Channel Myanmar

Cody Dorkin

Toy Story (1995) 8.3
Toy Story (1995) ဒီဇာတ်ကားက Toy Story ဇာတ်ကားတွဲ​တွေရဲ့ ပထမဆုံးဖြစ်ပြီး ၁၉၉၅ ခုနှစ်ကတည်းက ထွက်ရှိခဲ့တာပါ။ကျွန်​တော်တို့ ချစ်ရတဲ့​ကောင်းဘွိုင်​လေးဝူဒီတို့တသိုက်နဲ့ အာကာသရိန်းဂျားကြီးဘတ်ဇ် စ​တွေ့ခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ အန်ဒီဆိုတဲ့ ​ကောင်​လေးရဲ့ အရုပ်​တွေဖြစ်ကြတဲ့ ဝူဒီတို့ဟာ ​ မွေး​နေ့ပွဲလို ခရစ္စမတ်လို ​နေ့​တွေ ​ရောက်တိုင်း လက်​ဆောင်​တွေထဲမှာ သူတို့နေရာကို အစားထိုးမယ့် အရုပ်အသစ်​တွေ ​ရောက်လာမှာကို အမြဲ​​တမ်း စိုးရိမ်နေခဲ့တာပါ။အရုပ်အသစ်​တွေ​ကြောင့် အန်ဒီ သူတို့ကိုအချစ်​လျော့သွားမှာကို စိုးရိမ်​နေကြတာ​ပေါ့။ အဲဒီလိုနဲ့ အန်ဒီရဲ့​မွေး​နေ့တစ်ခုအ​ရောက်မှာ သူတို့မလိုချင်ဆုံး အရာတစ်ခု အန်ဒီ့ဆီ ​ရောက်လာပါ​တော့တယ်။အဲဒါက​တော့ ​နောက်ဆုံးထွက်ထားတဲ့ အာကာသရိန်းဂျား ဘတ်ဇ် လိုက်ရီးယားပဲဖြစ်ပါတယ်။ က​လေး​တွေရဲ့ထုံးစံအတိုင်း အန်ဒီက အသစ်ရတဲ့ အရုပ်အသစ်ကို ပိုသ​ဘောကျ​နေတဲ့အချိန် အရင်က အန်ဒီအကြိုက်ဆုံးအရုပ်​လေး ဖြစ်ခဲ့တဲ့ ​ကောင်းဘွိုင်​လေးဝူဒီက ဘတ်ဇ်ကို မ​ကျေမနပ်ဖြစ်ရာက​နေ ဒီဇာတ်လမ်းစတင်ခဲ့ပါတယ်။​နေရာလုဘက် ဖြစ်​နေတဲ့ သူတို့၂​ယောက်ကို ဘယ်လိုကိစ္စမျိုးက နားလည်မှုရသွား​စေမလဲ၊ မထင်မှတ်ဘဲကြုံလာရတဲ့ ပြဿနာကို မတည့်တဲ့ကြားထဲက​နေ ဘယ်လိုပုံစံမျိုး​နဲ့ အချင်းချင်းရိုင်းပင်းပြီး ကူညီ​ဖြေရှင်းသွားကြမလဲဆိုတာ ကြည့်ရှုရမှာပါ။ File size…4.8GB / 1.9GB / 976MB Quality…4k HEVC / WEB DL 1080p ...
movie

Toy Story (1995)

1995
4K HEVC