Channel Myanmar

Colleen Flynn

Clear and Present Danger (1994) 6.9
Clear and Present Danger (1994) Clear and Present Danger (1994)~ IMDb - 6.9/10, Rotten Tomatoes - 81% ~ဒီဇာတ်ကားက Jack Ryan ရုပ်ရှင်တွဲ​တွေရဲ့တတိယကားဖြစ်ပြီး အက်ရှင်ခန်း​တွေလည်း ပိုကြမ်းလာပါတယ်။ ဒုတိယကားဖြစ်တဲ့ Patriot Games က မင်းသားကြီး Harrison Ford ပဲ ဂျက်ရိုင်ယန်အဖြစ် ပါဝင်ထားသလို မင်းသားကြီး Willem Dafoe ကလည်း အ​ရေးပါတဲ့​နေရာက ပါဝင်ထားပါတယ်။ဒီဇာတ်လမ်းက အ​မေရိကန်နဲ့ ​ကိုလံဘီယာ မူးယစ်ရာဇာ​​တွေကြား ပဋိပက္ခ​တွေကို ဇာတ်လမ်းဆင်ထားတာပါ။ အ​မေရိကန်သမ္မတရဲ့ နိုင်ငံ​ရေးမိတ်ဖက်တစ်ဦးကို မူးယစ်ရာဇာကြီး အက်စကို​ဘေတိုက သတ်ဖြတ်လိုက်တဲ့အတွက် အ​မေရိကန်အစိုးရဘက်က နိုင်ငံ​​တော်လုံခြုံ​ရေးကို ထိပါးမှုဆိုတဲ့ ​ခေါင်းစဉ်နဲ့ အဲဒီမူးယစ်ရာဇာနဲ့ ဂိုဏ်းကို ချေမှုန်းဖို့ လုပ်​ဆောင်ပါ​တော့တယ်။ဒါ​ပေမဲ့ ဒီဂိုဏ်းကို​ချေမှုန်းဖို့က တိုင်းတပါးမှာ လျှို့ဝှက်စစ်ဆင်​ရေးအဖြစ်နဲ့ပဲ ​ဆောင်ရွက်လို့ရတာ​ကြောင့် အစိုးရအ​နေနဲ့ သူတို့ဘက်ကို ပြန်အမှုမပတ်​အောင် ​ကြေးသားစစ်သား​တွေကို ...
movie

Clear and Present Danger (1994)

1994
Project X (2012) 6.7
Project X (2012) ဒီတစ်ခါ CM ပရိတ်သတ်တွေအတွက် ပေါ့ပေါ့ပါးပါး ကြည့်ရမဲ့ ကားကောင်းလေးတစ်ကားကို ပြန်လည်တင်ဆက် ပေးလိုက်ရပါတယ်။ အပျော်တွေကူးစက်လာမယ့် ဇာတ်ကားဖြစ်သလို…အနောက်တိုင်းယဉ်ကျေးမှု ..ခံယူချက်နဲ့ လွတ်လပ်မှုတွေကို တစ်စိတ်တစ်ဒေသ ခံစားရမှာပါ။ဇာတ်လမ်းကို အနည်းအကျဉ်းပြောရရင်အသက် ၁၇ နှစ်ပြည့် မွေးနေ့မှာ သောမတ်စ် တစ်ယောက် မိဘတွေကလည်း ခရီးသွားနေတုန်း သူ့သူငယ်ချင်း အနည်းငယ်နဲ့ မွေးနေ့ပါတီလေးတစ်ခု ကျင်းပဖို့ စီစဉ်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ သူ့သူငယ်ချင်းနှစ်ယောက်က လက်မခံပဲ ဒီလို ပါတီဆိုတာ လူများရင်ကောင်းတဲ့ အကြောင်း ဖျောင်းဖျပြီး တစ်ခြားလူတွေကို ထပ်မံဖိတ်ခေါ်ပါတော့တယ်။အဲ့ဒီမှာပဲ ဘယ်ကမှန်းမသိတဲ့ လူအုပ်ကြီးရောက်လာပြီး ထိန်းမနိုင် သိမ်းမရတွေ ဖြစ်ကုန်တော့ပါတယ်။ သောမတ်စ် ရဲ့ အိမ်လည်း ရစရာမရှိအောင်ပျက်စီးသွား ပါတော့တယ်။ သူ့မိဘတွေ ပြန်ရောက်လာတဲ့ အချိန်မှာတော့ သောမတ်စ် တစ်ယောက် ဘယ်လို ဖြေရှင်းမလဲ ဘယ်လိုတွေ သောင်းကျန်းကြမလဲဆိုတာကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။မိသားစုနဲ့ကြည့်ရင်တော့ ခေါင်းခေါက်ခံရမယ့်ဇာတ်ကားပါ။  File size…(1.7 GB) and (1 GB) Quality….Extended BluRay 1080p and 720p 5.1CH Format…mp4 Duration….01:30:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie

