Channel Myanmar

Cyrus Arnold

Family Switch (2023) 5.7
Family Switch (2023) Family Switch (2023)အခုလို ဒီဇင်ဘာအခါသမယလေးမှာ ခွီဖို့အတွက် မိသားစုဟာသကားတစ်ကားရောက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာဆိုရင် Wednesday ထဲမှာ "Enid Sinclair" အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး Emma Myers အပြင် မူလဘူထ Elektra ဖြစ်ခဲ့တဲ့ Jennifer Garner နဲ့ The Hangovers သုံးကားထဲမှာ Stu အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Ed Helms တို့ ပါဝင်ထားတာဖြစ်တဲ့အတွက် ကြည့်ရှုသူအားလုံးကို Entertain ဖြစ်စေမှာတော့ အမှန်ပါပဲ။ ခရစ္စမတ်ရာသီအလျောက် ခရစ္စမတ်ရဲ့ မြူးမြူးကြွကြွ Vibe လေးပါဝင်ထားတဲ့အပြင် ဒီ ၂၀၂၃ ခုနှစ်မှာ Netflix က ထုတ်ထားတဲ့ Family Genre ဇာတ်ကားတွေရဲ့ အကောင်းဆုံး ဇာတ်ကားတစ်ကားဖြစ်တာမို့ ကိုယ့်ရဲ့ Must Watch စာရင်းထဲထည့်ထားသင့်ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~ဝေါလ်ကာမိသားစုဝင်တွေထဲမှာဆိုရင် အလုပ်လည်းကြိုးစား တစ်ချိန်ထဲမှာ ...
movie

Family Switch (2023)

2023
Mr. Harrigan’s Phone (2022) 6.0
Mr. Harrigan’s Phone (2022) ဒီဟော်ရာ ရုပ်ရှင်ကတော့ စာရေးဆရာ၊ဒါရိုက်တာ စတီဗန်ကင်းရဲ့ ဝတ္ထုတိုလေးတစ်ပုဒ်ကို ပြန်လည်ရိုက်ကူးထားတာပါ။ သူ့ရဲ့လက်ရာတွေက ဝတ္ထုတိုဝတ္ထုရှည်မရွေး ကျောချမ်းစရာကောင်းတာကိုသိကြမှာပါ။ သူ့ရဲ့လက်ရာတွေထဲက IT, Shinning, Pet Sematary, Green Mile, Misery, 1408, The Mist, Shawshank, Doctor Sleep, The Dark Tower, In the Tall Grass, Lisey Story, Thinner, Dolores Claiborne တို့တွေကို ကြည့်ဖူးကြတဲ့သူများမယ်ထင်ပါတယ်။ မကြည့်ဖူးသေးရင်လည်း ချန်နယ်မြန်မာမှာ တင်ပေးထားပါတယ်။ဒီရုပ်ရှင်ကတော့ နာမည်အတိုင်း မစ္စတာ ဟာရီဂန်ရဲ့ ဖုန်းအကြောင်းပါပဲ။ ဇာတ်လမ်းက တမလွန်ဘဝတွေ၊ သဘာဝလွန်တွေနဲ့ သို့လောသို့လော ကျောချမ်းစရာတွေနဲ့ ဖွဲ့စည်းထားတာမို့ အကျဉ်းပြောမပြတော့ပါဘူး။ ဘာပြီးဘာဖြစ်လာမလဲ ရင်တဖိုဖိုကြည့်လို့ရစေချင်လို့ပါ။ ဆက်ကြည့်လိုက်ပါဦး။ File size…1.1GB / 540MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr Anderson
movie

Mr. Harrigan’s Phone (2022)

2022
Diary of a Wimpy Kid (2021) 5.8
Diary of a Wimpy Kid (2021) Diary of a Wimpy Kid (2021)=====================IMDb Rating - 5.8/10Wimpy Kid ဆိုတာက ကျွန်တော့်လိုကလေးကြီးတွေနဲ့ရင်းနှီးလောက်မယ်ထင်ပါတယ်။၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၇ထိ Wimpy Kid ဇာတ်ကား(၄)ကားထွက်ခဲ့ဖူးပါတယ်။အခုချိန်မှာတော့ animated versionနဲ့ ထွက်လာပါတယ်။ဒီဇာတ်ကားလေးမှာ Gregနဲ့ Rowleyဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ကြားအဖြစ်အပျက်လေးကိုအဓိကအခြေခံ ရိုက်ကူးထားပြီးတော့ သူငယ်ချင်းအစစ်ဆိုတာဘယ်လိုဆိုတာ၊ တစ်ခါတစ်ရံသူငယ်ချင်း အချင်းချင်းကူညီရာရောက်ရင် လိမ်လိုက်တာကကောင်းပါတယ်ဆိုတာကို ပြညွှန်းထားတဲ့ဖြစ်ရပ်တွေကိုဖော်ပြထားပြီး . 90 born တွေကစလို့ ခုခေတ်လူငယ်တွေ . ကလေးတွေပါကြိုက်လောက်မယ့် ကားသစ်လေးမို့ တင်ဆက်ပေးလိုက်ပါပြီ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲ ဖြစ်ပါတယ်။) File Size -  (185MB)/(460MB)/(870 MB) Quality – WEBRIP - (HEVC small File size - 720p) / (720p) ...
movie

