Channel Myanmar

Cui Zhenzhen

Painted Skin: Love is Destroyed ( 2024 ) 5.8
Painted Skin: Love is Destroyed ( 2024 ) ဒီဇာတ်ကား‌လေးကတော့ တရုတ် ဒဏ္ဍာရီထဲက ရှေးခေတ်မြေခွေးတွေ နဂါးတွေနဲ့အတူ ခွင်းလွင်တောင်က အမတနတ်မျိုးနွယ်တွေပါဝင်ပြီး ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ -လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀ ခန့်က မိစ္ဆာဘုရင်မ‌ရဲ့သောင်းကျန်းမှုကြောင့်သက်ရှိတွေ ထိခိုက်အနာတရတွေအများကြီးဖြစ်ခဲ့ပါတယ် ။ ဒီလိုနဲ့ အဲဒီမိစ္ဆာဘုရင်မကို ဖိနှိပ်ဖို့အတွက် အရှေ့ပင်လယ်နဂါးမျိုးနွယ်စုနဲ့ခွင်းလွင်တောင်ရဲ့ အမတနတ်မျိုးနွယ်တွေပူးပေါင်းပြီး နှိမ်နင်းရတော့တာပေါ့ ။အဲဒီအချိန်မှာ မိစ္ဆာဘုရင်မရဲ့နတ်ဆိုးဝိညာဉ်ကို နဂါးမျိုးနွယ်စုရဲ့ တတိယမင်းသမီးရဲ့ကိုယ်ထဲမှာ ချိတ်ပိတ်ခဲ့ကြပါတယ် ။ ဒါပေမဲ့ မထင်မှတ်ထားဘဲ အဲဒီနတ်ဆိုးဝိညာဉ်ဟာ ပြန်ပြီးတွန်းကန်လာခဲ့ပါတယ် ။ အဲဒါကိုသိတဲ့ ခွင်းလွင်တောင်ကသခင်လေးက သူ့ကိုယ်သူစတေးပြီး တတိယမင်းသမီးလေးကိုကယ်တင်ခဲ့ပါတယ် ။အဲဒီလိုနဲ့သူလည်းသေဆုံးသွားပြီးလူ့လောကမှာလူဝင်စားသွားဖြစ်ချိန်မှာတော့... နဂါးမင်းသမီးလေးကလည်း သူ့ကိုလိုက်ရှာ ၊ နောက် နဂါးမင်းသမီးမှာရှိနေတဲ့ ချစ်ရွှမ်းဝိညာဉ်သစ်ရွက်ကိုလည်းလိုက်ရှာနေ‌တဲ့ မိစ္ဆာအုပ်စုတွေကလည်းရှိသေးပြန် ။ဒီလိုနဲ့သူတို့၂ယောက် အဲဒီမိစ္ဆာတွေကိုဘယ်လိုရင်ဆိုင်ကြမလဲ ? မိစ္ဆာဘုရင်မကရောပြန်ပေါ်လာမှာလား ? ပေါ်လာရင်ဘယ်လို ဂြိုလ်မွှေအုံးမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာစောင့်ကြည့်ပေးကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Romane , Fantasy Runtime : 1h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated ...
movie

Painted Skin: Love is Destroyed ( 2024 )

