Channel Myanmar

Coleen Rooney

Rooney (2022) 7.0
Rooney (2022) ဝိန်းရွန်နီ (သို့) Wazza (သို့) လူသားအဆန်ဆုံးတိုက်စစ်မှူး +++++++++++++++++++++++++++++++++++၁၉၈၅ခုနှစ် အောက်တိုဘာ ၂၄ရက်မှာ အင်္ဂလန်ရဲ့ မာဆေးဆိုက်ဒ် လို့ခေါ်တဲ့ လီဗာပူးလ်မြို့မှာ ကောင်လေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။ ခရော့တတ်အရပ်မှာ ကြီးပြင်းလာတဲ့ ခပ်ဆိုးဆိုးနဲ့ဂျစ်ကန် တဲ့ ကောင်လေးတစ်ယောက်၊ တစ်နေကုန် လမ်းပေါ်မှာပဲ ဘောလုံးတစ်လုံးနဲ့ အချိန်ဖြုန်းနေတဲ့သူဟာ တချိန်မှာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ဂိုးသွင်းအများဆုံးစံချိန်ရှင်၊ အင်္ဂလိပ်ပရီးမီးယားလိဂ်ရဲ့အအောင်မြင်ဆုံးနဲ့အရှိန်အဝါအကြီးဆုံး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသွင်းအများဆုံးစံချိန်ရှင် ဖြစ်လာမယ်လို့ ဘယ်သူမှတပ်အပ်ပြောနိုင်မှာ မဟုတ်ခဲ့ပါဘူး။ သူ့နာမည်က "ဝိန်းရွန်နီ"ပါ။ဒီ Docuမှာတော့ ဝိန်းရဲ့ကစားသမားအစပြုရာ အဲဗာတန်အသင်းကနေ လက်ရှိဒါဘီကောင်တီနည်းပြဖြစ်လာတဲ့အထိ footageများ၊အင်တာဗျူးမှာဖြင့်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်၊ ငယ်စဉ်ကတည်းက ဆိုးတေခဲ့တဲ့ ဝိန်းဟာ ပရီးမီးယားလိဂ်ရဲ့ အငယ်ဆုံးဂိုးသွင်းရှင်၊ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အငယ်ဆုံးဂိုးသွင်းရှင်စံချိန်များမှသည် မန်ချက်စတာယူနိုက်တက် အသင်းကြီးရဲ့ ထာဝရဂိုးသွင်းအများဆုံး စံချိန်ရှင် ( ၂၅၃ဂိုး) ၊ အင်္ဂလန်လက်ရွေးစင်ရဲ့ဂိုးသွင်းအများဆုံး စံချိန်ရှင် (၅၃ ဂိုး) ဖြစ်လာသူပါမန်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ဖလား အောင်မြင်မှု ၅ကြိမ်အပါဆုဖလား၁၆လုံးအထိ ရရှိခဲ့ပြီး ...
movie

Rooney (2022)