Channel Myanmar

Colin Fickes

Cherry Falls (1999)
Cherry Falls (1999) ချယ်ရီဖောဟာအေးချမ်းတဲ့နယ်မြို့လေးတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီနယ်မြို့လေးမှာမှ ဆယ်ကျော်သက်သုံးဦး နှစ်ရက်အတွင်း ရက်ရက်စက်စက်သတ်ဖြတ်ခံလိုက်ရချိန်မှာတော့ တစ်မြို့လုံးအုတ်အော်သောင်းတင်းဖြစ်သွားပါတော့တယ်။ လူသတ်မှုသုံးခုလုံးမှာ တူညီတဲ့အချက်က သူတို့တွေဟာအထက်တန်းကျောင်းသားတွေဖြစ်တဲ့အပြင် အပျိုလူပျိုရည်မပျက်သေးသူတွေဖြစ်နေတာပါပဲ။ဂျိုဒီမာကင်ကတော့ မြို့နယ်ရဲမှူးရဲ့သမီးဖြစ်ပါတယ်။ ဖခင်ဖြစ်သူဟာ သမီးကိုလည်း လူသတ်သမားအန္တရာယ်ကင်းအောင်စောင့်ရှောက်ရင်း တစ်ခြားလူသတ်မှုတွေဖြစ်မလာအောင် ကာကွယ်တဲ့အနေနဲ့ဆယ်ကျော်သက်တွေရဲ့မိဘတွေအားလုံးကို အစည်းအဝေးလုပ်ခေါ်တွေ့ပြီး လူသတ်မှုတွေရဲ့တူညီနေတဲ့အချက်တွေကို သတိပေးပြောပြလိုက်တဲ့အခါမှာတော့..။အသတ်ခံရသူတွေဟာ အပျိုလူပျိုစစ်တွေဖြစ်တယ်ဆိုတဲ့ သတင်းက ကျောင်းသားတွေဆီပေါက်ကြားသွားပြီး အသတ်ခံရမယ့်အန္တရာယ်က ကာကွယ်တဲ့အနေနဲ့ sex party တစ်ခုကို စုပေါင်းကျင်းပပြီး အပျိုလူပျိုဘ၀ကိုစွန့်လွှတ်ဖို့ကြံစည်ကြပါတော့တယ်။Slasher Flick တွေရဲ့ ပြဌာန်းစာအုပ်လိုဖြစ်သွားခဲ့တဲ့ Scream နောက်ပိုင်းမှာ ထွက်ခဲ့တဲ့ဇာတ်ကားဖြစ်ပြီး အလားတူဇာတ်ကားတွေအတိုင်း ကြည့်ကောင်းတဲ့ကားပါ။ လူသတ်ကားပေမယ့် ဇာတ်လမ်းတည်ဆောက်ပုံနဲ့  fun ဖြစ်တဲ့ဇာတ်ကောင်တွေကြောင့် အတော်လေးလည်းရယ်ရတဲ့ဇာတ်ကား ဖြစ်ပါတယ်။ File size…(1.5 GB)/(789 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:32:00 Genre...Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by Alias
movie

Cherry Falls (1999)

Transformers (2007) 7.1
Transformers (2007) ပထမ Transformer ဇာတ်လမ်းအဓိကကျောရိုးက All Spark ကိုလိုတာနဲ့ စပါတယ်။Transformer အမည်ခံစက်ရုပ်များဟာ သူတို့နေထိုင်တဲ့ Cybertron ဆိုတဲ့ဂြိုဟ်မှာ Autobots နဲ့ Decepticons တွေ တိုက်ပွဲဖြစ်ခဲ့ပြီး Decepticons ခေါင်းဆောင် Megatron ရဲ့ ဖျက်ဆီးမှုကြောင့် Cybertron ဂြိုဟ်ပျက်စီးခဲ့ပါတယ် ။ ( All Spark ဆိုတာ ပထမ Transformer movie မှာတွေ့ရတဲ့ ကုဗတုံးတစ်ခုပါ ) Autobots တွေဟာ All Spark ကို ပြန်လည်ရှာဖွေပြီးတော့ သူတို့မူလဂြိုဟ်ဟောင်း Cybertron ကို ပြန်လည်တည်ဆောက်ချင်ပါတယ် ။ Decepticons တွေကတော့ All Spark ကို ရှာဖွေပြီး စကြဝဠာကို စိုးမိုးချင်သူများပါ ။Decepticons ခေါင်းဆောင် Megatron ဟာ ကမ္ဘာဂြိုဟ်ပေါ်မှာ All Spark ရှိနေတယ်ဆိုတဲ့ သတင်းကို ကြားလျှင်ကြားချင်း ကမ္ဘာပေါ်သက်ဆင်းရာမှာ အခန့်မသင့် ...
movie

Transformers (2007)

2007
4K HEVCHDR