Channel Myanmar

Daksha Nagarkar

Ravanasura (2023) 6.3
Ravanasura (2023) Ravanasura 2023 အသစ်ထွက်ရှိထားတဲ့ တေလဂူးမှုခင်းကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb 6.4 အထိရရှိထားပြီး ရုံ၀င်ငွေလည်း ၂၁ကုဋေအထိအမြတ်ရထားပါတယ်။ သရုပ်ဆောင်အနေနဲ့ တေလဂူးဝါရင့်ရုပ်ရှင်မင်းသားရာဗီကရှေ့နေအဖြစ်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကောလိပ်တက်တုန်းက ရည်းစားဟောင်းရဲ့လက်အောက်မှာ အလုပ်၀င်လုပ်နေရပြီး အငယ်တန်းရှေ့နေရာထူးနဲ့ ရုန်းကန်နေရရှာတဲ့ ရှေ့နေလေးရာဗင်ဒရာ၊ ငွေရပေါက်မြင်တာနဲ့ ဘာမဆိုလုပ်ဖို့ အမြဲအဆင်သင့်ဖြစ်နေတဲ့သူ၊ အများကလက်ရှောင်နေပါတယ်ဆိုတဲ့အမှုတောင် သူကခေါင်းမာပြီးအမှု၀င်ကိုင်တဲ့သူမျိုးပေါ့။တစ်နေ့မှာ ချမ်းသာတဲ့လုပ်ငန်းရှင်ကြီးတစ်ယောက် လူသတ်မှုနဲ့စွပ်စွဲခံရပြီး သမီးဖြစ်သူက အဖေ့ကိုထောင်ကထုတ်ဖို့ ဘာမဆိုပေးမယ်လုပ်နေတဲ့ချိန်မှာ ရာဗင်ဒရာတစ်ယောက် သမီးဖြစ်သူကိုလည်းသဘောကျ၊ ‌ငွေကိုလည်းသဘောကျနဲ့ အရှေ့နောက်မစဉ်းစားဘဲ တာ၀န်ယူလိုက်တယ်။အမှုဟာ သူထင်ထားသလို မရိုးရှင်းနေတဲ့အခါ ငွေမက်တဲ့သူတစ်ယောက် ကျိုးကြောင်းဆီလျော်အောင်စဉ်းစားနိုင်ပါဦးမလား၊ လူသတ်မှုကို သူဖော်ထုတ်သွားနိုင်မှာလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ မှုခင်းစုံထောက်၊အက်ရှင်ကား ဖြစ်လို့ ကိုယ်တိုင်ပဲစုံထောက်လုပ်ပြီး အဖြေရှာကြည့်ရအောင်ပါ.... File size…2.85GB /1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 21m Subtitle….Myanmar  Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Nyein ~ Cherry
movie

Ravanasura (2023)

2023
Zombie Reddy (2021) 6.9
Zombie Reddy (2021) Zoombie Reddy (2021)အိန္ဒိယ ဇွန်ဘီကားတဲ့ဗျ။ သည်းထိတ်ရင်ဖို Thriller တွေလူကြိုက်များလာတဲ့နောက်ပိုင်းမှာ အိန္ဒိယကလည်း လူကြိုက်များတဲ့genre တစ်ခုကို ထိုးဖောက်ဖို့ ကြိုးစားလာတဲ့ပုံပဲဗျ။ ဒါပေမယ့် ဒီရုပ်ရှင်ကတော့ဟာသဘက်ကို နှောပြီး ရီရီမောမောကြည့်ရမယ့် ပုံစံမျိုးပါ။မာရီယိုဆိုတဲ့ ဂိမ်းတွေရေးတဲ့ programmer တစ်ယောက်က သူထွင်ထားတဲ့ဂိမ်းပေါက်ခါနီးမှ error တက်တယ်ပေါ့ဗျာ။ ဒီတော့ ကုဒ်ရေးတဲ့ ဘော်ဒါကြီးကလည်းနှစ်ချို့ တစ်ကိုယ်တည်းသမားကြီး။ ကံကောင်းချင်တော့ ရည်းစားရပြီးချက်ချင်းမင်္ဂလာဆောင်ဖို့ ရာရ်လာဆီမာဆိုတဲ့မြို့ကို ရောက်နေတာပေါ့။ရာရ်လာဆီမာဆိုတဲ့မြို့က ဂိုဏ်းကြီးတွေ ကြီးစိုးပြီးမင်းမူနေတဲ့မြို့ဗျ။ဒီတော့ မာရီယိုတို့အုပ်စု မင်္ဂလာဆောင်သွားရင်း ဂိုဏ်းနှစ်ဂိုဏ်းရန်ပွဲကြားကမြေစာပင်ဖြစ်တော့တာပေါ့။ အဲဒီအပြင် အိန္ဒိယမှာ ကိုရိုနာကပ်ဘေးလည်းဖြစ်နေတဲ့ကာလ။ စိတ်ရူးပေါက်နေတဲ့ ဆရာဝန်အဖိုးတစ်ယောက်ကကိုဗစ်ကာကွယ်ဆေး ဖော်ရင်း ကျရှုံးပြီး ဆေးရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ဇွန်ဘီတွေကို မွေးထုတ်မိကုန်တော့ပေါ့။အဲဒီနောက်မှာတော့ ရာရ်လာဆီမာဆိုတဲ့မြို့မှာ ဖရိုဖရဲတွေဖြစ်၊ ဇွန်ဘီတွေကတစ်မျိုး၊လူမိုက်တွေတစ်မျိုး ယောက်ယက်ကိုခတ်ပြီး အကုန်အလွဲလွဲအချော်ချော်တွေပေါ့။ပေါ့ပေါ့ပါးပါးနဲ့ ရီရတဲ့ပုံစံမျိုးမို့ ခဏတာအပန်းဖြေဖို့ မဆိုးလှတဲ့ဇာတ်ကားလို့ညွှန်းရင်းChannel Myanmar မှာ လာရောက်ကြည့်ရှူဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ။  File size…4GB / 1.4Gb ...
movie

