ ...
movie

The American President (1995)

1995
[18+]The Invisible Maniac (1990) 4.1
[18+]The Invisible Maniac (1990) The Invisible Maniac (1990) ====================ငယ်ငယ်လေးကတည်းက တဏှာရူးတဲ့ ဉာဏ်ကြီးရှင်ကောင်လေးကို သူ့အမေက ထိုညစ်ညမ်းတဲ့စိတ်တွေပျောက်သွားအောင် 'မ'မုန်းတီးရေး စိတ်ဓာတ် ရိုက်သွင်းခဲ့ရပါတယ်။ အရွယ်ရောက်ပြီး သိပ္ပံပညာရှင်ဖြစ် လာတဲ့နောက်မှာတော့ ကိုယ်ပျောက်ခြင်းနဲ့ပတ်သတ်တဲ့ သီအိုရီတွေ၊ လေ့လာမှုတွေ၊ စမ်းသပ်တီထွင်မှုတွေလုပ်ခဲ့ပြီး အောင်မြင်လုစဲစဲထိ ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ မထင်မှတ်ဘဲ ရာဇဝတ်ပြေးတစ်ယောက်ဖြစ်ခဲ့ရပြီးနောက်မှာတော့ ကျောင်ဆရာဘဝနဲ့ စကီလေးတစ်သိုက်ကို စာသင်ပေးရင်း နာမည်ဖွက် နေထိုင်ခဲ့ပါတယ်။ ထိုကျောင်းမှာပဲ သူလုပ်နေတဲ့ စမ်းသပ်မှုတွေကို ဆက် လုပ်ပြီး စကီလေးတွေအပေါ်ဘယ်လိုစိတ်တွေဖြစ်မိမလဲဆိုတာကို ကြည့်ရှု ရမှာဖြစ်ပါတယ်။ ရှင်းရှင်းဘွင်းဘွင်းပြသထားပြီး သတ်ဖြတ်ခန်းတွေပါမယ့် ၁၉၉၀ခုနှစ်က 18+စိတ္တဇလူသတ်ကားတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZMT ဖြစ်ပါတယ်)File Size..........(2.38 GB) / (846 MB) / (424 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 26Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Horror, Sci-Fi Translator.......ZMT Encoder..........Admin X
movie

[18+]The Invisible Maniac (1990)

Sodium Day (2022) 6.3
Sodium Day (2022) Sodium Day (2022) =============== IMDb Rating - 6.3/10"Sodium day"ဆိုတဲ့ဇာတ်ကားလေးဟာ တောင်အာဖရိက ကျောင်းတစ်ကျောင်းဖြစ်တဲ့ ဂျွန်ရှယ်ဘီကျောင်းဝင်းထဲမှာ Class-12Yရဲ့ ကျောင်းသားသုံးယောက် ရေပုံးထဲမှာ ဆိုဒီယမ် ကိုနှစ်ပြီး လက်ကမြင်းရာကစပါတယ်။ ဆိုဒီယမ်ကပေါက်ကွဲ သွားတော့ သူတို့ကဂုဏ်ယူတဲ့အနေနဲ့ အဲ့နေ့ကို "Sodium day" လို့ တောင်ကင်ပွန်းတပ်လိုက်ကြပါသေးတယ်။အဲ့နေ့ "Sodium day"နေ့မှာ ကျောင်းသူတစ်ယောက် ကျောင်း မပျက်စဖူးပျက်တယ်။ တခြားကျောင်းကကျောင်းသားတွေ ကျောင်းသားဖလှယ်ရေးပရိုဂရမ်နဲ့ မလာစဖူးလာတယ်။ လူမိုက် (၂)ယောက် ကျောင်းထဲကို သေနတ်ကိုင်ပြီးရောက်ချလာတယ်။ အဲ့လိုအဖြစ်အပျက်စုံစီနဖာကြောင့် သူတို့ရဲ့ ပျင်းစရာကောင်းတဲ့ သာမန်ကျောင်းလေးဟာ အဲ့နေ့မှာငြိမ်သက်နေတဲ့ရေပြင်ကို ကျောက်ခဲပစ်ချလိုက်သလို ဂယက်ထသွားခဲ့ရပါတယ်။လူမျိုးရေးခွဲခြားမှုတွေ၊ ပညာရေးအထောက်အပံ့အားနည်းမှုတွေ၊ ဒေသလုံခြုံရေးအားနည်းမှုတွေကို နေ့တစ်နေ့တည်းမှာတင် ပုံဖော် ပြသွားတာကို "Sodium Day"ဆိုတဲ့ဇာတ်ကားလေးမှာ ကြည့်ရှု ခံစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.4 GB) / (516 MB) / (350 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 40Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Ngwe Zin Encoder..........SWM
movie

Sodium Day (2022)

