Channel Myanmar

Công Ninh

Song of the South (2023) 6.1
Song of the South (2023)  'Dat Rung Phuong Nam'(Song of the South)ဟာဗီယက်နမ် စစ်ပွဲနောက်ခံဝတ္ထုဖြစ်ပြီး ရသမျိုးစုံပေးစွမ်းနိုင်လို့နာမည်ကျော်ခဲ့ပါတယ်။1997ခုနှစ်မှာ ဒီဝတ္ထုကို တီဗီစီးရီးတစ်ခုရိုက်ကူးခဲ့ပြီး အတော်လည်းလူကြိုက်များရေပန်းစားခဲ့ပါတယ်။အခုလည်း 2023 adaptionအဖြစ် နောက်တစ်ကြိမ် ရုပ်ရှင်ပိတ်ကားထက်ကို နောက်တစ်ကြိမ်ထွက်ပေါ်လာပြန်ပါပြီ...။ဇာတ်အိမ်ပိုင်းမှာဆိုရင် အချစ်၊အမုန်း၊မေတ္တာ၊ဂရုဏာ ဘာမှအပြစ်ပြောစရာမရှိအောင် ရသပေးစွမ်းနိုင်စွမ်းရှိတဲ့အပြင် ဗီယက်နမ်ရဲ့ရှုခင်းလှလှတွေ၊ ရိုးရာဓလေ့တွေကို စစ်ပွဲနောက်ခံထားပြီးလှလှရိုက်ကူးပြသွားပါတယ်။ကိုလိုနီခေတ်က ဗီယက်နမ်ရဲ့သူပုန်စစ်ပွဲကာလလှုပ်ရှားမှုတွေ၊မိသားစုတွေ ကွဲကွာရပုံတွေ၊ လှပလွန်းတဲ့ တိုင်းပြည်ရဲ့ ရှုခင်းအလှအပတွေ၊ဒီတိုင်းပြည်အတွက် ပေးဆပ်ကြပုံတွေကို သေချာမြင်တွေ့ရမှာမို့တစ်ကားတည်းကြည့်ရတာ တိုတယ်လို့တောင်ခံစားရသွားနိုင်ပါတယ်။ဇာတ်လမ်းအကြောင်းကို အနည်းငယ်ပြောပြရရင် အန်ဆိုတဲ့ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ရဲ့ဖခင်ဟာတော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်ပြီး နယ်ချဲ့တွေကို ‌တောခိုကာပုန်ကန်နေသူပါ...။ဒီအကြောင်းကို အစိုးရအရာရှိတွေသိသွားတော့ အန်နဲ့မိခင်ဖြစ်သူဟာလက်ရှိမြို့ကအိမ်မှာ မနေနိုင်တော့ဘဲ ဖခင်ရှိရာနေရာကို ထွက်ပြေးလာခဲ့ပါတော့တယ်။သို့ပေမယ့် လမ်းတစ်ဝက်မှာ အဓိကရုဏ်းတွေဖြစ်တော့ အန်ရဲ့မိခင်ဟာတိုက်ပွဲတွေကြားကမြေစာပင်အဖြစ် ကျည်ထိပြီး အသက်ပျောက်ခဲ့ရရှာပါတယ်။ဒီလိုနဲ့ အန်လေးတစ်ယောက်တည်း ဖခင်ဆီကို ဘယ်လိုခရီးဆက်မလဲ၊လမ်းတစ်လျှောက်မှာ ဘယ်လို ကံကြမ္မာအလှည့်အပြောင်းတွေကစောင့်ကြိုနေမလဲဆိုတာတွေကို ဇာတ်လမ်းလေးထဲမှာပဲ တစိမ့်စိမ့်စီးမျှောခံစားကြည့်လိုက်ပါတော့ဗျာ...။ File size…2.18 GB / 1.09 GB Quality…WEB-Rip 1080p 5.1 CH/ ...
movie

Song of the South (2023)

Murder in the Lens (2018)
Murder in the Lens (2018) Murder in the Lens (2018)ကေ က အင်မတန်တော်တဲ့ စုံထောက်တစ်ဦးပါ။ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက် မတော်တဆဖြစ်ပြီး သေဆုံးတာကြောင့် သူ့ဂုဏ်သိက္ခာတွေ ကျဆင်းနေရတဲ့အပြင် သူ့ရဲ့သေဆုံးမျုက သူ့ကို ခြောက်လှန့်နေတာပါ။ဒီအချိန်ပဲ ပြဇာတ်မင်းသမီးတစ်ယောက် နဲ့ သူ့အမျိုးသား သေဆုံးမှုကို သူ ကိုင်ရပါတယ်။ တရားခံကို လွယ်လွယ်ကူကူနဲ့ ဖမ်းမိတယ် ဆိုပေမဲ့ အမှုကိစ္စက ထင်သလောက် မရိုးရှင်းနေခဲ့ပါဘူး။တရားခံရဲ့အမျိုးသမီးဖြစ်သူက သူ့အမျိုးသား အပြစ်မရှိတဲ့အကြောင်း စုံထောက်ကြီးကို လာတိုင်ပင်တဲ့အခါမှာတော့ ဒီအမှုကို ရေဆုံးမြေဆုံးလိုက်ခဲ့ပါတော့တယ်။အခင်းဖြစ်ရာ မြို့ကလေးမှာ အရင်က ကလေးပျောက်မှုတွေလည်း ရှိနေခဲ့ပါတယ်။ အခုအမှုကိုလည်း စုံစမ်းရင်းနဲ့ ဒီကလေး‌ျောက်မှုတွေနဲ့ ဆက်စပ်မိလာတဲ့အခါမှာတော့ ...အညွှန်း နဲ့ ဘာသာပြန်ကတော့ SanDaKuu ပဲ ဖြစ်ပါတယ်။Genre..... Crime, Thriller Quality…. 1080p | 720p File size… 857MB | 410MB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

