Channel Myanmar

Cordelia Richards

Original Sin (2001) 6.0
Original Sin (2001) မင်းသားကြီး အန်တိုနီယိုဘန်ဒါရက်စ် နဲ့ မင်းသမီး အင်ဂျလီနာဂျိုလီ တို့အဓိကပါဝင်ထားပါတယ်။ Drama, Mystery, Romance အမျိုးအစားဇာတ်ကားဖြစ်ပြီး IMDb Rating (6/10) ရရှိထားပါတယ်။ ဇာတ်လမ်းထဲက စကားပြောခန်းနဲ့ပဲ ဇာတ်ကားကိုမိတ်ဆက်ပေးလိုက်ပါရစေ။ ------------------------------------------ အလန် - "ဗားဂတ် နောက်ဆုံးတော့ အဲဒါက အချစ်လား ..တဏှာ သက်သက်လား .." ဗားဂတ် - "ကွဲပြားမှုရှိလို့လား ..အလန်" အလန် - "ရှိတာပေါ့...ချစ်တယ်ဆိုတာ ပေးပြီးရင်းပေးချင်ဖြစ်နေတာလေ" ဗားဂတ်- "တဏှာကရော ..တဏှာဆိုတာ ဘာလဲ...အလန်" အလန်-  "တဏှာဆိုတာ ယူပြီးရင်းယူချင်နေတာ..အရသာခံစားမယ်... သုံးစွဲမယ်...ယုတ္တိတို့ အကြောင်းပြချက်တို့မရှိဘူး..ဒီတော့မင်းက.. ယူတာလား ..ပေးတာလား .." ဗားဂတ်- "နှစ်ခုစလုံးပဲ...ကျွန်တော် သူ့ကို အရာရာပေးချင်တယ်...သူ့ဆီကလဲ အရာအားလုံးကိုရချင်တယ်" အလန် - "အိုး...မင်းကအရှုံးသမားပဲ။" ----------------------------------------------- ယောင်္ကျားလေးတွေ အချစ်မှာကျရှုံးမိရင် ဘယ်လောက်ထိသနားစရာကောင်းတယ်ဆိုတာ အတော်ထင်ရှားစွာတွေ့ရမှာဖြစ်ပြီး အချစ်ရဲ့ အရှုံးတွေကို ခံစားထိတွေ့ရမယ့်ဇာတ်ကားပါ။ Drama ဇာတ်ကားဖြစ်ပေမယ့် အင်ဂျလီနာဂျိုလီရဲ့ Nude Scene တချို့ကြောင့် အရွယ်ရောက်ပြီးသူများသာကြည့်သင့်ပြီး မိသားစုနဲ့မကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။File size...(1.72GB)(622MB)(421MB) Quality...BR-Rip 1080p/720p/480p Format...mp4 Duration....01:58:25 Subtitle....Myanmar Subtitle (Hardsub) Encoder....San ...
movie

Original Sin (2001)

Practical Magic (1998) 6.2
Practical Magic (1998) ဆန်ဒရာဘူးလော့နဲ့ နီကိုးကစ်မန်းတို့ လွန်ခဲ့တဲ့ နှစ် ၂၀ က စုန်းမအတူလုပ်ခဲ့တာလေး ကြည့်လိုက်ရအောင်။အိုဝင်စ် မိသားစုထဲက မိန်းကလေးတွေဟာ မျိုးရိုးစဉ်ဆက် မွေးရာပါ စုန်းအတတ် တတ်နေကြတဲ့ စုန်းမတွေပဲ ဖြစ်ကြပါတယ်။ ဒါပေမဲ့ သူတို့မျိုးဆက်ထဲက ပထမဆုံး စုန်းမရဲ့ ကျိန်စာကြောင့် သူတို့ကို ချစ်မိတဲ့ ယောက်ျားတိုင်းဟာ အရွယ်မတိုင်ခင် အကြောင်းတစ်ခုခုနဲ့ သေဆုံးသွားတတ်ကြပါတယ်ဗျ။ ဆယ်လီအိုဝင်စ်နဲ့ ဂျီလီယန်အိုဝင်စ်တို့ဟာ စရိုက်ချင်း လုံးဝမတူကြတဲ့ ညီအစ်မနှစ်ယောက်ပဲဖြစ်ကြပါတယ်။ သူတို့ဟာ အကြောင်းတစ်ခုကြောင့် လူတစ်ယောက်ကို သဝာ်မိခဲ့ကြပြီး ဖုံးကွယ်ဖို့ကြိုးစားရာကနေ တလွဲတချော်တွေဖြစ်ကုန်ပါတော့တယ်ဗျ။ ဒီရုပ်ရှင်ထဲမှာဆိုရင် အိုဝင်စ်ညီအစ်မတွေအဖြစ် မင်းသမီးကြီး Sandra Bullock နဲ့ မင်းသမီးကြီး Nicole kidman တို့က အတွဲညီညီ သရုပ်ဆောင်ထားကြပါတယ်။ ဒီ Practical Magic ဆိုတဲ့ရုပ်ရှင်ဟာ fairy tale ဆန်ပြီး Romance နဲ့ Fantasy ရောထားတဲ့အပြင် ဆန်ဒရာဘူးလော့ခ်နဲ့ နစ်ကိုးလ်ကစ်ဒ်မန်းတို့လို ဂန္တဝင်မင်းသမီးကြီးတွေ ပါဝင်ထားတဲ့အတွက် ...
movie

