Channel Myanmar

Cree Kelly

The Retaliators (2021)
The Retaliators (2021) The Retaliators (2021)~ Rotten Tomatoes - 88% ~ခရစ်စမတ်ကလည်း တဖြည်းဖြည်းနီးလာလေတော့ ပြုံထွက်လာတဲ့ ချိုချိုမြမြ ခရစ်စမတ်ကားတွေကိုကြည့်ရင်း အီစိမ့်နေလောက်ကြရောပေါ့။ ဒီတော့ သွေးထွက်သံယို ခရစ်စမတ်ကားလေး တစ်ဖြတ် ကြည့်လိုက်ကြပါဦး။ဂျွန်ဘစ်ရှော့ဆိုတဲ့ သင်းအုပ်ဆရာဟာ ဆာရာနဲ့ ရေဘက္ကာအမည်ရ သမီးနှစ်ယောက်နဲ့အတူ နေထိုင်တဲ့ တစ်ခုလပ်ဖခင် တစ်ယောက်ပါ။ ခရစ်စမတ်ကာလဖြစ်လို့ သမီးကြီးဖြစ်သူ ဆာရာက ပါတီကို သွားချင်ပါတယ် ပူဆာတာကို ခွင့်ပြုမိရာကစလို့ ဒီအနိဌာရုံတွေ စတင်ပါတယ်။ဆာရာ့ကို ပါတီလွှတ်လိုက်တဲ့ညမှာပဲ သမီးဖြစ်သူဆီက စိုးရိမ်တကြီးနဲ့ လူလိုက်ခံနေရပါတယ်ဆိုပြီး ဂျွန့်ဆီကို ဖုန်းဝင်လာခဲ့ပြီး အဲဒီညမှာပဲ သင်းအုပ်ဆရာကြီးဟာ သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရပါတော့တယ်။ဒီလိုနဲ့ ဂျက်ဆိုတဲ့ စုံထောက်တစ်ယောက် ရောက်လာပြီး သမီးဖြစ်သူ ဆာရာသေဆုံးမှုဟာ သွေးရိုးသားရိုး မဟုတ်ကြောင်း သိလိုက်ချိန်မှာတော့ ဂျွန်ဟာ ဒီကိစ္စကို စုံစမ်းရင်း ထူးဆန်းတဲ့ အခြေအနေတွေနဲ့ပါ ကြုံလာရပါတော့တယ်...(ဒီဇာတ်ကားနဲ့အညွှန်းကို Act Molemy ...
movie

The Retaliators (2021)

2021
The Brawler (2018) 5.9
The Brawler (2018) ဒီတစ်ခါတော့ ကမ္ဘာမှာ အရမ်းကိုအောင်မြင်ကျော်ကြားခဲ့တဲ့Rocky ဆိုတဲ့ရုပ်ရှင်ရဲ့ မူလဇစ်မြစ်အကြောင်းကို ရိုက်ကူးထားတဲ့ကားလေးတစ်ကို တင်ဆက်ပေးချင်ပါတယ်။ချက်ခ်ဝက်ပ်နာလို့ခေါ်တဲ့လူတစ်ယောက်ဟာ ဘေယွန်မှာနေထိုင်ခဲ့ပြီးတော့ငယ်ငယ်လေးကတည်းက လက်ဝှေ့ထိုးသတ်ရတာကို ဝါသနာကြီးခဲ့တဲ့သူတစ်ယောက်ပါ။ဒီလိုနဲ့ သူ့ရဲ့ကြိုးစားမှုကြောင့် တစ်နေ့မှာတော့ လက်ဝှေ့လောကရဲ့ဘုရင်တစ်ပါးဖြစ်တဲ့ မိုဟာမက်အလီနဲ့ ထိုးသတ်ခွင့်ရတဲ့အခါမှာဘယ်လိုရလာဒ်တွေဖြစ်ပေါ်ခဲ့ပြီး သူ့ဘဝဘယ်လိုတွေ ဆက်ဖြစ်သွားမလဲဆိုတာကိုစိတ်ဝင်စားသဖွယ်ရိုက်ပြထားတဲ့The Browlerဆိုတဲ့ ဇာတ်ကားမှာ ကြည့်ရှုပြီး အားပေးလိုက်ကြပါဦးဗျာ....File Size : ( 883 MB) & ( 236 MB)Quality : Web-DL 720pRunning Time :1hr 35 minFormat : Mp4Genre : Biography , Crim , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by Tar Tee PoeEncoded by Moe Myint Lwin 
movie

The Brawler (2018)

2018