Channel Myanmar

Connor McMahon

Would You Kill for Me? The Mary Bailey Story (2023) 6.4
Would You Kill for Me? The Mary Bailey Story (2023)  သားသမီးဆိုတာ မိဘအတွက်ဘာမဆိုလုပ်ပေးနိုင်တဲ့ သူရဲကောင်းကြီးတွေဖြစ်ကြသလို မိဘအတွက်ဘာမဆိုလုပ်ပေးနိုင်တဲ့ သားသမီးတွေလဲရှိကြပါတယ်။ဒီဇာတ်ကားလေးထဲမှာတော့ Would You Kill for Me? The Mary BaileyStory ဆိုတဲ့ဇာတ်ကားနာမည်အတိုင်း အမေ့အတွက် သမီးလူသတ်ပေးနိုင်မလားဆိုတဲ့အကြောင်းအရာလေးကို စိတ်ဝင်စားစရာကောင်းအောင် ဖြစ်ရပ်မှန်တစ်ခုကိုပြန်လည်ရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။လက်ရှိမှာ IMDb Rating 6.3 ရရှိထားပြီး တကယ်လည်းကြည့်လို့အရမ်းကောင်းတဲ့ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အစမှာတော့ အိမ်တစ်အိမ်မှာပထွေးနဲ့ မိန်းမနဲ့ သားသမီးတွေကြားက အော်ဟစ်ဆူညံသံတွေကို တွေ့ရမှာဖြစ်ပြီးတစ်ခဏ အကြာမှာတော့ သေနတ်သံတစ်ချက်နဲ့ အတူအရာအားလုံးက ငြိမ်သက်သွားပါတော့တယ်။ခဏအကြာမှာတော့ ရဲတွေရောက်ရှိလာပြီး ပထွေးဖြစ်သူသေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကိုတွေ့ခဲ့ရပါတော့တယ်။ အဲ့လို သေနတ်နဲ့ပစ်သတ်ခဲ့တာ ဘယ်သူလည်းဆိုတာကို သိဖို့အတွက် မယ်ရီ အပြင် သူ့အမေဖြစ်သူဗရော်နီကာနဲ့ အဖွားဖြစ်သူတို့ကို စခန်းမှာ ထိန်းသိမ်းထားခဲ့ပါတော့တယ်။ဘယ်သူဆိုတာ သဲသဲကွဲကွဲ အဖြေမပေါ်တဲ့အတွက် တရားရုံးတင်ပြီးစစ်ဆေးဖို့ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ သူတို့သုံးယောက်ရဲ့ တစ်ယောက်ချင်းစီပြောပြပုံတွေကိုနောက်ကြောင်းပြန်တဲ့ အနေနဲ့ကြည့်ရှုပြီး နောက်ဆုံးမှာတော့ တကယ်တမ်းပထွေးဖြစ်သူကို သတ်ခဲ့တာ ဇာတ်ကားနာမည်အတိုင်း မယ်ရီဖြစ်နေမလားဆိုတာကိုစိတ်ဝင်စားစရာကောင်းကောင်းနဲ့ကြည့်ရှုရမဲ့ ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။  File size…1.58GB / ...
movie

Would You Kill for Me? The Mary Bailey Story (2023)

Gwen Shamblin: Starving for Salvation (2023)
Gwen Shamblin: Starving for Salvation (2023)   ဖြစ်ရပ်မှန်‌ဇာတ်လမ်းကို ‌အခြေခံပြီး ရိုက်ကူးထားတဲ့ ဘာသာရေး ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဂွမ်ရှမ်ဗလင်လို့ခေါ်တဲ့ အမျိုးသမီးဟာ ဝိတ်ချနည်း သင်ကြားတဲ့သူတစ်ယောက်ဖြစ်ပါတယ် ဒါပေမဲ့ သူဟာ သူ့ဝိတ်သူ လိုချင်တဲ့ အနေအထားကို ထိန်းမထားနိုင်ခဲ့ပါဘူး ဒီလိုနဲ့ ဂွမ်ဟာ ဝိတ်ချနည်းကိုရှာဖွေရင်း ဝတ်ပြုရင်း ဝိတ်ချတဲ့ နည်းလမ်းကို ရှာဖွေတွေ့ရှိသွားပါတယ် ထိုနည်းလမ်းဟာလည်း တကယ်အောင်မြင်သွားပြီး ဂွမ်ထုတ်ဝေခဲ့တဲ့ စာအုပ်ဟာလည်း အောင်မြင်လာကာ ဂွမ် တစ်ယောက် ဝိတ်ချ ပရိုဂရမ်ကနေ ဘာသာရေး အသင်းတစ်ခုကိုပါ တည်ထောင်လိုက်ပါတော့တယ် ဒီလိုနဲ့ တဖြည်းဖြည်း အကြီး အကျယ် အောင်မြင်လာတဲ့ ဂွမ်တစ်ယောက် အောင်မြင်မှုကို ထိန်းထားနိုင်မလား အောင်မြင်မှုကြောင့် ဘာတွေဖြစ်လာမလဲဆိုတော့ ‌စောင့်ကြည့်ပေးကြပါဦးခင်ဗျာ........ File size…(1.5 GB)/(670 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia
movie

