Channel Myanmar

Cris Villanueva

Barcelona: A Love Untold (2016) 6.3
Barcelona: A Love Untold (2016) KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်... ဒီဇာတ်ကားကလဲ သူတို့နှစ်ယောက်ရဲ့ တခြားဇာတ်လမ်းတွေလိုပဲ Rating တွေ ကောင်းခဲ့ပြီး နာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့...ကိစ္စတစ်ခုကြောင့် မိသားစုကိုအရှက်ရစေပြီးနောက် မီယာဟာဖခင်ဆီကချီးမွှမ်းခြင်းခံရတဲ့ သမီးတစ်ယောက်ဖြစ်ဖို့ပြန်လည်ကြိုးစားချင်တဲ့အတွက်စပိန်နိုင်ငံဘာစီလိုနာမြို့ကိုအလုပ်ရှာဖွေဖို့ စွန့်စွန့်စားစားထွက်လာခဲ့ပါတယ်....တစ်ဖက်မှာ အယ်လီဟာလည်းသူ့ရဲ့ပယောဂကြောင့် ချစ်သူသေဆုံးခဲ့ရတယ်ဆိုတဲ့နောင်တကိုရင်မှာပိုက်ပြီး ချစ်သူရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့အတွက် ကာတွန်းတွေရုပ်ရှင်တွေဖန်တီးချင်တဲ့ဝါသနာကိုစွန့်ပြီး ကမ္ဘာ့ဗိသုကာမြို့တော်ဘာစီလိုနာမှာဗိသုကာပညာလာရောက်သင်ကြားရင်းမီယာဆိုတဲ့ကောင်မလေးနဲ့နှစ်ဦးသားတွေ့ဆုံခဲ့ကြပါတယ်....မီယာဟာ တိုက်ဆိုင်စွာပဲ အယ်လီချစ်သူဟောင်းစီလင်းနဲ့ရုပ်ချင်းခွဲမရအောင်တူနေတဲ့အတွက်အယ်လီဟာ မီယာကိုဘာစီလိုနာမှာကူညီစောင့်ရှောက်ပေးရင်းချစ်ကြိုးသွယ်သွားခဲ့တဲ့ လူငယ်သဘာချစ်ခြင်းမေတ္တာတရားတွေကိုဖော်ပြထားတဲ့ကားလေးတစ်ကားဖြစ်ပါတယ်....ဒီဇာတ်လမ်းလေးမှာလူတိုင်းဟာအချစ်ခံရဖို့ထိုက်တန်ပါသလား ????ကျူးလွန်ခဲ့အပြစ်တစ်ခုကြောင့်တစ်သက်လုံးပြန်လည်ပေးဆပ်စရာလိုပါသလား ???လဲကျနေရာကနေပြန်လည်ရှင်သန်ဖို့ ဘယ်လိုခွန်အားတွေပေးခဲ့သလဲဆိုတဲ့မေးခွန်းလေးတွေကို တပြိုင်နက် အဖြေထုတ်ပေးခဲ့ပါတယ်....တကယ်ဆိုရင်တော့ ပရိတ်သတ်ကြီးအနေနဲ့ ဇာတ်ညွှန်းတောင်ဖတ်စရာမလိုပဲနာမည်ကြီးဖိလစ်ပိုင်စုံတွဲ Cathniel ပါတယ်ဆိုရုံနဲ့တင် ကြည့်ကောင်းမယ့်ဇာတ်ကားကောင်းတစ်ကားဆိုတာ သိကြမှာပဲဖြစ်ပါတယ်...(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို May Thazin Myint မှတင်ဆက်ထားပါတယ်။)Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/52  မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။File size…(2.3 GB)/(860 MB) Quality…WEB-DL AMZ (Clean Version) 1080p / 720p Format…mp4 Duration….02:11:45 Subtitle….Myanmar ...
movie

Barcelona: A Love Untold (2016)

2016
I Love You Goodbye (2009) 5.8
I Love You Goodbye (2009) I Love You, Goodbye (2009)သင်ဟာ လူ ၂ ယောက်ကို တစ်ပြိုင်နက်တည်းချစ်မိဖူးတယ်ဆိုရင်တောင် တစ်ယောက်တည်းကိုပဲ ပိုင်ဆိုင်ခွင့်ရှိတဲ့အခါ ရွေးရခက်တဲ့အဖြစ်မျိုး ကြုံခဲ့ဖူးမှာပါ။ Nobody loves me ဆိုတဲ့ FA လေးတွေအတွက်တော့ မျက်ရည် ၂ စက်ပေါ့။လစ်ဇဲလ်ဆိုတဲ့ မိဘမဲ့‌မိန်းကလေးက ချို့တဲ့တဲ့ဘဝမှာ ကြီးပြင်းလာရပေမဲ့ အချစ်ရှားနေတဲ့ ကျွန်တော်တို့လိုမဟုတ်ဘဲ သူမှသူဖြစ်နေတဲ့ ယောက်ျားနှစ်ယောက်ရှိပါတယ်။အရာရာပြီးပြည့်စုံတဲ့ Mr. Perfect Sugar daddyကြီး အေဒရီယန် ဟာ သမီးတစ်ယောက်ရှိတဲ့ မုဆိုးဖိုတစ်ယောက် အင်မတန်အောင်မြင်တဲ့ တက်လမ်းအပြည့်နဲ့နှလုံးခွဲစိတ်ဆရာဝန်တစ်ယောက်၊ မင်းတွက်ဆို ဓားတောင်ကျော်ပြီး မီးပင်လယ်ဖြတ်မဲ့ လမင်းကြီးကိုတောင် ခူးဆွတ်ပေးချင်နေတဲ့လူနဲ့နောက်တစ်ယောက်ကတော့ ဘဝသမားလေး ဂယ်ရီ၊ ၄ နှစ်တာချစ်ခဲ့ကြတဲ့ချစ်သူတွေဖြစ်ပြီး လက်ထပ်ပြီးဘဝတည်ဆောက်ဖို့တောင် ရည်ရွယ်ခဲ့ရပေမဲ့ အပျော်စီးသင်္ဘောမှာ အတူအလုပ်လုပ်ဖို့ ရည်ရွယ်ပြီးမှ လစ်ဇဲလ်ကို သစ်စိမ်းချိုးချိုးပြီး ထားပစ်ခဲ့သူ အသဲခွဲသမားလေးပေါ့။ဒါပေမဲ့ လစ်ဇဲလ်ကတော့ ဝတ္ထုထဲက ကောင်မလေးများလို အရာရာပြီးပြည့်စုံတဲ့ သကြားဖေဖေထက် အသဲခွဲသွားတဲ့ဂယ်ရီကို ပိုချစ်ပါသတဲ့။ဒါပေမဲ့ အေဒရီယန်မှာလည်း အဆင့်အတန်းကွာခြားလွန်းလို့ အမြင်မကြည်တဲ့အမေရယ်၊ အဖေကိုလုယူသွားလို့ ရန်သူလိုသဘောထားနေတဲ့ ...
movie

I Love You Goodbye (2009)

2009