Channel Myanmar

Clotilde De Spirito

Red Like the Sky (2006) 7.7
Red Like the Sky (2006) ဒီဇာတ်ကားလေးကတော့ ၁၉၇၀ခုနှစ်ပိုင်းတုန်းက ကိုယ်လက်အင်္ဂါချို့တဲ့သူတွေ အထူးသဖြင့်မျက်မမြင်တွေကို အစိုးရကအစ၊ မျက်မမြင်ကျောင်းမှ တာဝန်ရှိသူတွေကိုယ်တိုင်တောင် ဘယ်လိုဖိနှိပ်ဆက်ဆံကြလဲဆိုတာကို မီးမောင်းထိုးပြထားပြီး နောက်ဆုံးမှာ ကောင်လေးတစ်ယောက်ကြောင့် ဘာတွေ ဘယ်လိုပြောင်းလဲသွားလဲဆိုတာကို ရိုက်ပြထားတဲ့ Dramaကားကောင်းလေးတစ်ကားပါ။ဇာတ်လမ်းအညွှန်းကတော့မီကိုဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ ငယ်ငယ်လေးကတည်းက ရုပ်ရှင်တွေနဲ့ မျိုးစုံသောအသံတွေကို စူးစမ်းလေ့လာရတာကို ဝါသနာပါခဲ့ပါတယ်။ တစ်နေ့မှာတော့ မတော်တဆမှုတစ်ခုကနေ သူရဲ့မျက်လုံးတစ်စုံလုံး ဘာမှမမြင်ရလောက်တော့တဲ့အထိ ထိခိုက်သွားခဲ့ရပါတယ်။အဲဒီခေတ်တွေတုန်းက အီတလီနိုင်ငံမှာ မျက်မမြင်တွေဟာ မျက်မမြင်သီးသန့်ကျောင်းကလွဲပြီး ဘယ်ကျောင်းကိုမှတက်ခွင့်မရှိတာကြောင့် မီကိုရဲ့မိဘတွေက သူ့ကို ဝေးလံလှတဲ့ကျောင်းကို တစ်ယောက်တည်းပို့လိုက်ရပါတယ်။ပျော်ရွှင်နေရတဲ့ဘဝကနေ မတော်တဆမှုတစ်‌ခုကြောင့် သူ့ရဲ့ဘဝဟာ လုံးဝပြောင်းလဲသွားခဲ့တဲ့အတွက် မီကိုဟာ အရမ်းဝမ်းနည်းနေပေမဲ့ သူမသိလိုက်တာက သူ့ရဲ့အမြင်အာရုံဆုံးရှုံးသွားတာကြောင့် သူ့ရဲ့အကြားအာရုံဟာ အရမ်းကောင်းလာခဲ့တာပါ။ အဲဒီနောက်ပိုင်း တဖြည်းဖြည်းနှင့် ဆရာကောင်း၊ သူငယ်ချင်းကောင်းတွေနဲ့ တွေ့လာပြီးတော့ သူ့ဘဝကို သူလက်ခံပြီး သူ့ရဲ့အရည်အချင်းကိုသိသွားတဲ့မီကိုဟာ ငယ်ငယ်ကတည်းကဝါသနာပါတဲ့ မျိုးစုံသောအသံတွေနဲ့ ဘာတွေလုပ်ပြနိုင်မလဲ သူ့ဘဝကရော ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကို အေးအေးဆေးဆေးလေး ကြည့်ရှုခံစားပေးကြပါဦး။ File size…(2.2 GB)/(1.1 ...
movie

Red Like the Sky (2006)

