Channel Myanmar

Cliff Fleming

Basic (2003) 6.4
Basic (2003) Basic (2003)ဒီ Basic ဆိုတဲ့ ရုပ်ရှင်ကတော့ မိတ်ဆက်ပေးစရာမလိုဘဲ အားလုံးသိပြီးကြပြီဖြစ်တဲ့ မေမေ့အချစ်တော် မင်းသားကြီး Samuel Jackson နဲ့အတူ သူ့ရဲ့ခေတ်ပြိုင်ဆိုသလို သူငယ်ချင်းလည်းဖြစ်တဲ့ ဝါရင့်မင်းသားကြီး John Travolta တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၀၃ ခုနှစ်ထွက် အက်ရှင် ဒရာမာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင် မင်းသားကြီး John Travolta က ဇာတ်ဆောင်တွမ်ဟာဒီ၊ မင်းသားကြီး Samuel ကတော့ ဇာတ်ပို့ တပ်ကြပ်ဝက်စ်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။~ ဇာတ်လမ်းအကျဉ်း ~တွမ်ဟာဒီဆိုသူဟာ အရင်က စစ်တပ်ရဲ့ရိန်းဂျားဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ သူဟာ ဒီအီးအေလို့ခေါ်တဲ့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှာ သူလျှိုအဖြစ်လုပ်ကိုင်နေပါတယ်။ တစ်နေ့မှာ သူတာဝန်ထမ်းဆောင်ခဲ့တဲ့ အခြေစိုက်စခန်းမှာ ညွှန်းကြားရေးမှူးအဖြစ်လုပ်ကိုင်နေတဲ့ သူ့ရဲ့ရိန်းဂျားတပ်ဖွဲ့ဝင်ဟောင်း သူငယ်ချင်းတစ်ယောက်က အတော်လေးရှုပ်ထွေးတဲ့အမှုတစ်ခုကို ကူညီဖြေရှင်းပေးဖို့ အကူအညီတောင်းလာခဲ့ပါတယ်။မုန်တိုင်းပြင်းထန်နေတဲ့တစ်နေ့မှာ တပ်ကြပ်ကြီးဝက်စ်ဟာ သူ့ရဲ့တပ်သားတွေနဲ့အတူ လေ့ကျင့်ရေးခရီးစဉ်ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ မုန်တိုင်းကြောင့် ဝက်စ်တို့တပ်ဖွဲ့ပြန်လာရမယ့်အချိန်က နောက်ကျသွားပြီး ...
movie

Basic (2003)

2003
The Last Stand (2013) 6.3
The Last Stand (2013) The Last Stand (2013) ================အားလုံးရဲ့အချစ်တော် အက်ရှင်မင်းသားကြီးအာနိုးရဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ကိုးရီးယားဒါရိုက်တာ Kim Jee Woon က သူ့ရဲ့ပထမဆုံးအမေရိကန်ရုပ်ရှင်ပွဲဦးထွက်အနေနဲ့ ရိုက်ကူးခဲ့တာပါ။ပြီးတော့ မင်းသားကြီးအာနိုးကလည်း Terminator3 ဇာတ်ကားပြီးနောက်ပိုင်း ပထမဆုံးအဓိကဇာတ်ဆောင်နေရာကပြန်လည်ပါ၀င်လာတာဖြစ်ပါတယ်။အာနိုးဟာ တစ်ချိန်က အယ်လ်အေပီဒီရဲ့ မူးယစ်ရဲတပ်ဖွဲ့မှာပါ၀င်ခဲ့သူဖြစ်ပြီး ၅နှစ်ကြာပြီးတဲ့နောက်မှာတော့ ဆွန်မာတန်ဆိုတဲ့နယ်စပ်မြို့လေးရဲ့ နယ်ထိန်းအဖြစ်အေးအေးချမ်းချမ်းဖြတ်သန်းနေတာဖြစ်ပါတယ်။ဒါပေမယ့် ဒုစရိုက်သမားကြီး ဂါဘရီယယ်ကောတက်စ်ကအက်ဖ်ဘီအိုင်လက်ထဲကနေ ထွက်ပြေးလာခဲ့ပြီးသူ့ရဲ့အဖွဲ့သားတွေနဲ့အတူ ဆွန်မာတန်ဆီလာနေတာ သိလိုက်ရပါတယ်။ဒီလိုနဲ့ အာနိုးလည်း အေးချမ်းနေလို့မရတော့ဘဲဒုစရိုက်သမားကြီးကောတက်စ်ကိုတားဆီးနိုင်ဖို့ ကြိုးစားရပါတော့တယ်။လက်နက်အပြည့်အစုံနဲ့ လူအင်အားများတဲ့ကောတက်စ်တို့အဖွဲ့ကို နယ်ထိန်းရဲလူနည်းစုလေးကဘယ်လိုတွေတားဆီးသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်တာကြောင့်အက်ရှင်ကားချစ်သူတွေကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…  1.8 GB /  925 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 50m Genre .....  Action , Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka
movie

The Last Stand (2013)

2013