Channel Myanmar

Collin Wilcox Paxton

Jaws 2 (1978) 5.8
Jaws 2 (1978) တစ်မှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ Jawsကို ၂မှာတော့ စတီဗင်စပီးဘာ့ခ်က ဆက်မကိုင်တော့ပါဘူး။ ကိုင်စရာလည်း မလိုတော့ဘူးကိုး။ ဆက်ရိုက်ပြစရာတော့ ရှိမနေတော့ဘူးလို့ ဆိုရမှာပဲ။ ပသို့ပဲဆိုဆို ရိုက်ပြချင်တဲ့ ရေရှာချင်တဲ့သူတွေကတော့ ရိုက်ပြဦးမှာပါပဲ။ ဆက်လည်း ရိုက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ Jaws ဟာ လေးကားပါရှိတဲ့ Frachiseဖြစ်လာခဲ့တယ်။ ကျန်တဲ့ကားတွေလည်း ရှိတော့ရှိပေမဲ့ ဒီစာရင်းထဲတော့မ ဝင်ခဲ့ပါဘူး။ Jaws 2 ဟာ Jaws 1 လောက်တော့ ရင်ဖိုစရာမကောင်းလှပေမဲ့ သူ့နည်းသူ့ဟန်နဲ့တော့ မဆိုးတဲ့ကားဖြစ်နေပါသေးတယ်။ ပထမကားက သရုပ်ဆောင်တော်တော်များများကိုလည်း ပြန်သုံးထားသေးသလို ပထမကားက အဓိကမင်းသားကပဲ သရုပ်ဆောင်ထားပါတယ်။ သူလည်း ၃ရိုက်ဖို့ ထပ်ခေါ်တဲ့အချိန် ထပ်ရိုက်ဖို့မလိုတော့ဘူးထင်လို့ မရိုက်ခဲ့ပြန်ပါဘူး။ဘာပြောပြော Jaws 2 ဟာ jawsရဲ့ အငွေ့အသက်တွေ ကျန်နေသေးတာမို့ အင်တာတိန်းဖြစ်တဲ့ ရုပ်ရှင်တစ်ကားအဖြစ် ရှိနေပါသေးတယ်။ ပရိုဂျူဆာတွေကတော့ jawsက ပရိုဂျူဆာတွေဖြစ်တဲ့ Richard ...
movie

Jaws 2 (1978)

Midnight in the Garden of Good and Evil(1997) 7.0
Midnight in the Garden of Good and Evil(1997) Midnight in the Garden of Good and Evil(1997) အညွှန်း************************************************* နာမည်ကျော်မင်းသားကြီး Kelvin Spacey ပါဝင်ထားတဲ့ Crime/Drama အမျိုးအစားဖြစ်ပါတယ်။Kelvin Spacey ကားဆိုရင် အညွှန်းမဖတ်ဘဲကြည့်သင့်တဲ့အထဲမှာပါတယ်ဆိုတာသူကားတွေအတော်များများကြည့်ဖူးရင်သိကြပါတယ်..ဒါ့ကြောင့်အညွှန်းတွေ ရှည်ရှည်ဝေးဝေးရေးမနေတော့ဘူး..နယူးယောက်မြို့ကနေ ပါတီပွဲတစ်ခုအကြောင်း သတင်းယူဖို့ စေလွှတ်ခဲ့လိုက်ရတဲ့ဂျွန်ကယ်ဆိုတစ်ယောက် ဆာဗန်းနားမြို့ကို မအူမလည်နဲ့ရောက်ချလာပါတယ်။အဲဒီပါတီပွဲကိုတာဝန်ယူကျင်းပမယ့်သူက ရှေးဟောင်းဂန္တဝင်ပစ္စည်းတွေကိုစုဆောင်းလေ့ရှိတဲ့ သူဌေးကြီး ဂျင်မ်ဝီလီယံစ်ဖြစ်ပြီး သူတို့နှစ်ဦး ခင်မင်သွားရာမှတစ်မနက်မှာတော့ ဂျင်မ်တို့အိမ်ကြီးမှာ လူသတ်မှုတစ်ခုဖြစ်သွားကြောင်း သိလိုက်ရပါတယ်။ဘာတွေ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာကတော့…File Size :(3.2GB) (1.4 GB) and (467 MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…02:35:00 Genre : Crime , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Encoded by Phyo Pyae
movie

Midnight in the Garden of Good and Evil(1997)