Channel Myanmar

Corkey Ford

Born on the Fourth of July(1989) 7.2
Born on the Fourth of July(1989) Born on the Fourth of July(1989)*******************************ဒီရုပ်ရှင်ဟာ အမေရိကန်ရဲ့လွတ်လပ်ရေးနေ့ဖြစ်တဲ့၊ ဂျူလိုင် ၄ရက်နေ့မှာမွေးဖွားခဲ့တဲ့ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူ အမေရိကန်-ဗီယက်နမ် စစ်ပြန်ကြီး Ron Kovicအကြောင်းဇာတ်အိမ်တည်ရိုက်ကူးထားတဲ့စစ်ဆန့်ကျင်ရေး အတ္ထုပတ္တိကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Ronရဲ့ငယ်စဥ်ကလေးဘဝဟာ ထိုခေတ်ထိုကာလကထုံးစံအတိုင်း စစ်ပွဲအောင်နိုင်မှုတွေအကြောင်း၊တိုင်းပြည်တာဝန်ထမ်းပြီး စစ်တိုက်ရတာမှဂုဏ်ရှိတယ်၊ ကွန်မြူနစ်ဝါဒကို တိုက်ဖျက်ရမယ်ဆိုတဲ့ ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း အမေရိကန်-ဗီယက်နမ်စစ်ပွဲဖြစ်တော့ သူကိုယ်တိုင်ရောသူငယ်ချင်းတွေပါစိတ်လိုလက်ရ မရိန်းတပ်ထဲဝင်ပြီး တိုက်ပွဲဝင်ပါတော့တယ်။ ဒီစစ်ပွဲအတွင်းမှာပဲ စစ်ပွဲရဲ့ခါးသီးမှုတွေကြုံခဲ့ရပြီး စိတ်ဝေဒနာလည်းရ အကြောပါသေ၊ မြုံတဲ့ဘဝ ဒုက္ခိတဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဲ့အချိန်ထိ သူ့ရဲ့ စစ်ပွဲအပေါ်အယူအဆတွေက ပြောင်းလဲမသွားသေးပါဘူး။ စစ်ဆေးရုံကဆင်း မွေးရပ်ကိုပြန်ရောက်တော့မှ အဲ့ကာလမှာ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူတွေ၊နိုင်ငံရဲ့လက်ရှိအခြေအနေတွေကိုမြင်ရကြားရပြီး မျက်စိပွင့်နားပွင့်ဖြစ်လာကာ၊ ကိုယ်ကိုယ်တိုင်ကလည်း စစ်ပွဲနဲ့ပတ်သက်ပြီး စိတ်မလုံခဲ့သူမို့... Ron Kovidတစ်ယောက် စစ်တိုက်ရတာဂုဏ်ယူတဲ့လူငယ်လေးဘဝကနေစစ်ဆန့်ကျင်ရေးသမားကြီးဘဝကို ဘယ်လိုကံကြမ္မာတွေ၊ အဖြစ်အပျက်တွေကြောင့် ရောက်လာလဲဆိုတာ ရိုက်ကူးပြသထားတဲ့ anti-war movieလေးပါပဲ။File Size :(3.3GB)(1.3GB) and (714MB) Quality : BLU-RAY 1080P5.1Ch,720p Format…mp4 Duration…02:25:00 Genre : War, Biography , Drama Subtitle : Myanmar Subtitle ...
movie

Born on the Fourth of July(1989)

Platoon (1986) 8.1
Platoon (1986) Platoon (1986)[ Dir: Oliver Stone ]IMDb - 8.1/10, Rotten Tomatoes - 87% " ငါတို့တွေဟာ တိုက်လာတဲ့ စစ်ပွဲတိုင်း နိုင်ခဲ့ကြတာချည်းပဲလေ။ ဒီတစ်ပွဲတော့ရှုံးသင့်ပါတယ် " Sergeant Elias ကနေ ညတစ်ညမှာ တပ်သားလေး Chris ကိုပြောခဲ့တဲ့စကား။Platoon ဟာ Oliver Stone ရဲ့အအောင်မြင်ဆုံးဇာတ်ကားကြီးတွေထဲကတစ်ခုပေါ့။ သူ့အတွေ့အကြုံ သူ့ခံစားချက်တွေကို ချပြခဲ့တယ်။ Vietnam စစ်ပွဲမှာ အမေရိကန်တွေစစ်ရှုံးသွားပုံတွေပေါ့။ ပိုဆိုးတာက စိတ်ဓာတ်တွေပါ ဆုံးရှုံးသွားခဲ့ရတာ။=================Chris ရဲ့အဖိုးဟာ ပထမကမ္ဘာစစ်မှာ ဝင်ကြမ်းခဲ့တဲ့ သူရဲကောင်း။ အဖေက ဒုတိယကမ္ဘာစစ်မှာ အမေရိကန်တွေအတွက် ဂုဏ်ဆောင်ပေးခဲ့တဲ့သူ။ သူကိုယ်တိုင်ကရော ဒီ Vietnam စစ်ပွဲမှာ ဘာလုပ်ပေးနိုင်မလဲ?Chris ဟာတစ်ယောက်ထဲ စာရေးနေတတ်တယ်။ စကားတွေလဲပြောတတ်တယ်။ ဘယ်ကမှန်းမသိ ရှိလဲမရှိတဲ့ သူ့အဖွားဆီကိုပေါ့။ နည်းနည်းတော့ ကြောင်တောင်တောင်နိုင်ပေမဲ့ ဒီ ဇာတ်လမ်းတစ်ခုလုံးက ...
movie

Platoon (1986)

1986