Channel Myanmar

Courtney Cavanagh

Just for Showmance (2023) 6.6
Just for Showmance (2023)  အခုခေတ်မှာအင်တာနက်တွေကိုလူတိုင်းသုံးလာတာနဲ့အမျှ အွန်လိုင်းInfluencer ဆိုတာကလည်းအလုပ်တစ်ခုဖြစ်လာပါပြီ။ကိုယ့်ကိုယ်ကိုယ်နာမည်ကြီးသထက်ကြီးအောင်ကြိုးစားရင်း ထုတ်ကုန်တွေထုတ်ရောင်းတာစပွန်ဆာတွေကြော်ငြာပေးတာအစရှိသဖြင့်နဲ့ငွေဝင်လမ်းကြောင်းရှာဖွေရပါတယ်။အခုတင်ဆက်ပေးမဲ့ Just For Showmance ဆိုတဲ့ဇာတ်ကားထဲကတယ်ရာဆိုတဲ့ အမျိုးသမီးကလည်း Influencer တစ်ယောက်ဖြစ်ပြီးဒီနေ့မှာပဲသူ့ရဲ့ Skincare တွေကိုပွဲထုတ်ရောင်းချခဲ့ပါတယ်။အဲ့ဒီအပြင်ကိုမှသူ့မှာ တီဗီအစီအစဉ်တင်ဆက်သူဖြစ်ချင်တဲ့အိပ်မက်လည်းရှိပြီး လူရွေးပွဲတွေလည်းဝင်ရွေးခံထားပါတယ်။ဒါပေမယ့် သူက လိုအပ်သလောက်နာမည်သိပ်မကြီးတဲ့အတွက် သူ့ပစ္စည်းတွေအများကြီးမရောင်းရတဲ့အပြင် တီဗီအစီအစဉ်တင်ဆက်သူဖြစ်ဖို့လည်းရွေးချယ်မခံရပါဘူး။အဲ့ဒီအချိန်မှာပဲကံကောင်းစွာနဲ့Happily Ever After ဆိုတဲ့အစီအစဉ်တစ်ခုမှာပါဝင်ဖို့ သူ့ဆီဖုန်းဆက်လာခဲ့ပါတယ်။Happily Ever After ဆိုတာကတစ်ခါမှ မမြင်မတွေ့ဖူးတဲ့သူနှစ်ယောက်ကို လက်ထပ်ပေးတဲ့တီဗီရှိုး အစီအစဉ်တစ်ခုဖြစ်ပြီး အဲ့ဒီမှာပါဝင်ရင်နာမည်ကြီးမှာ မလို့တယ်ရာလည်း နှစ်ခါပြန်စဉ်းစားမနေပဲ လက်ခံလိုက်ပါတော့တယ်။ဒါပေမယ့် သူ့ရည်ရွယ်ချက်က နာမည်ကြီးလာဖို့ပဲဖြစ်ပြီးလက်ထပ်ဖို့ မဟုတ်တဲ့အတွက်သူနဲ့ချိတ်ပေးမဲ့ လူကိုစုံစမ်းပြီးသွားညှိနှိုင်းခဲ့ပါတော့တယ်။သူနဲ့ချိတ်ပေးမဲ့ လူကတော့ကျေးလက်မှာ နေထိုင်တဲ့ဂျိုးဆိုတဲ့မုဆိုးဖိုကလေးအဖေလူရိုးလေးဖြစ်ပြီး သမီးလေးတစ်ယောက်ရှိပါတယ်။အဲ့ဒီသမီးလေးကသွက်လက်ပြီး သူ့အဖေကိုအတင်းတိုက်တွန်းတာကြောင့်ဂျိုးလည်းလက်ခံလိုက်ရပြီး တကယ်တမ်းသူတို့ကြားမှာ သံယောဇဉ်တွေတွယ်လာကြတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကိုRomantic ဆန်ဆန်ကြည့်ရှုရမဲ့ IMDb Rating 6.9 ရရှိထားတဲ့ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။  File size…1.72 GB / 693 MB Quality…AMZN WEB-DL 1080p / 720p Format…mp4 Duration….1h 23m Genre ….. ...
movie

Just for Showmance (2023)