Manual of Love 2 (2007) Manuale d’amore 2 5.5
Manual of Love 2 (2007) Manuale d’amore 2 Manual of Love 2 (2007) Manuale d'amore 2 (or) Capitoli successiviအချစ်ကျမ်းစာ (Manual of Love) လို့အမည်ရတဲ့ အီတလီဇာတ်ကားဟာ စုစုပေါင်း ၃ ကားထွက်ရှိခဲ့ပြီး ဒါကတော့ ဒုတိယဇာတ်ကားဖြစ်ပါတယ်။အီတလီ အချစ်ဇာတ်လမ်းလေးတွေဖြစ်ပြီးတော့ တစ်ကားမှာ အပိုင်းလေးတွေခွဲပြီး တင်ဆက်တဲ့ကားပါ။ တစ်ကားတည်းမှာပဲ ဇာတ်လမ်း လေးပုဒ်လောက် ပါရှိတာပါ။ အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ချစ်ကြ မုန်းကြ ခံစားကြ ငိုယိုကြ လွမ်းဆွေးကြ ပျော်ရွှင်ကြ၊ ခံစားမှုပေါင်းမျိုးစုံနဲ့ လောကဇာတ်ခုံ အဖုံဖုံပေါ့လေ။ယခု အမှတ် (၂) ကားကို ဒါရိုက်တာ Giovanni Veronesi ရိုက်ကူးတင်ဆက်ထားပြီး ဇာတ်လမ်းလေးခု ပါရှိပါတယ်။ ကျွန်တော်တို့ရဲ့ မမ Monica Bellucci ရဲ့ ညှို့အားပြင်း ဆွဲဆောင်ခြင်းတွေကို အသည်းတယားယား မြင်တွေ့ရမှာပါပဲ။ Elsa Pataky ရဲ့ ...
movie

Manual of Love 2 (2007) Manuale d’amore 2

The Manual of Love (2005) Manuale d’amore 6.3
The Manual of Love (2005) Manuale d’amore The Manual of Love (2005) Manuale d'amoreအချစ်ကျမ်းစာ (Manual of Love) လို့အမည်ရတဲ့ အီတလီဇာတ်ကားဟာ စုစုပေါင်း ၃ ကားထွက်ရှိခဲ့ပြီး ဒါကတော့ ပထမဆုံးဇာတ်ကားဖြစ်ပါတယ်။သူက ဇာတ်လမ်းတိုလေးတွေ စုစည်းထားတာတစ်ခုပါ။ ဇာတ်ကောင်တွေက ပတ်သက်နှီးနွယ်နေတဲ့ လှပတဲ့ အချိတ်အဆက်လေးတွေလည်း ပါဝင်ပါတယ်။ ယခုဇာတ်ကားမှာတော့ ဇာတ်လမ်းတို လေးပုဒ်ပါဝင်ပြီး အချစ်ရဲ့ မာယာနဲ့ လှည့်ဖျားတတ်ပုံ၊ အင်အားကြီးပုံတွေကို တင်ဆက်ထားသလို ကမောက်ကမအဖြစ်တွေ၊ ထင်မှတ်မထားတာတွေ ဖြစ်တတ်တယ်ဆိုတဲ့အကြောင်းတွေ ပါဝင်တာပေါ့ဗျာ။ပထမဇာတ်လမ်းမှာ အလုပ်အကိုင်မရှိတဲ့ လူငယ်လေးတစ်ယောက်က တိုးဂိုက်မ ချောချောလေးကို ချစ်မိသွားလို့ အတင်းဝင်ကပ်ရာကနေ လှပတဲ့ အချစ်ဇာတ်လမ်းလေး ဖြစ်တည်လာပုံပေါ့။ဒုတိယဇာတ်လမ်းကတော့ မိန်းမအပေါ်မှာ စိတ်ပျက် စိတ်ကုန်နေတဲ့ ယောက်ျားတစ်ယောက်ကို မြင်တွေ့ရမှာဖြစ်ပြီး တတိယဇာတ်လမ်းမှာတော့ ယောက်ျားဖြစ်သူရဲ့ ဖောက်ပြန်ခြင်းခံလိုက်ရတဲ့ ယာဉ်ထိန်းရဲမေတစ်ဦးရဲ့ လက်စားချေခြင်းတစ်ခုကို ကြည့်ရှုရပါမယ်။ သူ့လက်စားချေပုံကတော့ ယောက်ျားထုကြီးအတွက် ရင်တုန်စရာပါပဲ။ ရှင်ဖောက်ပြန်ရင် ...
movie

The Manual of Love (2005) Manuale d’amore