Channel Myanmar

Daire McMahon

Arcadian (2024) 5.9
Arcadian (2024)  နစ်ကလက်ကေ့ ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဒီကားလည်း ပေါကားမဟုတ်ပါဘူး။ သူ့ကားတွေက အခုနောက်ပိုင်း နည်းနည်းချင်း ပြန်ကောင်းလာတာတော့ တွေ့နေရပါပြီ။ IT ရုပ်ရှင်ထဲက မင်းသား Jaeden Martell က နစ်ရဲ့ သားအဖြစ်ပါဝင်ထားပါတယ်။ အက်ရှင် ဟော်ရာ အမျိုးအစားပါပဲ။ဇာတ်လမ်းအကျဉ်းဒီရုပ်ရှင်ကလည်း ကမ္ဘာပျက်ပြီးနောက်ပိုင်း အခြေအနေကို တည်ထားတာပါပဲ။ ကမ္ဘာဘာလို့ပျက်လဲ မပြဘဲ အသက်ရှင်ကျန်ခဲ့တဲ့လူတစ်စု ဆက်အသက်ရှင်ဖို့ ကြိုးစားပုံကိုပြတဲ့အမျိုးအစားပါပဲ။ နစ်ဟာ သားနှစ်ယောက်နဲ့အတူ အိမ်တစ်လုံးမှာနေတယ်။ လူနည်းစုလေးတွေဟာ ကိုယ့်မိသားစုနဲ့ကိုယ့်ခြံနဲ့ကိုယ် အသက်ရှင်ဖို့ ကြိုးစားနေကြတာပါ။ သူတို့အတွက် အန္တရာယ်ကတော့ ညတိုင်း အိမ်တွေထဲကို အတင်းဝင်ဖို့ ကြိုးစားတဲ့ သတ္တဝါကြီးတွေပါပဲ။ မှောင်တာနဲ့ ကိုယ့်အိမ်ကိုယ် အချိန်မီပြန်ပြီး အိမ်ကို အမြဲလုံနေအောင် နေကြရတာပါ။ ဒါပေမဲ့ နစ်ရဲ့ သားအကြီးကောင်က အခြားခြံက ကောင်မလေးကို ဖွန်အကြောင်လွန်ပြီး ညဘက်နောက်ကျသွားတဲ့အခါ လမ်းမှာပိတ်မိသွားပါတယ်။ ဒါကို နစ်က လိုက်ကယ်ဖို့ကြိုးစားရင်း ...
movie

Arcadian (2024)

Cult Killer (2024)
Cult Killer (2024) Cult Killer (2024)မင်းသားကြီး Antonio Banderas ပါဝင်သရုပ်ဆောင်ထားတဲ့ စုံထောက်ဇာတ်ကားလေးပါ။ မင်းသမီးချော Alice Eve က အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်ထားပါတယ်။ဇာတ်လမ်းက ခပ်အေးအေးပါပဲ။ စုံထောက်ကားအစစ်ပီသတာပေါ့ဗျာ။လူချမ်းသာတစ်ယောက် သတ်ခံလိုက်ရတယ်။ ဒါပေမဲ့ သူဌေးတွေက အဲဒီအမှုကို ဆက်မလိုက်စေချင်ကြဘူး။ ဒါပေမဲ့ စုံထောက်တစ်ယောက်ကတော့ အဲဒီအမှုကို အလေးအနက်ထားပြီး လိုက်ဖို့လုပ်တယ်။ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ကို ငွေနဲ့ပေါက်ထုတ်လိုက်ပြီး သူ့ရဲ့အထက်လူကြီးတွေကို အမှုပိတ်ဖို့ ဖိအားပေးခိုင်းနေပေမဲ့ စုံထောက်က သူ့အသိ အလွတ်စုံထောက်တစ်ယောက်နဲ့ ပူးပေါင်းပြီး အမှုကိုဖော်ဖို့လုပ်တယ်။ အမှုကို ကိုင်ဖို့ ဆုံးဖြတ်ပြီး စစုံစမ်းတော့မယ့် အချိန်မှာပဲ အလွတ်စုံထောက်က အသတ်ခံလိုက်ရပါတယ်။ အလွတ်စုံထောက်ရဲ့ တပည့်မလေးက သူ့ဆရာကို သတ်သွားတဲ့ လူသတ်သမားကိုရှာရှင်း သူတို့လိုက်နေတဲ့ အမှုက အများကြီး ပိုရှုပ်ထွေးတဲ့အပိုင်းတွေ ပါလာတာကိုသိလိုက်ရပါတော့တယ်။စိတ်ဒဏ်ရာတွေရခဲ့ပေမဲ့ ဆရာကောင်းနဲ့တွေ့ပြီး စုံထောက်ဖြစ်လာတဲ့ စုံထောက်မလေးနဲ့ မကောင်းဆိုးရွားတွေနဲ့တွေ့ခဲ့ပြီး လက်စားချေဖို့လုပ်ရင်း မကောင်းဆိုးရွားဖြစ်လာတဲ့ ကောင်မလေးတစ်ယောက် သူတို့တွေ ...
movie

Cult Killer (2024)

2024