Practical Magic (1998)

Erin Brockovich(2000) 7.4
Erin Brockovich(2000) Erin Brockovich(2021) အညွှန်း****************************IMDb....7.4ငွေကြေးဆိုင်ရာအောင်မြင်မှုတွေရော၊ ကောင်းမွန်တဲ့မှတ်ချက်တွေရော၊ဆုဇကာတင်တွေရောအများကြီးရရှိထားပြီး ခေါင်းဆောင်မင်းသမီး မမချော Julia Robertsကို leading roleအတွက် Oscars,BEFTA award, Golden Globeအပါအဝင် ဆု၇ဆုရရှိစေခဲ့တဲ့ Biographical Dramaကားတစ်ကားပါ။ Erin Brockovichဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဘဝကိုအလှည့်အပြောင်းကြီးဖြစ်စေခဲ့တဲ့အချိန်တစ်ခုကိုရိုက်ပြထားပါတယ်။Erinအကြောင်းကို တခြားဇာတ်ကားတွေရိုက်ထားတာရှိပေမယ့်ဒီကားကတော့ပိုအောင်မြင်ပြီး ဖြစ်ရပ်မှန်နဲ့ ၉၈%တူညီပါတယ်တဲ့။ Erinဟာ ပိုက်ဆံမရှိ၊ အိမ်ထောင်နှစ်ခါကွဲခဲ့တဲ့ ကလေးသုံးယောက်ရှိတဲ့ဆင်ဂယ်မိခင်၊စိတ်ထင်သလိုပြောတတ်ပြီး အရမ်းဟော့ဟော့ရမ်းရမ်းဝတ်စားတဲ့ အလန်းစားမိန်းမလှတစ်ယောက်။တစ်နေ့ကားတိုက်မှုကြောင့် လျော်ကြေးသိပ်မရလိုက်တဲ့အခါအမှုလိုက်ပေးတဲ့ရှေ့နေဆီမှာ မရမကအလုပ်တောင်းပါတယ်။ဥပဒေနဲ့ဆိုင်တဲ့အတွေ့အကြုံဘာတစ်ခုမှမရှိပဲရှေ့‌နေရုံးခန်းမှာအလုပ်လုပ်ရင်း အိမ်ခြံမြေရောင်းတဲ့အမှုတစ်ခုမှာဆေးမှတ်တမ်း‌ဖိုင်တွေပါတွဲထားတာကို နားမလည်လို့ သေချာစုံစမ်းလိုက်တဲ့အခါပစိဖိတ်ဓာတ်ငွေ့နှင့်လျှပ်စစ်ကော်ပိုရေးရှင်းအကြီးစားကြီးဟာအဲ့နယ်မြေနားမှာနေထိုင်တဲ့လူတွေအပေါ် ရောဂါများစွာဖြစ်စေပြီးအသက်အန္တရာယ်အရမ်းရှိတဲ့အဆိပ်အတောက်တွေစွန့်ထုတ်နေတဲ့ ဖုံးကွယ်ထားမှုကြီးကိုသိရှိသွားပြီးအဲ့နားမှာနေထိုင်သူတွေအတွက်လျော်ကြေးရအောင် အမှုလိုက်ရပါတော့တယ်။ဒီဖြစ်ရပ်ဟာ အမေရိကန်ရဲ့ Direct action lawsuitသမိုင်းမှာအမြင့်မားဆုံးလျော်ကြေးပေးဆောင်ခဲ့ရတဲ့အမှုပါ။ဒီအမှုကြီးတစ်ခုလုံးကို လူတိုင်းက Beauty without brainလို့မြင်တဲ့အားပြင်းတဲ့ ဟော့ဟော့ရမ်းရမ်းမိန်းမတစ်ယောက်ကဦးဆောင်သွားခဲ့ပုံတွေကိုဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ရိုက်ပြသွားတာပါ။ဖြစ်ရပ်မှန်ပေါ်အခြေခံရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေအများကြီးရှိတဲ့အတွက်Biographicalဆိုရင် နည်းနည်းပျင်းစရာကောင်းနေမလားဆိုတဲ့ အတွေးကိုထုတ်ပစ်လိုက်ပါ။သေချာပေါက်ပြောနိုင်တာကတော့ ဒီကားဟာ ဇာတ်လမ်းကောင်းတွေထဲကတစ်ပုဒ်ပါ။တစ်ခေတ်တခါက ပုရိသတို့ရဲ့အသည်းကျော် မမJuliaရဲ့ powerfulဖြစ်တဲ့သရုပ်ဆောင်မှုတွေနဲ့ အလန်းစားအလှတရားတွေကလည်း ဇာတ်လမ်းနဲ့ကွက်တိကို လိုက်ဖက်နေပါတယ်။ဒီကားမှာ အားကောင်းလှတဲ့သရုပ်ဆောင်ချက်တွေကြောင့် သရုပ်ဆောင်ကြေးအမြင့်ဆုံးအမျိုးသမီးသရုပ်ဆောင်တစ်ယောက်ဖြစ်စေခဲ့ပါတယ်။ ဒီဇာတ်ကားမှာErinရော ရှေ့နေ Masryရော ...
movie

Erin Brockovich(2000)