Murder in the Lens (2018)

2018
Blood Karma (2022) 5.5
Blood Karma (2022) Blood Karma (2022)ဗင်ဒယ်မိသားစုဟာ မိသားစုဝင်တွေအားလုံး စံအိမ်ကြီးတစ်အိမ်တည်းမှာ စုပြီးနေကြတဲ့မိသားစုကြီးပါ။ ဖခင်ဖြစ်သူ ဆုံးပါးသွားပြီးနောက်မှာ မိခင်ဖြစ်သူရယ် အဒေါ်ဖြစ်သူရယ် မောင်နှမလေးယောက်ရယ် အတူတူနေထိုင်ကြတာဖြစ်ပါတယ်။ မိသားစုဟာ နတ်ကိုးကွယ်သူတွေဖြစ်ကြပြီး အယူလည်းသည်းကြပါတယ်။တစ်နေ့မှာတော့ သားအကြီးဖြစ်သူ နိုင်ငံခြားကနေ ပညာသင်ပြီးအိမ်ကိုပြန်လာခဲ့ပါတယ်။ သူပြန်လာတဲ့အချိန်ကစပြီး မိသားစုအတွင်း အဆင်မပြေတာတွေ ပရလောကနဲ့သက်ဆိုင်သလိုကိစ္စမျိုးတွေ ခပ်စိပ်စိပ်ဖြစ်လာခဲ့ပြီး မိသားစုကြီးလည်း အကြောက်အလန့်ကြားမှာ နေရပါတော့တယ်။ဗင်ဒယ်မိသားစုကြီး ဘာတွေဖြစ်နေတာလဲ။ အဲ့ဒီကိစ္စတွေကရော ဘာတွေနဲ့ဆက်စပ်နေတာလဲဆိုတာကို သည်းထိပ်ရင်ဖိုကြည့်ကြရမှာဖြစ်ပါတယ်။ Thrillerဇာတ်ကားဖြစ်တာနဲ့အညီ ထိတ်လန့်စရာအခန်းတွေကလည်း ဇာတ်လမ်းရဲ့အသက်တစ်ခုလိုဖြစ်နေပါလိမ့်မယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ 10 x 05 ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… 1.7GB | 783MB | 381MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... 10 x 05 Encoder ..... Aaron
movie

Blood Karma (2022)

2022
The Foggy Mountain (2020) 5.9
The Foggy Mountain (2020) The Foggy Mountain (2020)ဒါကတော့ 2020 လောက်ကထွက်ထားတဲ့ Vietnam action ကားလေးဖြစ်ပါတယ်။ IMDb မှာတော့ 5.9/10 ရရှိထားပြီး အက်ရှင်ဇာတ်ကြမ်းမှကြည့်ချင်တယ်ဆိုသူများအတွက် သင့်တော်မယ့် ဇာတ်ကြမ်းကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အငြိမ်းစားယူပြီး မျက်မမြင်မိန်းမနဲ့ပဲ အချိန်ပေးနေတဲ့ ဖိုက်တာဟောင်းကြီးတစ်ယောက်အကြောင်းပါ။ မိန်းမဖြစ်သူရဲ့မျက်လုံးကိုရအောင်ကုပေးဖို့ကြိုးစားနေသူတစ်ယောက်လည်းဖြစ်ပါတယ်။ တစ်နေ့မှာတော့ အလုပ်ရှင်ဟောင်းမှပေးတဲ့ တာဝန်ကို ငြင်းပယ်လိုက်တဲ့အတွက်ကြောင့် အလုပ်ရှင် ဂိုဏ်းစတားခေါင်းဆောင်ဟာ ဖိုက်တာဟောင်းကြီးရဲ့ မိန်းမကို သတ်လိုက်ပါတာ့တယ်။ ဒီအတွက် သူ သူ့မိန်းမအတွက် ဘယ်လိုလက်စားပြန်ချေမယ်ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါခင်ဗျ။ အက်ရှင်ခန်းတွေအများကြီးနဲ့ ဇာတ်ကြမ်းကားပီသတဲ့အတွက်ကြောင့် Actionသမားတွေအတွက် တင်ပေးလိုက်ပါတယ်ခင်ဗျ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Xavier Zy ပဲ ဖြစ်ပါတယ်။Genre..... Action Quality…. 1080p | 720p | 480p File size… 1.4GB | 758MB | 359MB Format… mp4 Duration…. 1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Xavier ...
movie

The Foggy Mountain (2020)

2020