Channel Myanmar

Cynthia Noritake

Nick of Time (1995) 6.3
Nick of Time (1995)  ဒီတစ်ခေါက်မှာ ပရိတ်သတ်ကြီးကို တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ မင်းသားကြီး Jhonny Deep ရဲ့ ၁၉၉၅ ခုနှစ်လောက်ကထွက်ရှိထားတဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ Realistic ဆန်ပြီး ကြည့်ရှူသူတွေကိုပါ "ငါသာသူ့နေရာမှာသာဆိုရင်..."ဆိုတဲ့မေးခွန်းတွေအပြည့် စိတ်ထဲမှာတွေးမိနေပြီးတော့ ခံစားကြည့်ရှူသွားရစေမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ် ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ ရထားဘူတာမှာထူးဆန်းတဲ့လူ ၂ ယောက်က ကြုံရာကျပန်းလူတစ်ယောက်ကို ရွေးချယ်နေပါတယ်။တစ်စုံတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့အတွက်ပေါ့... အဲဒီအချိန်မှာ မိန်းမနဲ့ကွာရှင်းပြတ်စဲလုနီးပါးဖြစ်နေတဲ့ မစ္စတာဝက်ဆန်တစ်ယောက် သမီးလေးလက်ကိုဆွဲပြီး ရထားဘူတာထဲကိုဝင်လာခဲ့ပါတယ်.. အဲဒီ လူရွေးချယ်နေတဲ့သူထဲက တစ်ယောက်က မစ္စတာဝက်ဆန်ကို သူတို့ပရောဂျက်နဲ့ ကိုက်ညီတဲ့သူအဖြစ် သတ်မှတ်လိုက်ပြီး သူ့သမီးလေးနဲ့ ခြိမ်းခြောက်အကြပ်ကိုင်ကာ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးကို လုပ်ကြံခိုင်းပါတော့တယ်။ ဒီတော့ "Nick of time:အဲဒီသတ်မှတ်ထားတဲ့အချိန်လေးအတွင်းမှာ လူ ၃ ယောက်ရဲ့ဘဝက ဘယ်လိုအပြောင်းအလဲတွေနဲ့ တွေ့ကြုံရမှာလဲ" ဝက်ဆန်တစ်ယောက် ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန်ချနိုင်ပါ့မလားဆိုတာကို ဒီဇာတ်လမ်းလေးမှာကြည့်ရှူခံစားရမှာပါ။File size…(2.4 GB)/(1.4 GB)/(740 Mb) Quality….Webrip 1080p ...
movie

Nick of Time (1995)