Channel Myanmar

Corteon Moore

Terror Train (2022)
Terror Train (2022) Terror Train (2022)ဒီဇာတ်ကားဟာ Terror Train (1980) ကို Remake လုပ်ထားတဲ့ဇာတ်ကားပါ။ ရိုးရှင်းတဲ့ Plot တွေကနေ ဖောက်ထွက်ချင်ရင်၊ ပြီးခါနီးထိ ရင်ခုန်ချင်ရင် ဒီဇာတ်ကားဟာ သင်တို့အတွက် Underrated ထဲမှာ ကြည့်ပျော်တဲ့ဇာတ်ကားတစ်ကားဖြစ်မှာပါ။လူငယ်ကျောင်းသားအဖွဲ့အစည်းတစ်ခုဟာ သူတို့ထဲကို အသစ်ဝင်လာတဲ့ ကျောင်းသားသစ်တွေကို Prank တွေ Challenge တွေကိုဖြတ်ကျော်ပြီးမှ ဝင်စေတာပါ။ ဒီလိုပဲ နှစ်အတော်ကြာ ဒီလိုလုပ်ရပ်တွေနဲ့ ပျော်ခဲ့ပါးခဲ့ကြတာပါပဲ။ ဒါပေမယ့် တစ်နှစ်မှာ Kenny ဆိုတဲ့ကျောင်းသားသစ်လေးတစ်ယောက်နဲ့ Alana ဆိုတဲ့ လှပတဲ့ကျောင်းသူသစ်လေးကို အဖွဲ့ထဲထည့်ဖို့ အပြောင်အပျက်တွေလုပ်ရင်းကနေ အမှားတစ်ခုကြောင့် Kenny ဟာ စိတ္တ‌ဇဆေးရုံကိုရောက်ရတဲ့အထိပါဖြစ်သွားပါတယ်။ Alana ဟာ သူ့ကြောင့် Kenny ဒီလိုဖြစ်သွားရတာကို စိတ်မကောင်းပေမယ့် အဖွဲ့ရဲ့ ဥက္ကဌ ဖြစ်တဲ့ Doc နဲ့ တခြား Senior တွေကြောင့် လက်ပိုက်ကြည့်ရုံမှအပ ...
movie

Terror Train (2022)

2022
Two Deaths of Henry Baker (2020) 5.5
Two Deaths of Henry Baker (2020) Two Deaths of Henry Baker ( 2020 ) ---------------------------------------------- ဟင်နရီဘိတ်ကာလို့ခေါ်တဲ့ နာမည်ကျော် ရာဇဝတ်သားတစ်ယောက်ရှိတယ်။ နာမည်ကြီးသလို ရန်သူလည်းများသလို သူ့ပိုင်ဆိုင်မှုတွေနောက် လိုက်နေတဲ့လူတွေလည်း မနည်းဘူး။ သူ့မှာ ဆမ်ဘတ်လို့ခေါ်တဲ့ သူနဲ့ရုပ်ချင်း ချွတ်စွပ်တူနေတဲ့ ညီတစ်ယောက်ရှိတယ်။ ဒီတော့ သူ့ရန်သူတွေဟာ သူ့ညီနဲ့သူ့ကို မှားကြတာပေါ့။ သူတို့နှစ်ယောက်ကြား ရှင်းမရတဲ့ ကိစ္စတစ်ခုဖြစ်လာသလို တစ်ယောက်နဲ့တစ်ယောက် သတ်ဖို့ဖြတ်ဖို့အထိပါ ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ တစ်ယောက်က သေပြီး တစ်ယောက်က‌ ထောင်ကျသွားခဲ့တယ်။ဒီလိုနဲ့ နှစ်အတော်ကြာပြီး သူတို့သားတွေ အရွယ်ရောက်လာခဲ့တယ်။ အဲဒီအချိန် ထောင်ကျနေတဲ့တစ်ယောက်ကလည်း လွတ်လာခဲ့ပြီ။ သူတို့ကြားက ဇာတ်ရှုပ်ဟာ သူတို့သားတွေလက်ထပ်မှာ ဘာဆက်ဖြစ်ဦးမလဲဇ ကြည့်ရမှာပါ။ ဒီရုပ်ရှင်ဟာ ရှိတ်စပီးယားရဲ့ ဗင်းနစ်မြို့ကကုန်သည်ကိုမသိမသာ အငွေ့ထည့်ထားပြီး ရှိတ်စပီးယားစာသားနဲ့အဆုံးသတ်ထားတဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ အမျိုးအစားက သည်းထိတ်ရင်ဖို မှုခင်းကားဖြစ်သလို Plot Twistတွေလည်း ပါတာမို့ စိတ်ဝင်စားစရာအတန်အသင့်ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ၊ ...
movie

Two Deaths of Henry Baker (2020)