Diary of a Wimpy Kid (2021)

2021
8-Bit Christmas (2021) 6.8
8-Bit Christmas (2021) ခရစ်စမတ်ကာလအတွက် အခွီကားလေးတစ်ကားဖြစ်ပါတယ်သမီးဖြစ်သူက ဖုန်းဝယ်ပေးဖို့နားပူနားဆာလုပ်တာကို ခံနေရတဲ့ဂျိတ်ဒွိုင်းဟာ သူငယ်ငယ်က Nintendo ဂိမ်းစက်ကိုထုတ်ပြရင်း ဂိမ်းစက်ကိုရဖို့ ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရပုံ စွန့်စားခန်းတွေကြုံတွေ့ခဲ့ရပုံကို ပြောပြဖို့ဖြစ်လာပါတယ်။ပထမဆုံး Nintendo ခေတ်စားခါစ ၁၉၈၀ခုနှစ်နောက်ပိုင်းကာလမှာ ဂျိတ်ဒွိုင်းဟာ ဂိမ်းတစ်ခါဆော့ရဖို့ သူဌေးသားတင်မီကင်းန်ရဲ့အိမ်မှာ အတန်းဖော်တွေနဲ့အတူ တန်းစီစောင့်ရတဲ့အ​ခြေအနေပါ။ တစ်နေ့မှာ အဲ့ဒုက္ခတွေကိုမခံနိုင်တော့တဲ့အဆုံး ဂျိတ်တစ်ယောက် ကိုယ်ပိုင်ဂိမ်းစက်ဝယ်နိုင်အောင်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဂျိတ်ရဲ့မိဘတွေကို ပူဆာလို့မရတဲ့အခါ ကင်းထောက်လူငယ်ကျောင်းသားပြိုင်ပွဲမှာ ပထမဆု Nintendo ဆုချမယ်လို့ သိခဲ့ပြီး အခွင့်အရေးကိုလက်လွှတ်မခံပဲ အိမ်မက်အကောင်အထည်ဖော်ဖို့ အစီအစဥ်ချပါတော့တယ်။ခရစ်စမတ်ဇာတ်လမ်းဆိုတဲ့အတိုင်း မိသားစုနဲ့ကြည့်ဖို့အသင့်တော်ဆုံးဖြစ်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့သင်ခန်းစာတွေပါတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ငယ်ငယ်ကကြုံခဲ့ရတာတွေ ပြန်မြင်ယောင်ပြီး ခွီစေရမှာဖြစ်တဲ့အပြင် Nintendo ပရိတ်သတ်ဆိုရင် ပိုပြီးတောင်ကြည့်သင့်ပါတယ်လို့ ပြောလိုက်ပါရစေ။ File size…(1.8 GB) / (900 Mb) Quality….Webrip 1080p / 720p  Format…mp4 Duration….01:37:00 Genre...Comedy, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein  
movie

8-Bit Christmas (2021)