Project X (2012)

2012
1080p Untouched
Pay It Forward(2010) 7.2
Pay It Forward(2010) Pay It Forward(2010)IMDb...7.2ဒီကားလေးဟာ ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့လေတော့ တော်ရုံသတိထားမိကြမထင်ဘူး...ဒီကား အဓိက လုပ်ဖြစ်ရတဲ့အကြောင်း (၂) ချက်ရှိပါတယ်....ပထမအချက်က စာရေးဆရာမ ဂျူးရေးသားထားတာကိုဖတ်မိလို့ပါ.... ဆရာမ ရေးသားသုံးသပ်ထားတွေဟာ အတော်စိတ်ဝင်စားဖို့ကောင်းသလို သူမကိုယ်တိုင်ညွှန်းဆိုပြီဆိုတော့ဒီကားလေးကို လုပ်ဖြစ်သွားပါတယ်...ဒုတိယ အချက်က  A.I. Artificial Intelligenceဇာတ်ကားထဲမှာ ကလေးအရွယ်စက်ရုပ်အဖြစ်သရုပ်ဆောင်ပြီး ကျွန်တော်တို့နှလုံးသားတွေကိုကြေကွဲဆိုနင့်ပြိုကျအောင် အလဲထိုးခဲ့ဖူးတဲ့ ကလေးသရုပ်ဆောင်  Haley Joel Osment ကြောင့်ပါ..... ဇာတ်လမ်းအကျဉ်းကတော့ အဖေနဲ့ကွဲသွားတဲ့ အမူးသမားအမေနဲ့အတူ နေနေရတဲ့ အလယ်တန်းကျောင်းသားလေးတစ်ယောက်ဟာကျောင်းမှာ ဆရာကနေ တစ်နှစ်လုံးစာ လုပ်ရမယ့် Social Studies သင်ခန်းစာ Project တစ်ခု လုပ်ခိုင်းလာတဲ့အခါသူ့ရဲ့အသက်အရွယ်နဲ့မတန်လောက်အောင် သိပ်ကိုလှပတဲ့ စိတ်ကူးလေးတစ်ခု ရသွားပါတယ်....အဲ့ဒါကတော့.......ဒီဇာတ်ကားလေးနဲ့ပတ်သက်ပြီး ပြောချင်တာက ခင်ဗျားဟာ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်နေနေ....ဘယ်လိုကားအမျိုးအစားကိုမှ ကြိုက်နှစ်သက်သည်ဖြစ်စေ... ခင်ဗျားရဲ့ အသက်ဟာ ဘယ်အရွယ်ကိုပဲရောက်နေနေ....ခင်ဗျားရဲ့နှလုံးသားဟာ ခံစားနိုင်စွမ်း အကန့်အသတ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ....ဒီကားလေးကို ဒေါင်းကြည့်ကြပါလို့ တိုက်တွန်းပါရစေ.....ကျွန်တော်ကတော့ ဘာသာပြန်ရင်း ကျေနပ်ပီတိဖြစ်လွန်းတော့ ကျွန်တော့အမျိုးသမီးကို ပြခဲ့တယ်...ပြီးတော့ ဒီကားကို တစ်ချိန်အရွယ်ရောက်လာမယ့် ကျွန်တော့သားလေးကိုပြဖို့ သိမ်းထားတယ်....ပြီးရင်သားလေးကိုလည်းမှာမယ် နောက်မျိုးဆက်တွေကို ဒီကားကိုပြဖို့...မပျေက်မပျက်လက်ဆင့်ကမ်းထိန်းရမယ့်မိသားစုအမွေအနှစ်လေးအဖြစ်သိမ်းထားဖို့လည်း မှာမယ်....ခင်ဗျားတို့လည်းကြည့်ပြီးရင် ကျွန်တော့်လို ...
movie

Pay It Forward(2010)

2000