Gwen Shamblin: Starving for Salvation (2023)

Ice Road Killer (2022) 5.0
Ice Road Killer (2022)  ဟယ်လန်ဟာ သမီးဖြစ်သူ လော်ရာကို ကောလိပ်သွားကြိုပြီး မြောက်ပိုင်းက သူတို့ရဲ့ သစ်သားအိမ်လေးကို သွားဖို့ ကြံရွယ်ထားခဲ့ပါတယ်။မြောက်ပိုင်းဟာလည်း ပြင်းထန်တဲ့နှင်းမုန်တိုင်းကြောင့် ရာသီဥတုအခြေအနေ လမ်းအခြေအနေ အတော်ကလေး ဆိုးရွားလို့ နေပါတယ်... ဒီလိုနဲ့ သွားနေရင်း လမ်းခုလတ်မှာ ကားကြုံစီးလိုတဲ့ ကာလီနဲ့ ကြုံဆုံပါတော့တယ်... မိန်းမချင်းလည်းဖြစ် ကာလီကလည်း တစ်ကိုယ်တည်းဖြစ်နေတာမို့ ကားကြုံတင်စီးလေ့မရှိတဲ့ ဟယ်လန်ဟာ ကိုယ်ချင်းစာစိတ်နဲ့ ခေါ်တင်ခဲ့ပါတယ်။ ဟယ်လန်မသိတာကတော့ ကာလီဟာ တစ်ယောက်တည်း မဟုတ်ဘူးဆိုတာပါပဲ...ဟယ်လန်က သမီးဖြစ်သူကို ကြိုပြီး ကားကြုံစီးသူကာလီနဲ့အတူ ခေါင်ဖျားတဲ့ မြောက်ပိုင်းကို ခရီးဆက်တဲ့အခါမှာပဲ ဇာတ်လမ်းက စတင်ပါတော့တယ်...( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(1.6GB) / (650MB) Quality__WEB-DL_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:25:00 Type__Drama, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing ...
movie

Ice Road Killer (2022)

Hotel for the Holidays (2022) 5.3
Hotel for the Holidays (2022)   သီချင်းအေးအေးလေးတွေ၊ ဇာတ်ကားကောင်းလေးတွေနဲ့ chill လို့ကောင်းတဲ့ ခရစ်စမတ်ကာလလည်း ရောက်လာပြီဆိုတော့ အားလုံးလည်းစိတ်အပန်းပြေရအောင် ပေါ့ပေါ့ပါးပါးနဲ့ Christmas theme ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ Hotel for the Holidays လို့ခေါ်တဲ့ဇာတ်ကားလေးပဲဖြစ်ပြီး အခုနှစ်ထဲမှာမှထွက်ထားတဲ့ ဇာတ်ကားသစ်လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ အလုပ်ကြိုးစားတဲ့ဟော်တယ်မန်နေဂျာမလေးဂျော်ဂျီယာနဲ့ ခရစ်စမတ်အားလပ်ရက်ကာလမှာ ဟော်တယ်မှာလာရောက်အပန်းဖြေကြတဲ့ လူအမျိုးမျိုးနဲ့ သူတို့ရဲ့ဇာတ်လမ်းအထွေထွေကို ဟာသနှောပြီး ဆွဲဆောင်မှုရှိရှိရိုက်ကူးထားတာဖြစ်ပါတယ်။ အဓိကအနေနဲ့ ဂျော်ဂျီယာက ရည်မှန်းချက်ကြီးသူတစ်ယောက်ဖြစ်ပြီး သူ့အနေနဲ့ဘဝမှာ ပိုင်ဆိုင်မှုရယ်လို့ လက်ဆုပ်လက်ကိုင်ပြစရာတစ်ခု လိုချင်နေခဲ့သူဖြစ်ပါတယ်။ ဒီလိုနဲ့ကံကြမ္မာမျက်နှာသာပေးလာတဲ့အခါမှာတော့ အခွင့်အရေးကိုဆုပ်ကိုင်ဖို့ကြိုးစားရင်း ဘယ်လိုအလွဲတွေနဲ့ကြုံရမလဲ။ သူ့ရဲ့အိပ်မက်တွေကိုရော အကောင်အထည်ဖော်နိုင်မှာလားဆိုတာကို ဇာတ်ကားထဲမှာပဲ အဖြေရှာကြည့်ရမှာဖြစ်ပါတယ်။ ခရစ်စမတ်အားလပ်ရက်လည်း ရောက်တော့မှာမို့ heavy ကြီးတွေကြည့်ဖို့ ပျင်းနေတဲ့သူတွေအတွက် ရာသီဥတုအေးအေးမှာ ဒါလေးကြည့်ရင်း chill ဖို့ အကြံပေးချင်ပါတယ်။ File size…(2.86GB)  / (1.38GB) / (708MB) Quality…. Web 1080P / 720p ...
movie

Hotel for the Holidays (2022)