2022
Robin Hood: Men in Tights (1993) 6.7
Robin Hood: Men in Tights (1993) Robin Hood: Men in Tights (1993)~ IMDb - 6.7/10, Rotten Tomatoes - 41% ~Mel Brooks ဆိုတဲ့ဘဲ ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ကိုယ်တိုင်ထုတ်ရုံနဲ့အားမရလို့ ကိုယ်တိုင်ပါ ဝင်သရုပ်ဆောင်ထားတဲ့ ဂန္တဝင်မြောက် လက်ရာ တစ်ခု ဖြစ်တဲ့ Robin Hood Parody လေး ကြည့်ရှုနိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်။ Mel Brooks ဟာ ဟာသလိုင်းမှာတော့ တော်တော်ပေါက်တဲ့လူဖြစ်ပြီး ဒီရော်ဘင်ဟုဒ်ကားကိုလည်း စောက်တလွဲတွေအပြည့်နဲ့ စခွီထချင်စရာကောင်းအောင် တင်ဆက်ထားပါတယ်။ဒီကားက ရော်ဘင်ဟုဒ်ကားကိုမှ သောက်တလွဲစတိုင်ရိုက်ပြထားတဲ့ကားဆိုတော့ ကိုယ်တွေ အကြိုက် တောထဲမှာနေ လူဆိုးတွေဆီက ဓားပြတိုက်ပြီး လူကောင်းတွေကို ပြန်မျှတဲ့ ရော်ဘင်ဟုဒ်ထက် အိမ်ပါရှိနေပြီး အဲဒီအိမ်ကိုပါ အကြွေးနဲ့အသိမ်းခံရတဲ့အထိ သောက်တလွဲလုပ်ပြသလို၊ သူ့တိုင်းပြည်က မင်းသမီးကလည်း ဟိုနေရာကို မင်းကြီး သော့ခတ်ထားတာခံရပြီး သော့ပျောက်လို့ ...
movie

Robin Hood: Men in Tights (1993)

1993
Lionheart (1990) 6.2
Lionheart (1990) Lionheart ( 1990 ) ---------------- အာဖရိကမှာ တာဝန်ထမ်းဆောင်နေတဲ့အထူးတပ်သားတစ်ယောက်ရှိတယ်။ လော့အိန်ဂျယ်လိမှာ သူ့ညီဟာ အရှင်လတ်လတ် မီးရှိခံလိုက်ရတဲ့ ရက်စက်တဲ့အဖြစ်ဆိုးကြီးနဲ့ ကြုံခဲ့ရပေမဲ့ တပ်က သူ့ကိုအသိမပေးဘဲ ဖုံးထားခဲ့တယ်။ ဒီလိုနဲ့ သူသိသွားတဲ့အခါမှာ တပ်ကနေပြေးပြီး သူ့ညီရှိတဲ့ဆီ အပြေးသွားခဲ့တယ်။ လမ်းမှာ ငွေမရှိတော့ လမ်းဘေးထိုးပွဲတွေမှာ ဝင်ထိုးပြီး ငွေရှာရာကနေ နာမည်ကျော်တစ်ယောက်ဖြစ်လာခဲ့ပြီး ဒီနွံထဲက မရုန်းနိုင်ဘဲ သူ့ညီအတွက် သူ့မိသားစုအတွက် ကြေးမြင့်ထိုးပွဲတွေအထိပါ သူ့ရဲ့ ခြင်္သေ့လို နှလုံးသားနဲ့ ဆက်ထိုးရင်း တပ်ကလိုက်ဖမ်းတာကိုလည်း ရှောင်နေခဲ့ရတယ်။ ချစ်စိတ်လည်းကြီး သတ္တိလည်းကြီးတဲ့ သူ့နှလုံးသားနဲ့ ထိုးတဲ့ လက်သီးချက်တွေက သူ့မိသားစုဆီ ပြန်ရောက်ဖို ခြေတစ်လှမ်းပိုနီးလာစေမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါ။Lionheart ဟာ ဗန်ဒိန်းရဲ့ အက်ရှင်ခန်း ထိုးခန်း ချခန်း အလန်းစားတွေနဲ့ အက်ရှင်ကားကောင်းတစ်ကားပါ။ နပန်းပွဲတွေ ဆက်တိုက်ထိုးနေတာာကို ကြည့်ရတာမို ချခန်းတွေက တော်တော်လေး ကြည့်ကောင်းသလို မိသားစုအတွက် ဘာမဆိုလုပ်မယ့်လူတစ်ယောက်ရဲ့ ...
movie

Lionheart (1990)

Death Becomes Her (1992) 6.6
Death Becomes Her (1992) Death Becomes Her (1992)ဒီဇာတ်ကားဟာ 1993ခုနှစ်တုန်းက best visual effects အော်စကာဆုရခဲ့တဲ့ ဇာတ်ကားပါ။ ဟောလိဝုဒ်ရဲ့ ဒိတ်ဒိတ်ကြဲသုံးယောက်ဖြစ်တဲ့ Meryl Streep ၊Goldie Hawn နဲ့ Bruce Willis တို့ အဓိကပါဝင်ထားကြတဲ့ dark comedy ,horror, fantasy အမျိုးအစား ရုပ်ရှင်ပါ။ ဇာတ်ကားဟောင်းဖြစ်ပေမယ့် တကယ်ကို ကြည့်ဖို့ ညွှန်းပါတယ်။ဒီဇာတ်ကားရဲ့ visual effectsတွေ မိတ်ကပ်ပညာတွေဟာ တကယ်ကို သေသပ်ပါတယ်၊ ဒါတောင်1992ခုနှစ်က ကားပါ။ ဇာတ်လမ်းကလဲ တော်တော်လေးသွက်ပြီး ဟာသတွေကလဲ ပြောင်မြောက်ပါတယ်။ပြီးတော့ လူတိုင်းအတွက် လေးလေးနက်နက် တွေးကြည့်စရာ အတွေးစလေးတွေလဲ ချန်ခဲ့ဦးမှာပါ။ဇာတ်လမ်းအကျဉ်းအောင်မြင်မှုသိပ် မရှိတဲ့ မင်းသမီး မက်ဒ်လင်း နဲ့ စာရေးဆရာမ ဖြစ်ချင်တဲ့ ဟယ်လင်န် တို့ဟာဟန်ဆောင်ပေါင်းသင်းနေကြပေမယ့် တစ်ယောက် နောက်ကျော တစ်ယောက်ဓားနဲ့ထိုးဖို့ အမြဲ ချောင်းနေကြသူတွေပါ။တစ်နေ့မှာ ...
movie

Death Becomes Her (1992)

1992