The Book and the Sword ( 2023 ) 5.9
The Book and the Sword ( 2023 ) ဒီတစ်ခေါက်တော့ CM ရဲ့ ပရိသတ်တွေအတွက် သိုင်းကွက်လှလှလေးတွေနဲ့ ကွန်ဖူးသိုင်းကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ဟုန်ဟွားအဖွဲ့ရဲ့ဌာနချုပ်ဟာ ညတွင်းချင်းဖျက်ဆီးခံခဲ့ရပြီး ဂိုဏ်းချုပ် ၄ ဝိန်ထိုက်လိုင်ဟာ ဖမ်းဆီးခံခဲ့ရပါတယ်။ ဓားသိုင်းပညာသင်ယူပြီး ပြန်လာတဲ့ ချန်ကျားလော့ဟာ ဟန်ကျိုးမှာ ကြေးစားလူသတ်သမားအများအပြားရဲ့ လုပ်ကြံခြင်းကို ခံရပြီး ပိုင်ဟွားကယ်မှအလှမယ် ယွိရူယိရဲ့ ကယ်တင်ခြင်းကို ခံခဲ့ရပါတယ်။ယွိရူယိထံမှ ချန်ကျားလော့ဟာ ဟုန်ဟွားအဖွဲ့ရဲ့ ဂိုဏ်းချုပ်အသစ်ဖြစ်သွားပြီး အရင်ခေတ်ဖူဝမ်ရဲ့ရတနာလျှို့ဝှက်ချက်ကိုသိထားကြောင်း ကောလာဟလထွက်နေတဲ့အကြောင်းကို သိခဲ့ရပါတယ်။ ချန်ကျားလော့ဟာလည်း ထိုကောလာဟလကို အသုံးချပြီး ရတနာရဲ့လျှို့ဝှက်ချက်နဲ့ ရုပ်ပြောင်းရုပ်လွှဲကျွမ်းကျင်တဲ့ ယွိရူယိနဲ့ အပေးအယူလုပ်ခဲ့ပါတယ်။သူတို့ဟာ စားရေးချန်ဆီမှ ဝိန်ထိုက်လိုင်ကို ဟန်ကျိုးရှိလျှို့ဝှက်ထောင်ထဲမှာ ဖမ်းထားကြောင်း သိခဲ့ရပါတယ်။ လျှို့ဝှက်ထောင်အပြင်မှာ ချန်ကျားလော့နဲ့ ယွိရူယိတို့ဟာ ဟုန်ဟွားအဖွဲ့မှ ကျောက်ပန့်ရှန်း၊ လော့ပင်း၊ လီဟန့်ဝိန်တို့နှင့် တွေ့ဆုံခဲ့ပါတယ်။ သူတို့ ၅ ယောက်ပူးပေါင်းပြီး ဝိန်ထိုက်လိုင်ကို ကယ်တင်ချိန်မှာ ပုန်းလျှိုးတိုက်ခိုက်ခြင်း ခံခဲ့ရပါတယ်။ဂိုဏ်းချုပ်ကြီး သေဆုံးသွားပြီးနောက် ယိုယွင်းပျက်ဆီးနေတဲ့ ဟုန်ဟွားအဖွဲ့ကြီးကို ချန်ကျားလော့တစ်ယောက် ဘယ်လိုပြန်ပေါင်းစည်းမလဲ...... ဟုန်ဟွားအဖွဲ့ထဲက သစ္စာဖောက်သူတွေကရော ဘယ်သူတွေ ဖြစ်နေမလဲ...... ဖူဝမ်ရဲ့ရတနာကိုရော ချန်ကျားလော့တို့တတွေ ရှာတွေ့နိုင်ပါ့မလား...... ဆိုတာကို CM ရဲ့ဘာသာပြန်လေးနဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , ...
movie

The Book and the Sword ( 2023 )

