Channel Myanmar

Cooper Herrett

Remember Yesterday(2022) 6.5
Remember Yesterday(2022) Remember Yesterday(2022)************************** ဂျန်နီဆိုတဲ့ကောင်မလေးကအိမ်ထောင်ကွဲထားတာသိပ်မကြာသေးပဲဘဝကိုအထီးကျန်စွာနဲ့ဖြတ်သန်းနေတဲ့ကောင်မလေးတစ်ယောက်ပဲဖြစ်ပါတယ်။ယောက်ျားဖြစ်သူကအရက်တွေပဲလှိမ့်သောက်နေတဲ့အတွက်အိမ်ထောင်ရေးအဆင်မပြေဖြစ်ပြီးကွဲကွာထားရတာပဲဖြစ်ပါတယ်။သူ့အတွက်အစ်ကိုဖြစ်သူနဲ့သူငယ်ချင်းတွေရှိပေမဲ့လည်းဘဝမှာလစ်ဟာနေတဲ့နှလုံးသားထဲကကွက်လပ်ကြီးတစ်ခုကတော့ရှိနေပါသေးတယ်။ဒီလိုနဲ့သိပ်မကြာခင်မှာပဲဂျန်နီနေထိုင်တဲ့နယ်မြို့လေးကိုသူရဲ့ရည်းစားဟောင်းဂျွန်ကရုပ်ရှင်ရိုက်ဖို့အတွက်ဆိုပြီးပြန်လာခဲ့ပါတော့တယ်။အဲ့ဒီမှာတင်နဂိုကတည်းကမှမနည်းထိန်းထားရတဲ့ယိုင်နဲ့နေတဲ့နှလုံးသားလေးကိုလှိုင်းလုံးကြီးတွေရိုက်ခတ်သလိုရိုက်ခတ်လာပါတော့တယ်။ဘာလို့လဲဆိုတော့သူနဲ့ဂျွန်တို့လမ်းခွဲခဲ့ကြတာဟာမချစ်လို့မဟုတ်ပဲနဲ့ဂျွန်ရုပ်ရှင်ပညာနဲ့ပတ်သတ်ပြီးအသက်မွေးဝမ်းကျောင်းလုပ်ဖို့အတွက်မြို့ကြီးပြကြီးတွေကိုတက်သွားခဲ့လို့ပဲဖြစ်ပါတယ်။အဲ့ဒီလိုသွားဖို့တွန်းအားပေးခဲ့တာလဲဂျန်နီပဲဖြစ်ပါတယ်။ကံကြမ္မာကအရမ်းချစ်ခဲ့ကြတဲ့ချစ်သူဟောင်းနှစ်ယောက်ကိုပြန်လည်ဆုံစည်းပေးခဲ့တဲ့အခါမှာတော့လူအများစုအိပ်မက်မက်နေကြတဲ့ရည်းစားဟောင်းလေးနဲ့ပြန်အဆင်ပြေဖို့အိပ်မက်လေးတွေများတကယ်ပြန်ဖြစ်သွားမလား။သူတို့နှစ်ယောက်ရဲ့အရင်တုန်းကမဖြောင့်ဖြူးခဲ့တဲ့အချစ်လမ်းခရီးကရောဒီအချိန်မှာဘာတွေများထူးခြားသွားမလဲဆိုတာကိုကြည့်ရမဲ့ရိုမန့်တစ်ဆန်တဲ့အချစ်ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။File size…1.3GB/ 619MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 18min Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by  Saw Lay
movie

Remember Yesterday(2022)