Runt (2021) 6.2
Runt (2021)  လူ့အသိုင်းအဝိုင်းမှာ ဘောင်မဝင်တဲ့ခံစားချက်၊ သက်တူရွယ်တူတွေကြားမှာ အဖက်လုပ်ခြင်းမခံရတဲ့ ခံစားချက်ဆိုတာ လူတိုင်းမှာ အနည်းနဲ့အများတော့ ရှိတတ်ပါတယ်ဒီဇာတ်ကားကတော့ ကျောင်းရဲ့အပယ်ခံလိုဖြစ်နေတဲ့ ကျောင်းသားတွေရဲ့အကြောင်းပါ ဖခင်ဆုံးပါးပြီး မိခင်ရဲ့ဝင်ငွေတစ်ခုထဲနဲ့ ကျားကန်နေရတဲ့ ပညာရေးမှာထူးချွန်သူ"ကယ်ဗင်" မိဘတွေက ဆေးသမားဖြစ်နေလို့ ငယ်စဉ်ကတည်းက စောင့်ရှောက်ရေးဂေဟာတွေမှာ ကြီးပျင်းလာခဲ့ရသူ "ဆက်စလီ"ဘယ်သူမှအပေါင်းအသင်းမလုပ်ချင်ကြတဲ့ သူတို့၂ဦးဟာ ဘဝချင်းတူတော့ ရင်းနှီးလာကြတယ်၊ ခင်မင်လာကြတယ် ထိုမှတဆင့် မေတ္တာမျှလာကြတယ် ဒါပေမဲ့ မိန်းကလေးက လက်ရောက်စော်ကားခြင်း ခံရတယ်၊ ယောကျာ်းလေးက ကျောင်းလူမိုက်တွေ နှိပ်စက်တာကို အလူးအလဲခံရတယ် ဒါပေမဲ့ သူတို့ဘက်မှာ ရပ်တည်မဲ့သူဆိုတာ မရှိပါဘူး မျက်နှာမွဲ၊ငွေမွဲတဲ့သူတို့အတွက် ကျောင်းဆိုတာငရဲပါပဲဒါပေမဲ့ လူဆိုတာခံနိုင်ရည်ရှိတဲ့အတိုင်းအတာဆိုတာ ရှိကြစမြဲပဲလေ နည်းမျိုးစုံနဲ့ဖိနှိပ်ခံရပြီး သည်းမခံနိုင်တဲ့ အဆုံး သူတို့အစွမ်းကုန်ပေါက်ကွဲပါတော့တယ် အဲ့ဒီ ပေါက်ကွဲမှုကို ဒီဇာတ်ကားထဲမှာ လှလှပပနဲ့ တစ်ဆင့်ချင်း ခံစားနိုင်အောင် ရိုက်ကူးပြထားတယ် ဘာကြောင့်များ ဒီလောက်ထိ ပြောင်းလဲသွားရတာလဲ ဘယ်လိုကြောင့်များ ဒီလိုလုပ်ရက်တာလဲဆိုတာ ကြည့်နေရင်းနဲ့ အတွေးထဲကို အလိုလိုဝင်လာအောင် ရိုက်ကူးပြထားပါတယ် Western countryတွေရဲ့ High school lifeကိုရိုက်တိုင်း သူတို့ရဲ့Socailကျမှု၊ လွတ်လပ်မှု၊ ပါတီပွဲတွေနဲ့ အချိန်ပြည့် ...
movie

Runt (2021)

Run Hide Fight (2020) 7.0
Run Hide Fight (2020) Run Hide Fight (2020)==================IMDb Rating - 7.၀/10 ဒီတစ်ခါတော့ CM ပရိသတ်တွေအကြိုက်တွေ့စေမယ့် action and thriller ဇာတ်လမ်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေ။ ဇီုအီဟာ အသက် ၁၇ နှစ်အရွယ် ကောင်မလေးတစ်ယောက််ဖြစ်ပြီး အများနဲ့မတူဘောက်ဆတ်ဆတ်နိုင်တဲ့သူပါ။ သူနဲ့ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း လူး၀စ်ဆိုတဲ့ ကောင်လေးတို့ဟာ ဗာနွန်အထက်ကျောင်းက ကျောင်းသားတွေပဲဖြစ်ကြပါတယ်။အမေရိကန်အထက်ကျောင်းတွေရဲ့ သဘာ၀ ကပွဲတို့ ပျော်ပွဲရွှင်ပွဲတို့ စတဲ့အထိမ်းအမှတ်ပွဲတွေ မကြာခဏကျင်းပတာဟာသဘာ၀ပါပဲ ။ ဒီလို event တွေထဲမှာ Senior Prank ဆိုတဲ့ အစီအစဉ်လေးအပါအ၀င်ပါပဲ။Senior Prank Day မှာ ကျောင်းသားတွေအားလုံး ဆရာဆရာမတွေအပါအ၀င် တစ်ယောက်နဲ့တစ်ယောက်စကြနောက်ကြပါတယ်။ဥပမာ- စာသင်ခန်းတစ်ခန်းလုံး ပူပေါင်းတွေအပြည့် ထည့်ခဲ့တာမျိုးပေါ့။ဒါပေမယ့် ဒီဇာတ်လမ်းထဲက ဗာနွန်အထက်တန်းကျောင်းသားတွေရဲ့ Prank Day ကတော့ ပျော်စရာမကောင်းခဲ့ပါဘူး။ စနောက်ကြတဲ့ နေ့ကို အသုံးချပြီး ဆိုးသွမ်းတဲ့ ကျောင်းသားတစ်စုက ကျောင်းကန်တင်းကို ...
movie

Run Hide Fight (2020)

2020