Zombie Reddy (2021)

2021
Bangarraju (2022) 7.0
Bangarraju (2022) Bangarraju (2022)IMDb -7.1/10ဇာတ်လမ်းအကျဉ်း _ အရှင်ရှီဝဘုရားကျောင်းရဲ့ မြေအောက်ဘက်မှာတန်ဖိုးမဖြတ်နိုင်တဲ့ရတနာတွေရှိနေကြောင်းသိရှိသွားတဲ့ လူရမ်းကားတစ်စုဟာဒီရတနာတွေကိုသိမ်းပိုက်ဖို့ အကြံမျိုးစုံထုတ်နေပါတယ်....ဘန်ဂါရာဂျူးနဲ့ နာဂါ့လက်ချမီးတို့နှစ်ယောက်ကတော့ကံကြမ္မာဇာတာခွင်အရအရှင်ရှီဝနဲ့ ပါဗသီတို့ရဲ့ဇာတာခွင်နဲ့ကိုက်ညီစွာမွေးဖွားလာခဲ့သူတွေပါသူတို့နှစ်ယောက်သာ ယူဖြစ်သွားရင် ကောင်းချီးတွေပဲပေါကြွယ်ဝမယ်ပေါ့ဒါပေမယ့် မယူခင်အထိမှာတော့ များစွာတဲ့ ဘေးအန္တရာယ်တွေကိုကျော်ဖြတ်ရမယ့်ဇာတာကလည်းရှိနေပါတယ်ဘန်ဂါရာဂျူးကိုမွေးပြီးပြီးချင်းမှာပဲ မိခင်ဖြစ်သူသေဆုံးသွားခဲ့ပြီးအဖေဟာလည်း ဒီဖြစ်ရပ်ကိုမေ့ပစ်ဖို့အမေရိကန်ကိုထွက်သွားပါတော့တယ်သိပ်မကြာခင်မှာပဲ အဖွားဖြစ်သူပါဆုံးပါးသွားတာကြောင့်ဘုရားသခင်ဆိုတာကိုအယုံအကြည်မရှိတော့တဲ့ရာဂျူးနဲ့...နာဂါ့လက်ချမီးကတော့ အရာရာမှာဉီးဆောင်နိုင်စွမ်းရှိတဲ့မိန်းကလေးတစ်ယောက်ပါရွာသူကြီးလုပ်မယ်ဆိုပြီးရွာကိုတက်အုပ်ချုပ်နေတော့ မတည့်အတူနေ ရာဂျူးတစ်ယောက်နောက်ကွယ်ကနေလိုက်စောင့်ရှောက်ရပါတော့တယ်ဒီလိုနဲ့ ဘုရားပစ္စည်းခိုးဖို့ကြံနေတဲ့လူမိုက်တွေနဲ့ သူတို့နှစ်ယောက်တွေ့ဆုံကြတဲ့အခါမှာတော့ ရာဂျူးတစ်ယောက်ဘယ်လိုအန္တရာယ်အခက်အခဲတွေနဲ့ရင်ဆိုင်ရပြီး ကာကွယ်သွားရမလဲဆိုတာစိတ်ဝင်တစားကြည့်ရှုရမှာဖြစ်တာကြောင့် အိန္ဒိယဇာတ်ကားကောင်းရှာဖွေနေသူတွေအဖို့ဇာတ်လမ်းကောင်းတစ်ပုဒ်ကိုလက်မလွှတ်တမ်းကြည့်ရှုနိုင်ဖို့တင်ဆက်ပေးလိုက်ရပါတယ်ရှင်(အညွှန်းရေးသားသူက Yunni ဖြစ်ပြီး ဘာသာပြန်တွေကတော့ Yunni & Go-O & Allena &  Haruko)ပဲဖြစ်ပါတယ်  File size…1.6GB / 3.2GB Quality…720p AAC 2.0CH  /  1080p AAC 2.0CH Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Go-O & Allena &  Haruko
movie

Bangarraju (2022)

2022