The Sword of Jingchu ( 2023 ) 5.9
The Sword of Jingchu ( 2023 ) တိုင်းပြည်အခြေအနေကမောက်ကမဖြစ်တဲ့အချိန် ထိန်းချုပ်နိုင်ဖို့ အာဏာတည်တဲ့ဓားရှည်တစ်ချောင်းကို ‌ ခေတ်အဆက်ဆက်ထိန်းသိမ်းလာခဲ့ကြပါတယ်။ဓားရဲ့အရှင်သခင်ဆက်ခံသူရွေးတဲ့နေရာမှာလည်း စနစ်ကျကျနဲ့သေချာရွေးတာကြောင့် ဓားရဲ့အရှင်သခင်ဖြစ်ဖို့ မလွယ်ကူတဲ့အချိန် ယွီတရုန်ဆိုတဲ့ကောင်လေးက စစ်ဆေးမှုအဆင့်ဆင့်ကို ဖြတ်ကျော်ပြီး ဓားပိုင်ရှင်အသစ်ဖြစ်လာခဲ့ပါတော့တယ်.......ဓားကိုလိုချင်နေကြတဲ့ ဓါးပြတွေနဲ့ ကျူးကျော်သူတွေကြောင့် သူတန်ဖိုးထားရတဲ့လူတွေကို ဆုံးရှုံးပြီးတဲ့နောက်..... ဒီဓားနဲ့ပတ်သက်ပြီး လူတွေအများကြီးသေကြေခဲ့ရတာတွေကို ယွီတရုန်တစ်ယောက်ဘယ်လိုဖြေရှင်းမလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှုလို့ကောင်းမယ့် ဇာတ်ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Kyawt Encoded by LK
movie

The Sword of Jingchu ( 2023 )

Mutant: Ghost War Girl ( 2022 ) 5.9
Mutant: Ghost War Girl ( 2022 ) CM Chinese ပရိသတ်ကြီးအတွက် ခေတ်လွန်သိပ္ပံ စူပါဟီးရိုးဆန်ဆန်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့...... အနာဂတ်ကမ္ဘာမှာ နည်းပညာဟာတဟုန်ထိုးတိုးတက်နေပါပြီ။ ကမ္ဘာပေါ်မှာမီဒူဆာဆိုတဲ့လျို့ဝှက်အဖွဲ့အစည်းတစ်ခုပေါ်ပေါက်လာခဲ့တယ်။ သူတို့ဟာလူသားတွေကိုတရားမဝင်ဖမ်းဆီပြီး သုတေသနခန်းမှာစမ်းသပ်ပစ္စည်းအဖြစ်အသုံးပြုပါတယ်။ဒီအမှုကိုစုံစမ်းသက်သေယူဖို့အတွက် မီဒူဆာအဖွဲ့မှာအသွင်ယူစုံစမ်းရင်း ဝမ်ချင်ချင်ဟာ စမ်းသပ်ခံလူသားအဖြစ်နဲ့ မျိုးရိုးဗီဇာပြောင်းဆေးရည်ထိုးခံရပြီး သာမန်လူတွေထပ်သာလွန်တဲ့အစွမ်းတွေနဲ့ သန္ဓေပြောင်းလူသားဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ကမ္ဘာပေါ်မှာသန္ဓေပြောင်းလူသားတွေပြန်နှံ့လာပြီး မြေအောက်တိုက်ခိုက်ရေးပြိုင်ပွဲတွေမှာအသုံးချခြင်းကိုခံရပါတော့တယ်။သန္ဓေပြောင်းလူသားတွေပြစ်မှုကျူးတာကိုတားဖို့အတွက် နိင်ငံတကာလုံခြုံရေးအဖွဲ့အစည်းတွေပူးပေါင်းပြီး ကောင်းတဲ့သန္ဓေပြောင်းလူသားနဲ့ ဆိုးသွမ်းတဲ့သန္ဓေပြောင်းလူသားတွေရဲ့ တိုက်ပွဲဟာစတင်လာပါတော့တယ်..... ဝမ်ချင်ချင် တစ်ယောက် တာဝန်ကို ဘယ်လိုပြီးမြောက်အောင်ထမ်းဆောင်မလဲ...... မီဒူဆာအဖွဲ့အစည်းကြီးကိုရောဘယ်လိုဖျက်ဆီးပစ်မလဲ...... ဆိုတာကိုမမလှလှတွေရဲ့ ဖိုက်တင်ခန်းအမိုက်စားတွေနဲ့ ဝေဝေဆာဆာကြည့်လိုက်ကြပါဦးနော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Science Fiction Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Mutant: Ghost War Girl ( 2022 )